
ပုစွန်ပင်စိမ်းချက်မွှေးမွှေးလေး ချက်စားကြည့်ကြမယ်
ပုစွန်ကွေးကွေးလေးတွေကိုမှ ပင်စိမ်းအနံ့သင်းသင်းလေးနဲ့ ချက်စားကြမယ်... စားလို့လည်းကောင်းပြီး ထမင်းလည်းမြိန်လို့ အိမ်မှာချက်စားကြည့်ကြဦးနော်
ပုစွန်ကွေးလေးတွေကို ခေါင်းဖြုတ်၊ အခွံချွတ်၊
ချေးကြောင်းဆွဲထုတ်၍ သန့်စင်ထားပါ။

ကြက်သွန်နီ ၂လုံး၊
ငရုတ်သီးစိမ်း ၂တောင့်၊
ပဲတောင့်ရှည်သီး၂တောင့်တို့ကို လှီးထားပါ။
ကြက်သွန်ဖြူ. ၃မွှာ နှုတ်နှုတ်စင်းထားပါ။
ပင်စိမ်းရွက်အနည်းငယ် ရေဆေးထားပါ။
ကြက်သွန်နီ၊ ဖြူ တို့ကို ဆီအရင်သတ်ပါ။
ငရုတ်သီးစိမ်း၊ ပဲသီးတို့ထည့်ကြော်၊
ကျက်ခါနီး ပုစွန်ထည့်၊
ငါးငံပြာရည်တဇွန်း၊
ဟင်းခတ်မှုန့်အနည်းငယ်နဲ့
ငရုတ်ချဉ်ဆော့ တစ်ဇွန်းထည့်မွှေ၊

ချခါနီးကော်မှုန့်ကို ရေနည်းနည်းဖြင့်ဖျော်၍ ထည့်၊
ပင်စိမ်းရွက်လေးအုပ်ပေးပါ။
ဒါဆိုရင်တော့ အနံ့ အရသာနဲ့ ပြီးပြည့်စုံပြီး စားလို့အရမ်းကောင်းတဲ့ ပုစွန် ပင်စိမ်းချက်မွှေးမွှေးလေးကို ရရှိပါပြီ...

ထမင်းလေးနဲ့ပဲစားစား ဒီတိုင်း အမြည်းအနေနဲ့ပဲစားစားစားလို့အရမ်းကောင်းလို့ အိမ်မှာချက်စားကြည့်နော်(သွေးတိုးသမားတွေဆိုရင်တော့ ပင်စိမ်းအများကြီးမအုပ်နဲ့နော်)