
လူအများသိကြတာကအာလူးဆိုတာ ဝိတ်တက်စေတယ်၊ ကာဗိုဟိုက်ဒရိတ်များတယ်၊ ကြွက်သား တည်ဆောက် သူတွေ / ဝိတ်ချမယ့် သူတွေကိုအနှောင့်အယှက် ပေးတယ်လို့ ထင်ကြပါတယ် ။ ဒါ့အပြင် Diet Plan တော်တော်များများမှာလည်းအာလူးဟာ သိပ်ပြီးပါဝင်လေ့မရှိတာကြောင့် ဘယ်လိုလုပ်ပြီး အာလူးနဲ့ ဝိတ်ချမယ် ဆိုတာလဲမဖြစ်နိုင်ဘူးလို့ ထင်ကြပါတယ် ။

တကယ်တော့အာလူးဟာ ဝိတ်တက်စေတာမဟုတ်ပါဘူး ။ အာလူးကို ချက်ပြုတ်တဲ့နည်းလမ်းတွေကြောင့်သာဝစေတာပါ ။ အာလူးဟာ အမျှင်ဓာတ်ပါဝင်တာ မို့လို့ အဆီတွေကို စုပ်ယူနိုင် ပါတယ်။သူ့ချည်းပဲ ပြုတ်ပြီးစားရင်တော့ ဝိတ်ကျဖို့ အထောက်အကူ ဖြစ်စေမယ့်အာလူးကြော်ဆိုရင်တော့ သင့်ကို ဝိတ် ပိုတက် စေမှာပဲ ဖြစ်ပါတယ်။

ဝိတ်ချတဲ့နေရာမှာ သုံးချင်တယ်ဆိုရင်တော့ အာလူးနဲ့ အတူ အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ်ပါဝင်မှာဖြစ်ပါတယ်။ဒိန်ချဉ်ဟာ အစာခြေစနစ်ကို ကောင်းမွန်စေပြီး မလိုအပ်တဲ့ ရေဓါတ်နဲ့ခန္ဓာကိုယ်အတွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားပေးမှာဖြစ်ပါတယ်။

အာလူးနဲ့ဝိတ်ချတဲ့ အခါ ပထမနေ့ မနက်စာကို “ဆားမပါတဲ့ အာလူးပြုတ် ၁ လုံးနဲ့ ဒိန်ချဉ် ၁ ခွက်”၊နေ့လည်စာ ကို “ဆားမပါတဲ့ အာလူးပြုတ် ၂ လုံး နဲ့ ဒိန်ချဉ် ၁ခွက်”၊ ညစာကို “ဒိန်ချဉ် ၂ ခွက်”ပဲစားပါ။
ဒုတိယနေ့မနက်စာ ကို “ဒိန်ချဉ် ၁ ခွက်”၊ နေ့လည်စာ ကို “ဆားမပါတဲ့ အာလူးပြုတ် ၂ လုံး နဲ့ ဒိန်ချဉ် ၁ ခွက်”၊ညစာ ကို “ဆားမပါတဲ့အာလူးပြုတ် ၁ လုံး နဲ့ ဒိန်ချဉ် ၁ ခွက်” ပဲစားပါ။

တတိယနေ့မနက်စာ ကို “ဆားမပါတဲ့ အာလူးပြုတ် ၁ လုံး”၊ နေ့လည်စာ ကို “ဆားမပါတဲ့ အာလူးပြုတ်၁ လုံး နဲ့ ဒိန်ချဉ် ၁ ခွက်”၊ “ညစာ ကိုဒိန်ချဉ် ၁ ခွက်”ပဲ စားသုံးမယ်ဆိုရင်တော့ ၃ ရက်အတွင်း၆ပေါင်ကနေ ၁၀ ပေါင် အတွင်း ဝိတ်ကျနိုင်ပါတယ်။

၁၀၀ဂရမ် အလေးချိန်ရှိတဲ့ အာလူး ၁ လုံးမှာ ကယ်လိုရီပမာဏ ၇၅ % ပဲပါဝင်ပါတယ်။ အဲဒီပမာဏဟာလိမ္မော်ရည်တစ်ခွက်မှာ ပါဝင်တဲ့ ကယ်လိုရီပမာဏထက်တောင် နည်းနေပါသေးတယ်။အာလူးမှာပါဝင်တဲ့ VitaminC နဲ့ potassium တို့ဟာကိုယ်ခံအားကောင်းမွန်မှုနဲ့ ကြွက်သားတည်ဆောက်မှု ဖြစ်စေခြင်း ဝိတ်ကျခြင်းတို့အတွင်အထောက်အကူပေးပါတယ် ။ အခြားသော ပရိုတင်း နဲ့ အမျှင်ဓာတ်များပါ စုဝေးပါဝင်နေတဲ့အတွက်ဝိတ်ချသူများ ကို ကောင်းကောင်း အထောက်အပံ့ပေးနိုင်တဲ့ အစားအသောက်လို့ပဲ ပြောပါရစေ။