
ကြက်ဆီထမင်းမွှေးမွှေးလေးလို့ပြောလိုက်တာနဲ့ဗိုက်ဆာနေကြပြီဟုတ်… ဒန်ပေါက်တို့ ထောပတ်ထမင်းတို့လိုပဲ ပွဲလမ်းသဘင်မှာ နေရာယူထားခြင်းခံရတဲ့ကြက်ဆီထမင်း ကို မကြိုက်တဲ့သူ မရှိသလောက်ပါပဲနော်…
ဆိုတော့ဒီနေ့ဆိုင်ကြီးတွေမှာ ပဲဝယ်စားလေ့ရှိတဲ့ ကြက်ဆီထမင်းကို ကိုယ့်အိမ်ကမိသားစုနဲ့အတူ အဝစားလို့ရအောင်အိမ်မှာချက်ရမယ့်နည်းလေးပြောပြပေးပါမယ်…
လွယ်ကူရိုးရှင်းပြီးချက်နေကြထမင်းပေါင်းအိုးနဲ့ပဲ ချက်လို့ရတဲ့ နည်းလမ်းလေးမလို့ အတူတူ လိုက်ချက်ကြည့်ကြဦးနော်…

ပါဝင်ပစ္စည်းများ
ကြက်သားပေါင်(သို့)ရင်ဖုံ (မိမိကြိုက်နှစ်သက်ရာ) ၊ ကြက်သားအရေခွံ ၁ဆယ်သား၊ ကြက်သွန်ဖြူ၊ အရသာမှုန့် ၊ဆား အနည်းငယ် ၊ ငံပြာရည်းအနည်းငယ်၊ ထမင်း ၊ ရေအနည်းငယ် ၊ နံနံပင်၊ ယိုးဒယားငံပြာရည်၊ ဂျင်း၊ သကြားအနည်းငယ်
ပြုလုပ်ပုံအဆင့်ဆင့်

(၁) အဓိကအစာပလာ ကြက်ပေါင်နဲ့ကြက်အရေခွံကိုသုံးပြီးချက်ရမှာဖြစ်ပါတယ်ကြက်ပေါင်ကိုအရိုးထုတ်ထားလိုက်ပြီး အရိုးကိုဟင်းရည်လေးလုပ်ဖို့ ပြုတ်လိုက်ပါ။အသားက ထမင်းနဲ့တွဲစားဖို့ဖြစ်ပြီးအရေခွံကတော့ ကြက်ဆီထမင်းချက်ဖို့ပါနော်
(၂) အရင်ဆုံး ကြက်ပေါင်ကိုနပ်ပါမယ်ဂျင်းနုနုတစ်ဆစ်ကို ညက်နေအောင်စင်းပြီးထည့်ပေးလိုက်ပါဂျင်းနုနုမရှိဘူးဆိုရင် ဂျင်းကိုညက်ေအာင်ထောင်း၊အရည်ညစ်ထည့်ပြီး နပ်ေပးနိုင်ပါတယ်ဆားနဲ့ အရသာမှုန့်တို့ကိုလဲထည့်ပေးပြီး အနည်းဆုံးတစ်နာရီလောက် နပ်ထားပေးလိုက်ပါဆားကို ပုံမှန်ထည့်တာထက် အနည်းငယ်ပိုထည့်ပေးပါကြက်သားကိုအရသာဝင်အောင် သေချာနှပ်ပြီးနယ်ပြီး မှ ထမင်းထဲထည့်ချက်လို့ရပါမယ်

(၃) အသားနပ်ထားပြီဆိုရင်အရေခွံနဲ့ ကြက်ဆီလုပ်ပါမယ်အိုးထဲကို ဆီအနည်းငယ်ထည့်၊ ကြက်အရေခွံထည့်၊ ကြက်သွန်ဖြူအနည်းငယ်ကိုလဲ ဓားပြားရိုက်ပြီးထည့်ပေးလိုက်ပါ။ပြီးရင်မီးအေးလေးနဲ့စကြော်ပေးလိုက်ပါမယ်နော်…

(၄) မီးအေးလေးနဲ့ အရေခွံရယ် ကြက်သွန်ဖြူရယ်ကို အရောင်ပြောင်းလာတဲ့အထိ ဖြေးဖြေးကြော်ပေးလိုက်ပါကြက်ဆီမွှေးမွှေးလေးရပါပြီကြော်ချိန် မီးကြီးလို့မရပါဘူးမတူးအောင်သတိထားပြီးကြော်ပေးရပါမယ်တူးသွားရင်တော့ အနံ့မွှေးတာပျောက်သွားပါတယ်နော်
(၅) အသားနပ်ချိန်ပြည့်ပြီဆိုရင် စချက်လို့ရပါပြီဆန်ကိုနို့ဆီဘူး 2ဘူးစာချက်ပါမယ်အဝစားပွဲကြီး 6ပွဲစာလောက်ထွက်ပါတယ်ချက်မဲ့ပေါင်းအိုးထဲ ဆန်ထည့်၊ဆားနဲ့အရသာမှုန့်ကိုလဲထည့်ပေးလိုက်ပါရေကိုလဲ ပုံမှန်ထမင်းချက်သလိုပဲထည့်ပေးပါရေထည့်ပြီးရင် ဆားသမသွားေအာင် လက်လေးနဲ့နည်းနည်းမွေပေးလိုက်ပါမယ်ပြီးရင် ကြက်ဆီ 2ဇွန်း(ထမင်းစားဇွန်း)ကိုလဲထည့်ပေးလိုက်ပါ
(၆) ကြက်ဆီထည့်ပြီးရင် နပ်ထားတဲ့ကြက်ပေါင်ကိုလဲထည့်ပေးလိုက်ပါမယ်(ပုံထဲကအတိုင်း)ပြီးရင်ခလုတ်နိုပ်ပြီးချက်ပေးလိုက်ရုံပါပဲ

(၇) ပြီးရင်တော့ ထမင်းပေါင်းအိုးထဲက ကြက်ပေါင်ကို ထုတ်ပြီး ထမင်းကိုသမအောင်ဖွဖွလေးနယ်လိုက်ပါ။
(၈) ဒါဆိုရင်တော့ အရမ်းကို အရသာရှိပြီးစားလို့ကောင်းတဲ့ကြက်ဆီထမင်းလေးရပါပြီနော်
(၉) အချဉ်လုပ်ဖို့အတွက် ယိုးဒယားငံပြာရည်အကြည်နှစ်ဇွန်း၊ ရေနွေးအနည်းငယ်၊ကြက်သွန်ဖြူ၊ နံနံပင်၊ သကြားအနည်းငယ်၊ အရသာမှုန့်အနည်းငယ် ထည့်ကာ ရှာလကာရည်တစ်ဇွန်းထည့်ပါ။
အရသာအနေတော်ဆိုရင်စားလို့ရပါပြီနော်
ထမင်းပူပူ ကြက်သားအိအိလေးကိုမှ အရိုးပြုတ်ဟင်းချိုလေးသောက်ပြီး အချဉ်ကောင်းကောင်းလေးနဲ့ကြက်ဆီထမင်းလေးကိုမိသားစုနဲ့အတူ စားလို့ရအောင်အခုပဲလုပ်စားကြည့်လိုက်တော့နော်