
ကြက်ဥရဲ့ နူးညံ့မှုနဲ့ အမဲသားရဲ့ လတ်ဆတ်မှုတို့ ပေါင်းစပ်လိုက်တဲ့အခါ... ဒီတစ်ခေါက်မှာတော့ မိမိကြိုက်နှစ်သက်ရာအသားကို အသုံးပြုပြီး ကြက်ဥ နဲ့ကပ်ကြော်နည်းလေးကိုဝေမျှပေးချင်ပါတယ်။ မင်မင်ကတော့ ဒီနေရာမှာ လတ်ဆတ်ပြီး အရသာလေးပင်မယ့် အမဲသားကို အသုံးပြုထားပါတယ်နော်။ အမဲသားမစားချင်ရင် မိမိကြိုက်နှစ်သက်ရာအသားနဲ့တွဲပြီးစားလို့ရပါတယ် ...
ပါဝင်ပစ္စည်းများ

-ကြက်ဥ ၅လုံး
-အမဲသား ၁၀၀ ဂရမ်
– self raising flour ၁ဇွန်း(စားပွဲတင်)
– bread crumbs ၄ဇွန်း(စားပွဲတင်)
-ငရုတ်ကောင်း ၁ဇွန်း(အချိုဇွန်း)
-ဂျင်း ၁ဇွန်း(အချိုဇွန်း)
-garlic powder ၁ဇွန်း(အချိုဇွန်း) (သို့ )ကြက်သွန်ဖြူထောင်းပြီးသား
-ဆား ၁ဇွန်း(အချိုဇွန်း)
ပြင်ဆင်ပြုလုပ်နည်းအဆင့်ဆင့်
---------------

အမဲသားကို ငရုတ်ကောင်း၊ ဂျင်း ၊ garlic powder၊ ဆား တို့ဖြင့် တော်တော်စီးအောင်နယ်ထားပါ။
ကြက်ဥ ၁လုံးကိုဖောက်ပြီး ပန်းကန်တစ်ခုတွင်ခေါက်ထားပါ။
ကြက်ဥ၄လုံးကိုရေပွက်ချိန်ကစထဲ့ ၆မိနစ်ခန့်ပြုတ်ပြီး ရေအေးခဏစိမ်ကာ ခွာထားပါ။ အဲဒါဆိုအထဲက အထဲကအနှစ် မကျက်ပဲအပြင် အကာမာမာလေး ရပါမယ်နော်။
self raising flour ကိုပန်းကန်ထဲ ထဲ့ပြီး ပြုတ်ပြီးသားကြက်ဥလေးများကိုခပ်ဖွဖွလှိမ့်ပါ။ ကြက်ဥပေါ်ကအစိုဓာတ်ခြောက်သွားစေရန် နဲ့ အသားအုပ်တဲ့အခါ ကြက်ဥပေါ်ကပ်စေရန်ဖြစ်ပါတယ်။
နယ်ထားသော အမဲသားကို လက်ပေါ်တင်ပြားကာ ကြက်ဥလေးကို ပုံပါအတိုင်း တင်ပြီးအသားများကို ဖြေးဖြေးချင်းဆွဲအုပ်ပါ။ပြီးရင် အသားအုပ်ပြီးသားအလုံးလေးများကို ကြက်ဥအရည်တွင်လှိမ့်ပြီး Bread crumbs နဲ့ကပ်ပါ။

ပြီးရင် ဆီပူပူတွင် မြုတ်အောင်၁၀မိနစ်ခန့်ကြော်ပြီး ဆယ်လိုက်ပါ။
ကြိုက်နှစ်သက်ရာSauce ၊ လတ်ဆတ်သောအရွက်စုံ Salads တို့ဖြင့်အရသာရှိရှိစားသုံးနိုင်ပါပြီနော်...
အရသာ အရမ်းရှိပြီး ထမင်းနဲ့ပဲ စားစား အဆာပြေအနေနဲ့ပဲစားစား အရမ်းကိုစားလို့ကောင်းတဲ့ အစားစာလေးမလို့ အိမ်မှာလုပ်စားကြည့်ရအောင်နော်