
ဒီထဲမှာ မြင်းခွာရွက်သုပ်ကိုကြိုက်ကြတဲ့သူတွေပါလား…? ။ ဒီတစ်ခါမှာ ကျန်းမာရေးနဲ့လည်း ညီညွတ်တဲ့ မြင်းခွာရွက်ကိုအလွယ်ကူဆုံး နည်းဖြင့် အရသာရှိအောင် ဘယ်လို သုပ်ရလဲဆိုတာကို ပြန်လည် မျှဝေသွားမှာ ဖြစ်ပါတယ်။

ထုံစံအတိုင်းပါဝင်တဲ့ ပစ္စည်းတွေကတော့

၁။ မြင်းခွာရွက်
၂။ ခရမ်းချဉ်သီး
၃။ ကြက်သွန်နီ
၄။ ပုဇွန်ခြောက်မှုန့်
၅။ မြေပဲ
၆။ သံပရာသီး
ရ။ ပဲအကျက်မှုန့်တို့ဖြစ်ပါတယ်။
အသုတ်သုတ်နည်း
အရင်ဆုံးမြင်းခွာရွက်တွေကို ရေစင်အောင် ဆေးပြီ နှုတ်နှုတ်စဉ်းထားပါ။ ပြီးရင် ကြက်သွန်နီ နှင့်ခရမ်းချဉ်သီး တို့ကို ခပ်ပါးပါးလေးလှီးပြီး မြေပဲကို မညက်တညက်လေး ထောင်းထားပေးပါ။

ဒါတွေအားလုံးလုပ်ပြီးပြီဆိုရင်ထည့်သုပ်မည့်ဇလုံတစ်ခုထဲကို မြင်းခွာရွက် ၊ ကြက်သွန် ၊ ခရမ်းချဉ်သီး ၊ မြေပဲ၊ ပုဇွန်ခြောက်မှုန့်၊ သံပရာအရည် အပြင် ဆီ၊အချို၊အငန် အားလုံးထည့်ပြီး သမအောင် ရောနယ်လိုက်ပါ။

အစပ်ကြိုက်သူတွေအနေနဲ့ကတော့ငရုတ်သီးစိမ်းကို ခပ်ပါးပါးလေးတွေ လှီးညှပ်ထည့်ပြီး စားလို့ရပါတယ်။ ကဲ..ဒါဆိုရင် တကယ့်ကိုရိုးရှင်းပြီး အရသာရှိတဲ့ မြင်းခွာရွက်သုပ်ကို စားသုံးလို့ရပါပြီ။
သတင်း အရင်းအမြစ်៖
Source – ZinGyi