ကျန်းမာရေးကို ဆိုးကျိုးဖြစ်စေနိုင်တဲ့ ဒူးရင်းသီး
mmload.com
|
2023-06-01




ကမ္ဘာကြီးနှစ်ခြမ်းကွဲသွားရင်တောင်ဒူးရင်းပင်တွေရှိတဲ့ဘက်မှာ နေမယ်ဆိုတဲ့သူတွေအတွက် ဒူးရင်းသီးက ကျန်းမာရေးအတွက် ဘာတွေဆိုးစေလဲဆိုတာကို ဖော်ပြပေးလိုက်ပါတယ်။

သကြားဓာတ်ပါဝင်မှုမြင့်မားခြင်း


ဆီးချို၊ သွေးချိုဝေဒနာရှင်တွေအနေနဲ့ ဒူးရင်းသီးကို တစ်ထိုင်တည်းနဲ့ အများကြီးစားမိရင် သွေးတွင်း သကြားဓာတ်မြင့်တက်မှု ကြုံရနိုင်ပါတယ်။

အပူစာအသီး


တရုတ်ဆေးပညာအလိုအရဒူးရင်းသီးကို အပူစာအသီးအုပ်စုထဲမှာ ထည့်ထားပြီး အများကြီးစားရင် လည်ချောင်းနာတာ၊ ခံတွင်းနာတွေဖြစ်တာ၊ဝမ်းချုပ်တာနဲ့ သလိပ်ထတာတွေဖြစ်စေတတ်တယ်လို ဆိုပါတယ်။ကယ်လိုရီပါဝင်မှုမြင့်မားခြင်း


ဒူးရင်းသီး၆၀၂ ဂရမ် (၃၆ ကျပ်သားခန့်) မှာ ၈၈၅ ကယ်လိုရီပါဝင်ပါတယ်။ ဒါဟာ အရွယ်ရောက်ပြီးသူ တစ်ယောက်အတွက်တစ်နေ့တာစားသုံးသင့်တဲ့ ပျမ်းမျှကယ်လိုရီပမာဏရဲ့ ၄၄ ရာခိုင်နှုန်းထိ စားသုံးပြီး ဖြစ်သွားစေပါတယ်။

ဒါပေမဲ့ မနေနိုင်ဘူး၊ စားကိုစားမယ်ဆိုရင်တော့ ဘေးထွက်ဆိုးကျိုးတွေသက်သာစေဖို့ စားပြီးရင် ရေများများသောက်ပေးဖိုလိုပါတယ်နော်။


#ဆိုးကျိုး
#ကယ်လိုရီ
#ဒူးရင်းသီး
#ဆီးချို
#သကြားဓာတ်

Some text some message..