ကြက်သည်းကြက်မြစ် ဆီပြန်ဟင်းလေးချက်စားကြမယ်
mmload.com
|
2023-03-09

အချစ်တွေကိုချက်ကျွေးမယ့် ကြက်သည်းမြစ် ဆီပြန်တစ်ခွက် …


အသည်းနှလုံးမှစားချင်တယ်ဆိုတဲ့သူတွေအတွက်ဒီတစ်ခေါက်မှာတော့ အရမ်းကိုစားလို့ကောင်းပြီး ထမင်းလည်းမြိန်မယ့် ဟင်းတစ်ခွက်မလို့ အားလုံးအတူတူလုပ်စားကြည့်ရအောင်နော် …

ကြက်အသဲအမြစ်မကြိုက်ပါဘူးဆိုတဲ့သူတောင်စားပြီးလျှာလည်သွားမှာပါနော် အရင်ဆုံးကြက်အသဲမြစ်ကို အချိုမှုန့်/ဆား/ခရုဆီ/မဆလာနယ်ပြီးခဏရေခဲသေတ္တာထဲနှပ်ထားပေးပါ။


ကြက်သွန်ဖြူ/နီ/ဂျင်း/ငရုပ်ပု ကိုအဆင့်သင့်ပြင်ပေးထားပါ။ငရုပ်ပုနဲ့ဂျင်းရော်ထောင်းပေးပါ။ပြီးရင်ပုံမှာပါတဲ့အတိုင်းဆီသက်ပါ။ဆီသတ်တဲ့အခါ မဆလာလေးပါထည့်သတ်ပါဆီကိုနာနာသတ်ပါ။

ပြီးရင် ကြက်အသဲမြစ်ထည့်ပါ။ ရေမထည့်ဘဲသူ့ရေကုန်သွားတဲ့အထိ ချက်ပါ။လိုအပ်ရင်လဲရေနဲနဲထည့်ပေးပါ။ရေခမ်းပြီးကပ်သွားပြီဆို မဆလာလေးနဲနဲထပ်အုပ်ပေးပါ။။။ကဲ စားကောင်းတဲ့ကြက်အသဲမြစ်ဟင်းလေးရပါပီနော်

အရမ်းစားလို့ကောင်းပြီးထမင်းမြိန်မယ့် ဟင်းလေး မလို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်


#ကြက်သွန်ဖြူ
#ခရုဆီ
#အရသာမှုန့်
#မဆလာ
#ကြက်သည်းကြက်မြစ်

Some text some message..