ရန်ကုန်စတိုင် ပြောင်းဖူးလက်ဖက်သုပ်
mmload.com
|
2023-10-24

ရန်ကုန်ဘယ်နေရာပဲရောက်ရောက် လမ်းဘေးမှာ လှည်းနှင့်တွန်းရောင်းနေကြတဲ့ပြောင်းဖူးလက်ဖက်ချဉ်စပ်သုပ်ကို စားဖူးကြတယ်မလား။ ထမင်းနှင့် စားသုံးတာပဲဖြစ်ဖြစ် ဒီအတိုင်းရမကာဖျော်ရည်နဲ့ တွဲဖက်စားတာပဲဖြစ်ဖြစ် လိုက်ဖက်လွန်းလှတဲ့ စားပွဲတစ်ခုပါ။ ဟုတ်ပါပြီ…ဒီတစ်ခါမှာလည်းမင်မင်က အရသာရှိတဲ့ ရန်ကုန်စတိုင် ပြောင်းဖူးလက်ဖက်သုပ် နည်းလေးကို ပြန်လည်မျှဝေသွားမှာဖြစ်ပါတယ်။


ပါဝင်ပစ္စည်းများကတော့…

(၁) လက်ဖက်ချဉ်စပ်

(၂) ပြောင်းဖူးပြုတ်

(၃) မြေပဲပြုတ်

(၄) ငါးနီတူ

(၅) ခရမ်းချဉ်သီး နှင့် ငရုတ်သီးစိမ်း (အနည်းငယ်)

(၆) ကြက်သွန်ဖြူ (အနည်းငယ်)

(၇) သံပရာသီး


ပြုလုပ်ပံအဆင့်ဆင့်……

အရင်ဆုံး ထည့်သုပ်မည့် ခွက်(သို့) ဇလုံးထဲကို လက်ဖက် ၊ ငါးနီတူ၊ ပြောင်းဖူးပြုတ် နှင့် မြေပဲပြုတ်ထည့်ပါ။ ပြီးရင် ခရမ်းချဉ်သီး ၊ ငရုတ်သီးစိမ်း(အနည်းငယ်) နှင့် ကြက်သွန်ဖြူ (အနည်းငယ်) တို့ကို အနေတော်လေး ခပ်ပါးပါးလေးတွေ လှီးပြီးထည့်ပါ။


အစာပလာတွေ အားလုံးထည့်ပြီးရင်တော့ သံပရာရည်၊ ဆီ၊အချို၊အငန် ကိုယ်နှစ်သက်သလိုထည့်ပြီး သမအောင်နယ်ပေးပါ။ နယ်လို့ပြီးပြီဆိုရင်တော့ ရန်ကုန်စတိုင် အရသာရှိတဲ့ ပြောင်းဖူးလက်ဖက်ချဉ်စပ်သုပ်ကိုစားလို့ရပါပြီ။

သတင်း အရင်းအမြစ်៖

Source – ZinGyi

#ကြက်သွန်ဖြူ
#ပြောင်းဖူး
#ငရုတ်သီး
#လက်ဖက်
#ခရမ်းချဉ်သီး

Some text some message..