ခရမ်းသီး ငါးခြောက်ချက် (လယ်ချက်)
mmload.com
|
2023-05-31

ခရမ်းသီးငါးခြောက်ချက် (လယ်ချက်) လေးချက်စားကြည့်ရအောင်...

အခုနောက်ပိုင်းဆီပြန်ဟင်းတွေထက်စာရင် ဝိတ်လည်းမတက် အာဟာရလည်းရှိတဲ့ ဟင်းလေးတွေကို လူပိုကြိုက်လာကြပြီနော်...ဒီတစ်ခေါက်မှာအရမ်းကိုစားလို့ကောင်းပြီးအရသာရှိတဲ့ ခရမ်းသီးငါးခြောက်ချက် လယ်ချက်နည်းလေးကို ဝေမျှပေးချင်ပါတယ်။

ချက်နည်းအဆင့်ဆင့်


ငါးကွန်းရှပ်ခြောက်လေးကိုသေချာရေဆေးပြီး အနေတော်အတုံးလေးတွေ တုံးပေးထားပြီး ရေစိမ်ထားပါ ......

ခရမ်းသီးသေးသေးလေးကိုအစိပ်လေးတွေ စိပ်ပေးပြီး ချက်မယ့်အိုးထဲ ထည့်ပေးပါ ။ ငါးကွန်းရှပ်ခြောက်ကို ထည့်ပေးပါ ။ ပြီးရင်တော့ ငရုတ်သီးစိမ်းနည်းနည်း (မိမိကြိုက်သလောက်) ညှပ်ထည့်ပေးပါ ။စိမ်းစားငပိ အနည်းငယ်ထည့်ပေးပါ ။ ဆားနဲ့ ၊ ဟင်းခပ်မှုန့် (အချိုမှုန့်) အနည်းငယ်ထည့်ပေးပါ ။ ဆီနည်းနည်းထည့်ပါ (ဆီမထည့်ဘဲလည်း ချက်တတ်ကြပါတယ်) ။ရေကို လိုသလောက်လေး ချိန်ဆထည့်ပေးပါ ။


ပြီးရင်တော့အဖုံးလေးဖုံးပြီး မီးဖိုပေါ်တင်ချက်ပေးရုံပါပဲ။ ဟင်းအိုးဆူပြီး အရည်လေးခမ်းလာပြီဆိုရင် အပေါ့ ၊ အငံမြည်းပေးပါ ။ မိမိကြိုက်နှစ်သက်သလို အရသာလေးရပြီဆိုရင်တော့ နံနံပင်လေးအုပ်ပေးပြီး အဖုံးလေးဖုံးထားပေးပါ။ ခဏလေးကြာရင်တော့ နံနံပင်နံ့ စိမ်းစားငပိနံ့လေးနဲ့ ခရမ်းသီးရဲ့ အချိုအရသာ ၊ ငါးကွန်းရှပ်ရဲ့ အချိုအရသာတွေနဲ့ လယ်ချက် စပ်စပ်လေးဟင်းတစ်ခွက်ကို ရပါပြီရှင် ...

ဒီနည်းလေးကအချက်ပြုတ်ကျွမ်းကျင်သူတစ်ယောက်ရဲ့ နည်းနာလေးမလို့ အတူတူလိုက်ချက်ကြည့်ကြဦးနော်...


#အရသာ
#ခရမ်းသီး
#ငါးခြောက်
#ငရုတ်သီးစိမ်း
#စိမ်းစားငပိ

Some text some message..