
ဒီတစ်ခါတော့ အညာအစားအစာကို ချစ်တယ်၊ အညာဟင်းလေးတွေနဲ့ဆို ထမင်ပိုမြိန်တယ် ဆိုတဲ့သူတွေအတွက်အညာစာလေးဖြစ်တဲ့ ကင်းပုံသီးပုဇွန်ခြောက်ချက်စပ်စပ်လေးချက်စားကြမယ်။ ပါဝင်ပစ္စည်းလဲမများပဲအရသာရှိပြီး လက်မဝင် လို့ အတူချက်စားကြမယ်နော်
ပါဝင်ပစ္စည်းတွေကတော့-
ကင်းပုံသီး
ပုဇွန်ခြောက် /ကြက်သွန်ဖြူ
ကြက်သွန်နီ/ခရမ်းချဉ်သီးအမှည့်/ငရုတ်သီး တို့လိုအပ်ပါတယ်

ကင်းပုံသီးကို ဓားဖြင့် လေးစိတ် စိတ်၍ဖြစ်စေ ငရုပ်ကျည်ပွေ့ဖြင့်ခပ်ဖွဖွထု၍ဖြစ်စေ ပြင်ဆင်ကာ ဆားဖြင့်နယ်ပြီ ရေစင်အောင် ဆေးထားပါ ။ ကြက်သွန်ဖြူ၊နီတို့ကို အခွံနွှာကာ ထောင်းထား ပြီး ခရမ်းချဉ်သီး အမှည့်ကိုလည်း အနှစ်ချက်ရန်အနေတော် တုံးထားပါ

ထောင်းထားသောကြက်သွန်ဖြူ၊နီကို နနွင်း၊ အရောင်မှုန့် အနည်းငယ်ထည့်ကာ ဆီသတ်ပါ ကြက်သွန်နံ့ သင်းလာပါက ခရမ်းချဉ်သီးထည့်ကာ အနှစ်ကျသည်အထိချက်ပါ။ ခရမ်းချဉ်သီး အနှစ်ကျပါက ပုဇွန်ခြောက် လိုအပ်သလောက်ထည့်ကာ မိနစ်အနည်းငယ်ခန့် မွှေပေးပြီး ကင်းပုံသီး၊ ဆား၊ အရသာမှုန့်၊ ပဲငံပြာရည်၊ငရုတ်သီး တို့ထည့်ပြီး ကင်းပုံသီးတို့ အိသည်အထိချက်ပေးပါ။ ကင်းပုန်သီးတို့ အိပါကအရသာအပေါ့ အငံမြည်းကာ သုံးဆောင်နိုင်ပါပြီ