
ငါးဖယ်သို့ ငါးဆုပ် ဆီပြန်
ငါးဖယ်မကြိုက်ပါဘူးဆိုတဲ့သူတောင်လက်မလည်အောင် စားချင်မယ့် ငါးဖယ် ငါးဆုပ် ချက်နည်းလေးကို ဒီနေ့မှာ ပြောပြပေးမယ်နော် ...အရမ်းကိုစားလို့ကောင်းပြီးထမင်းမြိန်လို့ အိမ်မှာလုပ်စားကြည့်ကြဦးနော်...
ပါဝင်သောပစ္စည်းများ
ကြက်သွန်နီ
ကြက်သွန်ဖြူ
ငရုတ်သီးပွ
ဆား၊ငံပြာရည်
နနွင်း၊ဂျင်း

ဆီ
ခရမ်းချဉ်သီး
ပြုလုပ်နည်းအဆင့်ဆင့်
ပထမဆုံးငရုတ်သီး တစ်ဆုံထောင်းထားပါ
ငါးဖယ်နဲ့ချင်း၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ ဆား၊ နနွင်း ရောထည့်ထောင်းပါ။
ထောင်း၍အသားများ စေးပိုင်လာလျှင် အဆုပ်ကလေးများဆုပ်ပါ။ ဆီပူတွင်ငါးဆုပ်များကို နီလာအောင် ကြော်ပြီး ဆယ်ထားပါ။
ငရုတ်သီးထောင်းထားတာကိုဆီသတ်ပါ။ ဆီသတ်ပြီးလျှင် ပါးပါးလှီးထားသော ခရမ်းချဉ်သီးများ ထည့်၍မွှေပါ။ ဆား၊ ငံပြာရည် သင့်အောင်ထည့်ပါ။

ခရမ်းချဉ်သီးနွမ်းရင် ငါးဆုပ်များထည့်ပါ။ ရေအနည်းငယ်ထည့်၍ အဖုံးဖုံးပြီး ချက်ပါ။ ဆီပြန်လာလျှင်နံနံပင် ငရုတ်သီးစိမ်းလေးအုပ် သုံးဆောင်နိုင်ပါပြီရှင်
ဒီချက်နည်းလေးကစားလို့ကောင်းပြီးငါးဖယ်အရသာတင်းတင်း လေးနဲ့တစ်ထုတ်ထုတ်လေးမလို့ထမင်းမမြိန်မှာမပူနဲ့နော်...
ကဲ... အရမ်းစားလို့ကောင်းလို့အိမ်မှာချက်စားကြည့်ကြဦးနော်