အဝစား ဆိုင်တွေရောက်ရင် တန်အောင်စားနည်း…
mmload.com
|
2023-05-28

အဝစား ဟော့ပေါ့နဲ့ အကင်ဆိုင်တွေရောက်ရင် တန်အောင်စားနည်း…

အခုခေတ်မှာအဝစားအကင်ဆိုင်တွေ Hot Pot ဆိုင်တွေအရမ်းကို များလာရောနော်…

အနည်းဆုံး၂သောင်း၃သောင်းပေးစားနေရတဲ့ ခေတ်ကြီးထဲမှာ ပေးရတာနဲ့တန်အောင်စားတတ်ဖို့လည်းလိုပါသေးတယ်။


ဆိုတော့အဝစားဆိုင်တွေရောက်တဲ့အခါ ဘယ်လိုတန်အောင်စားကြမလဲ။

အကင်နဲ့ဟော့ပေါ့ တွဲစားလို့ရတဲ့ အဝစားဆိုင်တွေရောက်တဲ့အခါ

(၁) အစားသောက်တွေကိုမြင်တာနဲ့ လောဘကြီးတဲ့စိတ်မထားပါနဲ့၊ လောဘနဲ့ယူမိရာကနေ အများကြီးပိုပြီးFoodwaste ဖိုးပေးနေရပါလိမ့်မယ်။မပေးရတဲ့ဆိုင်ဆိုရင်လည်းအများကြီးမယူပါနဲ့ ရုပ်ပေါက်ပါတယ်။

(၂) တစ်ဆိုင်လုံးကစားစရာတွေက ငါ့ အပိုင်လို့သာ တွေးထားပြီးစိတ်အေးလက်အေးနဲ့ ကုန်သွားမှထယူပါ။ ပြောချင်တာကလူတွေက ကိုယ်ပိုင်တယ်လို့ ထင်တဲ့အရာဆိုရင် အလောတကြီးမယူတတ်ကြပါဘူး။

(၃) ဟောပေါ့ထဲမှာ ပြုတ်ဖို့ အတွက် ချိုတဲ့အရသာရှိတဲ့ ကန်စွန်းဥလို ဟာမျိုး၊ ပြောင်းဖူးလိုအရာမျိုးယူပါ(တစ်ခုနှစ်ခုပဲယူပါ)အရည်ချိုအောင်ယူခိုင်းတာဖြစ်ပါတယ်။

(၄) ပြုတ်တဲ့ထဲကိုကိုယ်စားလိုသလောက် အပ်မှို၊ အရွက်နဲ့ ကြက်ဥတို့ကို ပြုတ်ပါ၊ အသည်းမြစ်တို့လို အနူးကြာတဲ့အသားတွေကို ပြုတ်တဲ့ထဲ ထည့်ပါ။


(၅) ကင်တဲ့ရောမှာပါးလွှာတဲ့အသားလွှာ အစစ်တွေကို သာ ကင်ပါ။ ပင်လယ်စာတွေကိုတော့ ကင်တစ်ဝက် ပြုတ်တစ်ဝက်လုပ်ပါ။ အသားလုံးတွေကို ဖြစ်နိုင်ရင်မစားပါနဲ့ စားချင်ရင်လည်းတစ်လုံးလောက်ပဲစားပါ။ အဲ့လိုအသားလုံးများများစားတဲ့သူတွေက ဆိုင်ရှင်ရဲ့ထောင်ချောက်ကို မိသွားတာပါပဲ။အသားလုံးတွေက ဗိုက်အမြန်တင်းပြီ ရင်ပြည့်ပါတယ်နော်...

(၆) စစစားချင်းမှာပြုတ်ထားတဲ့အရည်ကို ၃လုပ်လောက်သောက်လိုက်ပါ။ (ခံတွင်းရှင်းဖို့ သောက်ခိုင်းတာဖြစ်ပါတယ်)ပြီးတာနဲ့ အဖက်တွေအသားတွေကို ပဲ တစ်သုပ်ပြီးတစ်သုပ်စပြီးစားဖို့လုပ်ပါ။ အရည်ကို လုံးဝမသောက်ပါနဲ့ တော့နော်

(၇) စားရင်းနဲ့ခရီးတစ်ဝက်ရောက်လာတဲ့အခါမှ အအီပြေ အရည်တစ်ဇွန်းလောက်ခက်သောက်ပါ။

(၈) ဗိုက်အရမ်းမတင်းသေးပေမယ့်ဗိုက်ပြည့်သလိုရှိတဲ့အနေထားရောက်ရင်အသားတွေထပ်မယူပဲ Side dishes

နဲ့ အချိုပွဲအချိုရည်တို့ကို သုံးဆောင်ပါ။

ဒါဆိုရင်တော့အရမ်းကို အရသာရှိပြီးစားရတာလည်းတန် Food wasteလည်းမဖြစ်တော့ ဘူးနော် …


#လောဘ
#ခံတွင်း
#အရသာ
#ကြက်ဥ
#ပြောင်းဖူး

Some text some message..