စပါးလင် အနံ့လေး သင်းသင်းလေးနဲ့ ထမင်းစားလို့ မြိန်စေမယ့် ဂုံးခြောက်စပ်ချက်
mmload.com
|
2023-10-24

ပင်လယ်ဂုံးခရုကို ဘယ်လိုမျိုးတွေ ချက်စားဖူးသလဲ..?။ မင်မင်ကတော့ပြုတ်စားသုပ်စားတာထက် ငရုတ်သီးနှင့် အစပ်အဟပ်ထိတဲ့ အခြောက်ချက်ပုံစုံမျိုး ချက်စားရတာကိုပိုပြီကြိုက်ပါတယ်။ ဒီတစ်ခါမှာ မင်မင် ဂုံးကြိုက်သူတွေအတွက် မတူကွဲပြားတဲ့ အရသာနှင့်လျှာလည်သွားစေမယ့် ဂုံးခြောက်စပ် ချက်နည်းလေးကို ပြောပြပေးသွားမှာ ဖြစ်ပါတယ်။


ဂုံးခြောက်စပ် ချက်နည်းကို မပြောခင် ထုံးစံအတိုင်းပါဝင်ပစ္စည်းတွေကိုပြောပြပေးပါမယ်..။

(၁) ပင်လယ်ဂုံးခရု (ကိုင်ပြီးသား)

(၂) စပါးလင်

(၃) ငရုတ်သီးခွဲခြမ်းမှုန့်

(၄) ကြက်သွန်(ဖြူ/နီ)

(၅) ဂျင်း(ချင်း)

(၆) ဟင်းခတ်အမွှေးအကြိုင်

ချက်နည်းအဆင့်ဆင့်…..


(၁) အရင်ဆုံး ကိုင်ပြီးသား ဂုံးခရုတွေကို ရေသန့်စင်အောင်အထပ်ထပ်အခါခါ ဆေးကြောပေးပြီး ရေစင်အောင်ညှစ်ထုတ်ပါ။

(၂) ပြီးရင် အချိုအငန် နှင့် နနွင်းမှုန့်ထည့်ပြီး နယ်ထားပေးပါ။ဂုံးကိစ္စပြီးပြီဆိုရင် ကြက်သွန်(ဖြူ/နီ) ၊ စပါးလင် နှင့် ဂျင်းတို့ကို ကြေညက်တဲ့အထိထောင်းပေးထားရပါမယ်။

(၃) စချက်တော့မယ်ဆိုရင် ဒယ်အိုးထဲကို ဆီထည့်ပြီး နယ်ထားတဲ့ဂုံးများကို ထည့်ပေးပါ။ ဂုံးတွေ လိပ်ပြီး ခြောက်လာရင် ဆယ်ယူပြီး ခွက်တစ်ခုထဲကို ထည့်ထားပေးပါ။

(၄) ဒယ်အိုးထဲမှာ စောစောက ဂုံးကြော်ထားတဲ့ ဆီကျန်နှင့် နောက်ထပ်ဆီအနည်းငယ်ထပ်ထည့်ပြီးထောင်းထားတဲ့ ကြက်သွန်(ဖြူ/နီ) ၊ စပါးလင် ၊ ဂျင်း နှင့် ငရုတ်သီးခွဲခြမ်းမှုန့်တို့ကိုဆီသတ်ပေးပါ။


ငရုတ်သီးညိုလာပြီဆိုရင်တော့ ကြော်ထားတဲ့ ဂုံးတွေကို ထည့်ပြီး မွေပေးပါ။ပြီးရင် ဟင်းခတ်အမွှေးအကြိုင်လေးထည့်ပြီး ခြောက်ကျွတ်သွားတော့ တကယ့်ကို အရသာရှိပြီးထမင်းမြိန်စေမယ့် ဂုံးခြောက်စပ်တစ်ခွက်ကို စားသုံးနိုင်ပါပြီ။

သတင်း အရင်းအမြစ်៖

Source – ZinGyi

#အရသာ
#နနွင်းမှုန့်
#ကြက်သွန်ဖြူ
#စပါးလင်
#ပင်လယ်ဂုံး

Some text some message..