ကန်စွန်းရွက်ချဉ်ရေ ဟင်း
mmload.com
|
2023-04-09

ငါးနဲ့ကန်စွန်းရွက်ချဉ်ရေဟင်း ချက်စားကြမယ်

ကန်ရွက်ရွက်နုနု လေးတွေကိုမန်းကျည်ရည်လေးနဲ့ ချဉ်ချဉ် လေး ချက်မယ်၊ ငပိရည်တို့စရာ အစုံ ခင်းထားပြီး ၊ ကြက်ဥလေးအပွကြော်လိုက်မယ်…

ဒါဆိုရင်တော့ ထမင်းတစ်အိုးလုံးကောင်းလောက်သည်ထိ ကို စားကောင်းနေမှာနော်

ပါဝင်ပစ္စည်းများ


ကန်စွန်းရွက်(မြန်မာကန်စွန်း၊ထိုင်ဝမ်ကန်စွန်းရွက်၊လယ်ကန်စွန်း) ၊ ကြက်သွန်ဖြူ၊ ငပိစိမ်းစား၊ ငံပြာရည်၊ အချိုမှုန့်၊ ငရုတ်သီးစိမ်း ၊ မန်းကျည်းရည် ၊ နံနံပင်

ချက်ပြုတ်ပုံအဆင့်ဆင့်ကန်ဇွန်းရွက်ကိုချွေထားပါ

ကြက်သွန်နီဖြူကိုညက်အောင်ထောင်း

ကန်စွန်းရွက်ထည့်

 ထောင်းထားတာထည့် ငပိစိမ်းစားထည့် ငရုတ်သီးအစိမ်းမှုန့် ငံပြာရည် အချိုမှုန့် ငရုတ်သီးစိမ်းထည့်ပြီးတည်ထားပါ။

 နွမ်းပြီဆိုမှ ရေထည့် နှစ်သက်ရာငါးကိုထည့် ပွက်ပွက်ဆူပြီဆိုမှ မန်ကျည်းသီးအရည်ဖျော်ထားတာအရည်စစ်ထည့် ထပ်ဆူပြီဆိုမှ နံနံပင်လေးအုပ်  ရပြီနော်။

အရမ်းလွယ်ပြီး ရင်အေးတဲ့မြန်မာ ပါးစပ်အကြိုက် အရည်သောက်တစ်ခွက်မလို့ အတူတူ ချက်စားကြည့်ရအောင်နော်…


#ကြက်သွန်ဖြူ
#ငံပြာရည်
#နံနံပင်
#ကန်စွန်းရွက်
#ငရုတ်သီး

Some text some message..