
ဒီတစ်ခါတော့မနက်စာအတွက်ခက်ခဲနေတဲ့သူတွေနဲ့ဘိုးဘွားတွေ၊ကလေးတွေအတွက် မနက်စာပြင်ပေးနေရတဲ့ အိမ်ရှင်မတို့အတွက် လုပ်ရလွယ်ကူတဲ့ပေါင်မုန့်ကြက်ဥကြော်နည်းလေးပြောပြပေးမယ်နော်။ပေါင်မုန့်ကြက်ဥကို ကြော်နေကျအတိုင်မဟုတ်ပဲငှက်ပျောသီးလေးနဲ့စားချင်စရာကောင်းအောင်အတူကြော်ကြည့်မယ်

ပါဝင်ပစ္စည်းတွေကတော့-
ပေါင်မုန့်၊ /ကြက်ဥ/ငှက်ပျောသီး
သကြားအနည်းငယ်/နွားနို့အနည်းငယ် တို့ဖြစ်ကြပါတယ်

ပေါင်မုန့်ကိုဘေးသားအမာများချန်ပြီးအတွင်းသားကိုမပျက်စီးဘဲ စတုရန်းပုံအသားရအောင်စနစ်တကျလှီးထုတ်ပါ။ကြက်ဥကို ပန်ကန်တစ်လုံးမှာဖောက်ထည့်ကာ ဆားအနည်းငယ်၊နွားနို့အနည်းငယ်၊အကြားအချိုနှစ်သက် သလောက်ထည့်ကာ သမအောင်ခေါက်ထားပြီး ငှက်ပျောသီးကိုဓားဖြင့်ပါးပါးလှီးထားပါ
ဒယ်အိုးတွင်ဆီအနည်းငယ်ထည့်ကာအတွင်းသားထုတ်ထားသောပေါင်မှုန့်ဘေးသားအမာ ကိုထည့်ပါ။ အလယ် အတွင်းသားနေရာမှာတော့ပါးပါးလှီးထားသာငှက်ပျောသီးကိုထည့်ပြီး ခေါက်ထားသောကြက်ဥလောင်းထည့်ပါ။ ကြက်ဥတို့ထည့်ပြီးပါက ဓားဖြင့်လှီးထုတ်ထားသောပေါင်မုန့်အလယ်သားကိုထည့်ပိတ်ကာ အထက်အောက်မကြာခဏ လှန်ကာကြက်ဥတို့ကျက်ပြီး ပေါင်မုန့်တို့ရွှေရောင်သန်းအောင်ကြော်ပါ။ ပေါင်းမုန့်တို့ရွှေရောင်သန်းလာပါကဆယ်ယူကာ မိမိနှစ်သက်ရာဖြင့်တွဲဖက်ကာသုံးဆောင်နိုင်ပါပြီ