အိမ်ချက်မုန့်ဟင်းခါးကောင်းကောင်းချက်စားကြမယ်
mmload.com
|
2023-04-03

အိမ်ချက်မုန့်ဟင်းခါးကောင်းကောင်းချက်စားကြမယ်

မုန့်ဟင်းခါးကိုအိမ်မှာဝဝလင်လင် ချက်စားချင်တဲ့သူတွေအတွက် ဒီတစ်ခေါက်မှာ အရမ်းကိုစားလို့ကောင်းပြီးလွယ်ကူရိုးရှင်းတဲ့အိမ်ချက်မုန့်ဟင်းခါးချက်နည်းလေးပြောပြမယ်နော်

ငါးဆနွင်း စပါးလင် ပြုတ်ထားပါ


ငါးကတော့ငါးကြင်း၊ငါးခူကြိုက်တာသုံးပါရှင်...အရေခွံနဲ့အရိုးတွေဖယ်ပီး ငါးတွေကိုနွှင်ထားပါမယ်...ငါးအရည်တွေကို မသွန်ပစ်ပဲ ချန်ထားနော် မုန့်ဟင်းခါဟင်းရည်ချက်တဲ့နေရာမှာသုံးလို့ရပါတယ်...ငှက်ပျောအူလှီးထားပါ...လှီးထားတဲ့ငှက်ပျောအူကို ရေနဲ့စိမ်ထားပါ ... ကြက်သွန်ဥသေးလေးများကိုပြုတ်ထားပါ။

ကြက်သွန်ဖြူနီနဲ့ဂျင်းများကို‌ထောင်းထားပါ။ ဘဲဥပြုတ်ပါ....


ဆန်မှုန့်ကိုကိုယ်စားမယ့်ပမာဏအတိုင်းအမှုန့်ကြေသွားသည်အထိရေနွေးနဲ့ ဖျော်ပါ။ အမှုန့်ကြေပြီး အစိမ်းနံ့ ပျောက်သွားသည်အထိ ဖျော်ပါနော်...

ကလားပဲပြုတ်ပီးအနှစ်ရအောင်ချေထားပါသို့မဟုတ် ပဲစိမ်းမှုန့်ဝယ်ပီးရေစိမ်ထားပါ

ဒါဆိုရင်ပြီးရေနွေးတည် ၊ တည်တဲ့ထဲကို စောနကပြုတ်ထားတဲ့ ငါးပြုတ်ရည်ထည့်ပြီး ပွက်ပွက်ဆူအောင်တည်ပါ။ ကြက်သွန်ဖြူနီ ဂျင်းများကို ဆီသပ်ပြီးငံပြာရည်နည်းနည်းထည့်ပါ။ကြက်သွန်ဖြူနီ ထဲကို ငါးများပါရောထည့်ပြီး ငါးမွှေပါ။


ပြီးရင်ပြုတ်ထားတဲ့ရေနွေးအိုးထဲကိုပဲရည်နဲ့ ဆန်မှုန့်အရည်ဖျော်ထားတာထည့်ပါ။ပဲတွေကို ကြေအောင် စကာနဲ့ချေချေချပြီးမှ အိုးထဲထည့်ပါ။ အိုးမကပ်အောင်မွှေဖို့လိုတယ်နော်...အိုးထဲကို အရသာမှုန့်နည်းနည်းထည့်ပါ။ဆူလာရင်ငါးထည့်ပါ၊ ကြက်သွန်ဥပြုတ်ထားသည်များကိုထည့်ပါ၊ကြက်သွန်ဥနူးသွားတဲ့အခါငှက်ပျော်အူနဲ့  ဘဲဥထည့်ပြီးရင်ချလို့ရပါပြီ...

မြန်မာ့ရိုးရာအစားစာလည်းဖြစ်စားလို့လည်းကောင်းတဲ့မုန့်ဟင်းခါးချက်နည်းလေးမလို့အိမ်မှာချက်စားကြည့်ကြဦးနော်


#ကြက်သွန်ဖြူ
#အရသာ
#စပါး
#ရေနွေး
#ငံပြာရည်

Some text some message..