လွယ်ကူသက်သာတဲ့ မလေးရှားထမင်းကြော်ကို ကိုယ်တိုင်လုပ်စားချင်ကြလား...?
mmload.com
|
2023-10-13

မလေးရှား ထမင်းကြော်လည်းကြိုက်ဆိုင်မှာလည်း သွားမဝယ်စားချင်သူတွေအတွက် မိမိအိမ်မှာပဲ လွယ်လွယ်ကူကူ ကြော်နည်းလေးကိုဒီတစ်ခါမှာ မျှဝေပေးမှာ ဖြစ်ပါတယ်။


မလေးရှားထမင်းကြော်အတွက်ပါဝင်တဲ့ ပစ္စည်းတွေက …

(၁) ချက်ပြီးသားထမင်း

(၂) ကြက်သား(သို့) ကြက်အူချောင်း

(၃) ကြက်သွန်(အနီ/အဖြူ)

(၄) မုန်လာဥနီ

(၅) ဘိုစားပဲ

(၆) မလေးရှားဟင်းအနှစ်

(၇) ကြက်သားမှုန့်တို့ဖြစ်ပါတယ်။

ပြုလုပ်ပုံ……



(၁) ဒယ်အိုးထဲကို ဆီအနည်းငယ်ထည့်ပြီး ထောင်းထားတဲ့ ကြက်သွန်ဖြူ၊နီတွေကို ဆီသတ်ပေးပါ။

(၂)  ဆီသပ်ပြီးတာနဲ့ ကြက်သား (သို့) ကြက်အူချောင်း၊ မုန်လာဥနီ၊ဘိုစားပဲတွေကို ထည့်ပြီး ရေအနည်းငယ်ထည့်ကာ နူးအိနေအောင်ချက်ပေးရပါမယ်။ ပြီးရင်တော့ချက်ထားတဲ့ ထမင်းကို ဒယ်အိုးထဲထည့်ပြီး သမအောင် မွှေပေးရပါမယ်။


(၃) အဲ့ဒီနောက်မလေးရှားဟင်းအနှစ်၊ ဆား၊ ကြက်သားမှုန့် တို့ကို ထည့်ပေးပြီး သမအောင် ရောမွှေလိုက်ပါ။မိနစ်အနည်းငယ်ကြာရင်တော့ အရသာရှိတဲ့ မလေးရှား ထမင်းကြော်ကို စားလို့ရပါပြီ။ ကြော်နည်းလေးကမြန်မာထမင်းကြော်နည်းနဲ့တူတာကြောင့် အလွယ်တကူ ကြော်စားလို့ရပါတယ်။ ကဲ.. မလေးရှား ထမင်းကြော်ကြော်နည်းလေးကို သိပြီဆိုတော့ ကိုယ်တိုင်လုပ်စားကြည့်ကြပါနော်…။

သတင်း အရင်းအမြစ်៖

Source – ZinGyi

#ကြက်သား
#ကြက်သွန်ဖြူ
#မုန်လာဥနီ
#ထမင်းကြော်
#ကြက်သားမှုန့်

Some text some message..