ထမင်းစားလို့မြိန်စေမယ့် ဝက်အချိုချက်
mmload.com
|
2023-10-23

ဝက်သားဟင်းလို့ ပြောလိုက်တာနဲ့ လူတိုင်းနီးပါး သွားရည်ယိုသွားစေတဲ့ဟင်းလျာတစ်ခွက်ပါ။ ဒီတစ်ခါမှာ မင်မင်က ဝက်သားကြိုက်သူတွေအတွက် နူးနူးအိအိလေးနဲ့ ထမင်းမြိန်စေမယ့်ဝက်အချိုချက် ချက်နည်းလေးကို ပြန်လည်မျှဝေသွားမှာ ဖြစ်ပါတယ်။


ချက်နည်းကိုမပြောခင် ပါဝင်ပစ္စည်းတွေက.......................

-ဝက်သား

-ကြက်သွန်အဖြူ/အနီ

- ပဲငပြာရည်

-သကြား

-ငရုတ်ကောင်းမှုန့်အဖြူ

-ဂျင်းအနည်းငယ် တို့ဖြစ်ပါတယ်။


ချက်နည်း ….

အရင်ဆုံး ဝက်သားကို ရေစင်အောင် ဆေးကြောပြီး ပဲငံပြာရည်၊ ငရုတ်ကောင်းမှုန့်၊ အချိုအငန်၊ နနွင်မှုန့်ထည့်ပြီး နယ်ထားပေးပါတယ်။ ဝက်သားအမြန် နူးအိစေချင်ရင်တော့ရှာလကာရေ အနည်းငယ် ထည့်ရပါမယ်။ ပြီးရင် ကြက်သွန်အဖြူနှင့် ဂျင်းအနည်းငယ်ကို (ရော/ခွဲ)ကြိုက်သလို ထောင်းထားပြီး ကြက်သွန်အနီကို ၄ စိတ်စိတ်ထားပေးပါ။


ဒါတွေအားလုံး ပြင်စင်ပြီးပြီဆိုရင်တော့ ချက်မည့် ဒယ်အိုးထဲကိုဆီ နှင့် သကြားအနည်းငယ် ထည့်ပြီး မွှေပေးပါ။ သကြားပျော်သွားပြီဆိုရင် ထောင်းထားတဲ့ကြက်သွန်ဖြူနှင့် ဂျင်း ထည့်ပြီး ဆီသတ်ပေးပါ။ အနည်းငယ်နွမ်းလာပြီဆိုရင် နယ်ထားတဲ့ ဝက်သားကိုထည့်မွှေပြီး ရေကိုအသားမြုပ်ရုံထည့်လိုက်ပါ။


ဝက်သားတွေ အရေခမ်းပြီး အသားနူးခါနီးအချိန်ကျမှ ၄စိတ်စိတ်ထားတဲ့ကြက်သွန်နီများကိုထည့်ပေးရပါမယ်။ ကြက်သွန်လည်းအိလာပြီ အရေလည်းခမ်း အဆီလည်းပြန်ပြီဆိုရင်တော့အရမ်းကို စားလို့ကောင်းတဲ့ ဝက်အချိုချက်လေးတစ်ချက်ကို သုံးဆောင်လို့ရပါပြီ ။ ချက်ပုံချက်နည်းကလည်းလွယ်ကူရိုးရှင်းပြီး အရသာရှိစေတာမို့ ကိုယ့်မိသားစုကိုပဲ ချက်ကြွေးကြွေး၊ ချက်ပြီးတော့ပဲရောင်းရောင်း လူကြိုက်များမှာ သေချာပါတယ်။

သတင်း အရင်းအမြစ်៖

Source- ZinGyi

#သကြား
#ငံပြာရည်
#ငရုတ်ကောင်း
#ကြက်သွန်ဖြူ
#ဝက်သား

Some text some message..