
ငါးကင်ကတော့တော်တော်များများစားဖူးကြပေမယ့် အခုနောက်ပိုင်း လူငယ်တွေကြားမှာရေပန်းစားလာတဲ့အစားစာကတော့ မာလာအကင်သုပ်ပဲဖြစ်ပါတယ်...
မာလာရှမ်းကောတို့ မာလာ တုတ်ထိုးတို့ခေတ်စားလာတဲ့ အချိန်မှာ မာလာအကင်သုပ်ကလည်း လူငယ်ကြားမှာခေတ်စားလာခဲ့ပါတယ်နော်...
အရမ်းလွယ်ပြီး စားလို့ကောင်းတဲ့မာလာအကင်သုပ်ကို အပြင်မှာ ဝယ်မစားချင်ဘူး...အိမ်မှာပဲအားရပါးရလုပ်စားချင်ပါတယ်ဆိုရင်တော့ ဒီနေ့မှာလွယ်ကူရိုးရှင်းတဲ့နီးလေးဝေမျှပေးပါမယ်နော် ...
ပါဝင်ပစ္စည်းများ
_ အသားလုံးများ
_ငရုတ်ကောင်းမှုန့်
_ မာလာအနှစ်ထုတ်၊ငရုတ်သီးဟင်းချက်မှုန့်၊ အရသာမှုန့် ၊ ဆီ
_နံနံပင် ၊နှမ်း ၊ မနောနိစ်
ပြုလုပ်ပုံအဆင့်ဆင့်
(၁) အသားလုံးများကို ရေသေချာဆေးပြီးလိုချင်သလောက်လှီးဖြတ်ကာ ဆူပူပူထဲမှာ ကြော်ပါ
(၂) အသားလုံးများကျက်လာတဲ့အခါ ဇလုံထဲကိုထည့်ပြီးမာလာအနှစ်အနည်းငယ်၊ အရသာမှုန့်အနည်းငယ်၊ ငရုတ်ကောင်းမှုန့်အနည်းငယ်ထည့်ပြီး နှံ့အောင်သမပေးပါ....
ပြီးရင်အပေါ်ကနေ ရှမ်းနံနံ (သို့)နံနံပင်လေးကိုဖြူးလိုက်ပါ... နှမ်းအနည်းငယ်ဖြူးပါ၊ မရောနိစ် ထည့်ပါ
ဒါဆိုရင်တော့အရမ်းကိုစားလို့ကောင်းပြီး လုပ်ရတာလွယ်ကူတဲ့ မာလာ အကင်သုပ်လေးကိုရရှိပါပြီ...အကင်သုပ်မလို့ ကင်စရာမလိုပါဘူးနော်...အကင်အသားချောင်းတွေနဲ့ လုပ်ရတာမလို့အကင်သုပ်လို့ခေါ်ကြတာပဲဖြစ်ပါတယ်...
ကဲ အိမ်မှာများများစားရအောင်လုပ်စားကြည့်ကြပါဦးနော်...