ကြက်ချဉ်စပ် ပူပူလေး
mmload.com
|
2023-07-02

ဒီတစ်ခါ ကြက်သားကို ခံတွင်းလိုက်ထမင်းမြိန်အောင်ချဉ်စပ်လေးချက်စားကြမယ်နော် 
ပါဝင်ပစ္စည်းများ
ကြက်သား - ၁၅ကျပ်သားကြက်သွန်နီ - ၂လုံးဂျင်း၊ ကြက်သွန်ဖြူ (ထောင်းပြီးသား) - လက်ဖက်စားဇွန်းတဇွန်းဆား -ဇွန်းတဝက်ဟင်းခပ်မှုန့် - တစ်ဇွန်းကော်မှုန့် - တစ်ဇွန်းငရုပ်ချဉ် - တစ်ဇွန်း (ဇွန်းအသေး)(စျေးတွင်ရှမ်းချဉ်ဖြင့်တွဲရောင်းသောငရုပ်ချဉ်)ခရမ်းချဉ်သီး - အကြီး ၁လုံးငရုတ်ပွသီး - ၁လုံးကြက်သွန်မိတ် - ၂ပင် ငရုပ်သီးစိမ်းနီ -အနည်းငယ်သံပုရာသီး       ဆီအနည်းငယ်


 ချက်ပြုတ်နည်း အဆင့်ဆင့်
 ပထမဦးစွာပထမကြက်သားကိုအတုံးသေးသေးတုံးကာဆား၊ဟင်းခပ်မှုန့်၊ဂျင်းကြက်သွန်ဖြူထောင်း၊ကော်မှုန့်ထည့်ပြီးနယ်ထားပါ။ ၁၅မိနစ်ခန့် နှပ်ထားပေးပါ။
ကြက်သွန်နီမထူမပါးလှီးထားပါ။ ငရုတ်ပွကိုလည်း ခြမ်းထားလှီးထားပါ။ ခရမ်းချဉ်သီးသုံးမြောင်းခပ်ထူထူစိတ်ထားပါ။ ငရုပ်သီးထပ်ခြမ်းခြမ်းထားပါ။ ကြက်သွန်မိတ် တစ်လက်မ အရှည်ဖြတ်ထားပါ။


အားလုံးအဆင်သင့်ဖြစ်ပါကဒယ်အိုးတွင်ဆီထည့်ပြီးအပူပေးပါ။ ဆီပူလျှင်ကြက်သွန်ထည့်ပြီးကြော်ပါ။မီးပြင်းဖြင့်အရောင်ပြောင်းရုံကြော်ပါ။ငရုပ်ချဉ်ထည့်ပါ။ ကြက်သားထည့်ကြော်ပါ။
ကြက်သားအရောင်ပြောင်းပါကကြက်ပြုတ်ရည်(သို့မဟုတ်)ရေအနည်းငယ်ထည့်ပေးပါ။နည်းနည်းစီထည့်‌ေပးပါ။
 ကြက်သားကျက်ပါကသံပုရာသီးညစ်ပြီးအရသာအပေါ့အငံမြည်းပါ။ ငရုပ်သီးခြမ်း၊ ခရမ်းချဉ်သီး၊ ငရုတ်ပွသီး၊ ကြက်သွန်မိတ်ထည့်ပြီးသမအောင်မွေပြီးစစားလို့ရပြပြီနော်
အနံ့အရသာနဲ့ ပြီးပြည့်စုံတဲ့ ဟင်းတစ်ခွက်မလို့ အိမ်မှာ ချက်စားကြည့်ကြနော်။



#ကြက်သား
#ကြက်သွန်ဖြူ
#ကြက်သွန်နီ
#ငရုတ်ပွ
#သံပုရာသီး

Some text some message..