
ဒီဟင်းလေးကတော့ခံတွင်းပျက်နေသူတွေကိုခံတွင်းမြိန်စေတဲ့ ဟင်းလေးတခွက်ပဲဖြစ်ပါတယ်။ ကဲလွယ်ကူပြီးပါဝင်ပစ္စည်းမများတဲ့ ကြက်ရခိုင်ချက်နည်းလေးပြောပြမယ်နော်။ဒီဟင်းပွဲအတွက်ပါဝင်ပစ္စည်းတွေကတော့-

(၁) ကြက်သား
(၂)ကြက်သွန်ဖြူ/နီ/ ဂျင်း/ ငရုပ်သီးစိမ်း
(၄)မန်းကျည်းမှည့် အနှစ် (လိုအပ်သလောက်)
(၃)ငပိအနည်းငယ် ပဲလိုအပ်ပါတယ်။

ပထမနေနဲ့ ကြက်သားကို အညှီနံ့ပျောက်အောင်ဆားသံပုရာသီးကိုသုံးပြီးရေစင်အောင်ဆေးပါ။ တည်မည့်အိုးထဲမှာ ကြက်သားကိုနနွင်းမှုန့်၊ ဆား၊ ဟင်းခတ်မှုန့်၊ မန်ကျည်းမှည့်အနှစ်၊ ဆီ အနည်းငယ်တို့နဲ့ နှံ့အောင်မွှေကာနှပ်ထားပါ။
ဒုတိယအနေနဲ့ ကြက်သွန်ဖြူ/နီ/ ဂျင်း/ ငရုပ်သီးစိမ်းတို့ကိုကြေညက်အောင်ထောင်းကာ နှပ်ထားသောကြက်သားနှင့်ရောမွှေကာမိနစ်အနည်းငယ်ကြာအောင်ထပ်နှပ်ပါ။
မိနစ်အနည်းငယ်ကြာလျှင်တော့ နှပ်ထာသောကြက်သားအနံ့မွေးလားသည်အထိ မိနစ်အနည်းငယ်ထားပါ။ ပြီးလျှင်ငါးပိထည့်၍ဆီပြန်အောင်တည်ပါ။နောက်ဆုံးတွင်ရေထည့်၍ ကြက်သားနူးသည်အထိတည်ကာရေလိုအပ်သလောက်အနေအထားတွင် နံနံပင်ထည့်၍ သုံးဆောင်နိုင်ပါပြီ။