အဆီကျ ဗိုက်ချပ်စေမယ့် အိမ်မှာအလွယ်တကူလုပ်လို့ရတဲ့ “Detox Water”
mmload.com
|
2023-05-01


Detoxwater ဆိုတာ ခန္ဓာကိုယ်ထဲက အဆိပ်အတောက်ဖြစ်စေနိုင်တဲ့ဓာတ်တွေမှန်သမျှကို ကင်းစင်စေနိုင်ပါတယ်.. အဆီချတာကို အထောက်အကူဖြစ်စေတဲ့အပြင် ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ဖြည့်တင်းပေးနိုင်တဲ့သောက်စရာတစ်ခုလို့ဆိုရင်လည်း မမှားပါဘူး..


 ဗိုက်သားချပ်ချပ်ရပ်ရပ်လေးနဲ့ အဆီပိုကင်းဖြတ်သန်းချင်တယ်ဆို အခုပြောပြမယ့် DetoxWater ကိုစမ်းလုပ်ကြည့်ကြနော်.. အသက်သာဆုံး အလွယ်ကူဆုံးအိမ်မှာတင်လုပ်လို့ရတဲ့ Detox Water လုပ်နည်းကတော့ -

-      ရေထဲကို သံပုရာသီး (၁)လုံးအကွင်းလေးတွေလှီးပါ။ (သံပုရာသီး၊ လိမ္မော်သီးအစားထိုးနိုင်ပါတယ်။)

-      သခွားသီး (၁)လုံး ပါးပါးလှီးပါ။

-       ဂျင်းအနည်းငယ် ပါးပါးလှီးပါ။

-       ပူစီနံလိုသလောက်ထည့်ပါ။

-      အရသာလေးနဲ့ သောက်ချင်ရင် ပန်းသီး၊ ဖရဲသီး စတဲ့ အသီးတွေလည်းထည့်နိုင်ပါတယ်။


 ရေခဲသေတ္တာထဲမှာ အနည်းဆုံး (၆ -၈)နာရီလောက်စိမ်ထားပြီးရင် သောက်လို့ရပါပြီ.. ရေသောက်နည်းပြီးဝမ်းချုပ်တဲ့သူတွေအတွက်ကတော့ ရေအစားထိုးသောက်နိုင်ပါတယ်..Detox Water ရဲ့ကျန်းမာရေး ကောင်းကျိုးတွေကတော့ ကိုယ်အလေးချိန်ကို ကျစေတယ်။ ခန္ဓါကိုယ်ထဲမှာရှိတဲ့ အဆိပ်အတောက်တွေ ပြေစေတယ်။ အစာခြေစနစ်ကို ကောင်းမွန်စေတယ်။ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးတယ်။ စိတ်ကြည်လင်လန်းဆန်းစေတယ်။ အသားအရေကြည်လင်ဝင်းပစေပါတယ်..


သတိထားရမှာကအစားမစားဘဲ အမြဲသောက်တာမျိုးရှောင်ရပါတယ်.. စိမ်ပြီး (၄၈)နာရီအတွင်းသောက်ဖို့ လိုအပ်ပါတယ်နော်..  


#ကျန်းမာရေး
#လိမ္မော်သီး
#ပန်းသီး
#ဗီတာမင်
#DetoxWater

Some text some message..