
အမဲ ခရုဆီဆီပြန် ချက်စားကြမယ်…
အမဲသားကိုတော်တော်များများက Steak လိုတစ်မျိုး အကင်လိုတစ်ဖုံ လုပ်စားတတ်ကြပေမယ့် အချိုဆီပြန်ချက်စားတာကိုတော့ တစ်ချို့အိမ်တွေမှာပဲတွေ့ရပါတယ်။အမဲသားက ညှီတဲ့အတွက် အချိုချက်စားမယ်ဆိုရင် အနံ့ထွက်မှာ စိုးရိမ်ကြလို့လည်းပါပါမယ်။ဆိုတော့ဒီတစ်ခေါက် အနံ့ လုံးဝမညှီပဲ အာဟာရှိတဲ့ အမဲသား အချိုအိအိလေး ချက်နည်းကို မျှဝေပေးလိုက်ပါတယ်နော်

ပါဝင်ပစ္စည်းများအမဲသား
ကြက်သွန်နီ – ၁ လုံး (ကြီးကြီး)ငရုတ်ချို – ၁ လုံးကောက်ရိုးမှို (သို့) နှစ်သက်ရာမှို – လက်တစ်ဆုပ်ကြက်သွန်ဖြူ – ၂ မြွှာပဲငံပြာရည် အကြည် – စားပွဲဇွန်း ၁ ဇွန်းခရုဆီ – ၂ ဇွန်းဟင်းခတ်မှုန့် – ၁/၂ ဇွန်းကော်မှုန့် – ၁ ဇွန်းကြက်ပြုတ်ရည် (သို့) ရေ –အနည်းငယ်သကြား – ၁/၂ ဇွန်းပြုလုပ်နည်း၁။ အမဲသား (မိုးခိုသား) ကို ပါးပါးလှီးထားပါ။

ကြက်သွန်နီကို အကွင်းထူထူလှီးထားပြီး ငရုတ်ချိုကိုလည်း အကွင်းလိုက်လှီးပါ။ ကောက်ရိုးမှို (သို့) နှစ်သက်ရာမှိုကို ထက်ခြမ်း ခြမ်းထားပါ။ ကော်မှုန့်ကို ရေ ၂ ဇွန်းဖြင့် ဖျော်ထားပါ။ ကြက်သွန်ဖြူ ဓားပြားရိုက်ထားပါ။၂။ အားလုံးအသင့်ဖြစ်ပါက ပန်းကန်တစ်ချပ်ထဲ ထည့်ပြီး ကော်မှုန့်မှအပ အရသာအားလုံးကို ထည့်ပါ။၃။ ဒယ်အိုးကို အပူပေးပြီး ဆီထည့်ပါ။ ပါဝင်ပစ္စည်းများအားလုံးကို တစ်ခါတည်း ထည့်ပြီး မီးပြင်းပြင်းဖြင့် ကြော်ပါ။ အသားအရောင်ပြောင်းပါက ကြက်ပြုတ်ရည် အနည်းငယ်ထည့်၍ ကော်မှုန့်ဖျော်ထားတာကို ထည့်ပြီး ခပ်မြန်မြန်မွှေကာ အရသာအပေါ့အငန် မြည်းပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။ အရမ်းကို စားလို့ကောင်းပြီးချိုချို မွှေးမွေးလေးနဲ့ ခံတွင်းတွေ့စေမှာမလို့ အိမ်မှာ ချက်စားကြည့်ကြဦးနော်