
ပုစွန်ကင်မွှေးမွှေးလေးလို့ပြောလိုက်တာနဲ့မကြိုက်တဲ့သူ မရှိသလောက် သွားရည်ယိုရတဲ့ဟင်းပွဲတစ်ခုပါ။ ဟင်းအနေနဲ့စားလို့ကောင်းသလိုဘီယာလေးတစ်ကျိုက်မော့ပြီး မြည်းလိုက်ရရင်ဖြင့် သိပ်ကို အရသာရှိတဲ့ အစားစာတစ်ခုဆိုလည်းမမှားပါဘူး။

ပုစွန်မကြိုက်ရင်လူမိုက်လို့တောင်တင်စားရလောက်တဲ့ ထိ ကောင်းတဲ့ ပုစွန်ထုတ်ကို အီစိမ့်နေအောင် ချိတ်စ်နဲ့ မီးဖုတ်ပြီးစားလိုက်ရရင်ဖြင့်အာဂပါးစပ်လူဖြစ်ရကျိုးနပ်ချည်ရဲ့နော်…
ဆိုတော့အိမ်မှာ လွယ်လွယ်ကူကူလုပ်လို့ရပြီးအရမ်းကြီး လုပ်ရမခက်တဲ့ အရသာရှိရှိ ချိတ်စ် ပုစွန်ဖုတ်နည်းလေးကိုဒီနေ့မှာပြောပြသွားပါမယ်… အရမ်းစားလို့ကောင်းပြီး အီစိမ့်နေမှာမလို့ အတူတူလိုက်လုပ်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ

ပုစွန်ထုတ်အကြီးစား(ရေချိုပုစွန်ထုတ်) ၊ အရသာမှုန့်၊ ငရုတ်ကောင်း၊ mozzarella cheese
ပြုလုပ်ပုံအဆင့်ဆင့်
(၁)ပုစွန်များကိုရေသေချာဆေးကြောပြီး ချီးစင်အောင်လုပ်ထားပါ။ သေချာဆေးကြောပြီးရင် အလည်ကနေခွဲထားလိုက်ပါ။

(၂)အလည်ကနေခွဲထားတဲ့ပုစွန်ပေါ်ကို အရသာမှုန့်အနည်းငယ်၊ ငရုတ်ကောင်းအနည်းငယ် ဖြူးထားပေးပါ။
(၃)မီးသွေးမီးဖိုရှိပါက မီးမွှေးထားပါ။ မရှိပါက အကင်စက်ဖြင့်ကင်လို့ရပါတယ်။
(၄)မီးဖိုပေါ်ကို ပုစွန်ရင်ခွဲထားသည်များတင်ပါ( အခွံနဲ့ကင်ပါ အဲ့တာမှပိုပြီးမွှေးပါတယ်နော်)
(၅)အမျှင်တန်းတန်းလေးနဲ့အီစိမ့်နေအောင် mozzarella cheese ကို ပုစွန်ပေါ်ကနေ ဖြူးချလိုက်ပါ။
ဒါဆိုရင်တော့ သိပ်ကိုအရသာရှိပြီးစားလို့ကောင်းတဲ့ ပုစွန်ချိတ်စ်ကင်လေးရပါပြီနော်
အရမ်းကိုအရသာရှိပြီး အိမ်မှာဆိုရင်အများကြီး နဲ့တန်အောင်စားရတာမလို့ လုပ်စားကြဦးနော်