
ထမင်းကိုမနက်ပိုင်းချက်ပြီး ညနေပိုင်းတွေမှာ သိုးနေလို့ တစ်အိုးလုံးသွန်ပစ်လိုက်ရတဲ့ အခါမျိုးတွေကိုအိမ်ရှင်မတွေ တော်တော်များများ ကြုံဖူကြမှာပါ။ ပူပြင်းတဲ့ နွေရာသီတွေဆိုရင်ဒီလိုဒုက္ခမျိုးတွေကို ပိုပြီးအဖြစ်များကြပါတယ်။ ကိုယ့်အိမ်မှာ ထမင်းချက်လိုက်တိုင်းတာရှည်မခံဘဲ ခဏခဏ အိုးလိုက်သွန်ပစ်လိုက်တဲ့ အိမ်ရှင်မတွေ ဒီထဲမှာပါလာရင်တော့ကံကောင်တယ်လို့ မှတ်လိုက်ပါ။ ဘာဖြစ်လို့လဲဆိုတော့ ဒီတစ်ခါမှာ မင်မင်ကထမင်းချက်တိုင်း ခဏခဏသိုးနေလို့ စိတ်ညှစ်နေတဲ့ အိမ်ရှင်မတွေအတွက် ထမင်းကိုမသိုးဘဲ ကြာရှည် အထားခံအောင်လုပ်နည်းကိုပြန်လည်မျှဝေသွားမှာ ဖြစ်ပါတယ်။

ထမင်းကို မသိုးဘဲ ကြာရှည်အထားခံဖို့ဆိုရင် အဓိက အချက် (၂) ပဲ သေချာဂရုတစိုက်လုပ်ရမှာပါ။
(၁) ကိုယ်က ဆန်ကိုဆေးတဲ့ နေရာမှာ သေချာသန့်စင်အောင် ဆေးကြောဖို့ လိုပါတယ်။ ရေ ၄၊၅ ထပ်လောက် ဆေးရရင်ဆေးလိုက်ပါ။

(၂) မိမိချက်တဲ့ဒန်အိုး(သို့) ပေါင်းအိုးကို ထမင်းမချက်ခင်မှာ အိုးကို သန့်ဖို့လိုပါတယ်။အိုးမသန့်ရင်တော့ ထမင်းချက်တိုင်း တာရှည်မခံဘဲ သိုးတာကိုပဲ ကြုံနေရအုံးမှာပါ။ဒီတော့ ချက်ပြုတ်မယ့်အိုးကို သန့်နေအောင် အရင်ဆုံး အဲ့အိုးထဲရေထည့်ပြီး ရေနွေးကိုပွက်ပွက်ဆူအောင်တည်ပါ။ ပြီးရင် ရေနွေးတွေသွန်ပစ်ပြီးအခြောက်ခံပါ။အိုးခြောက်သွားပြီဆိုရင် ဆားနဲ့သေချာပွတ်တိုက်ပေးပြီး ဆပ်ပြာနှင့် သေချာဆေးပေးရပါမယ်။

ဒီအချက် (၂) ချက်ကိုသတိထားလုပ်ပေးမယ်ဆိုရင် မိမိအိမ်မှာ ထမင်းချက်တိုင်း အိုးလိုက်သွန်ပစ်ရတဲ့ဒုက္ခနှင့် ဝေးကွာသွားမှာ ဖြစ်ပါတယ်။
နောက်ထပ် ထမင်းတာရှည်ခံတဲ့နည်းလမ်းတစ်ခုက ထမင်းချက်ပြီးတာနဲ့ အိုးထဲမှာပဲမထားဘဲ အပြင်မှာ စကာလေးထဲထည့်ပြီးထားကြတာဖြစ်ပါတယ်။ ဒီနည်းလမ်းက နယ်ဘက်တွေမှာဆိုရင် အသုံးများကြတာတွေ့ရပါတယ်။
သတင်း အရင်းအမြစ်៖
Source – ZinGyi