ဖရုံသခွားကိုအနောက်တိုင်းစတိုင်လေး ကြော်စားကြည့်ရအောင်
mmload.com
|
2024-02-28

ဖရုံသခွားသီးဟာကျန်းမာရေးနဲ့ညီညွတ်တဲ့အသီးတစ်မျိုးဖြစ်ပြီးဈေးမှာအလွယ်တကူဝယ်လို့ရတဲ့ကုန်စိမ်းတစ်မျိုးပဲဖြစ်ပါတယ်။လူတော်တော်များများကတော့ဖရုံသခွားသီးကိုနည်းမျိုးစုံနဲ့စားကြတာကိုတွေ့ရပြီးအနောက်တိုင်းစတိုင်ကြော်စားတာတော့တွေ့ရရှားပါတယ်။ဒီတစ်ခါတော့ကျွန်တော်ကဖရုံသခွားသီးကိုစားနေကျပုံစံအတိုင်းမဟုတ်ဘဲအနောက်တိုင်းပုံစံအတိုင်း ချိစ့်လေးနဲ့အရသာရှိရှိကြော်စားကြည့်ရအောင်နော်...


ပထမအနေနဲ့ဖရုံသခွားသီးကို ထိပ်ပိုင်း၊အညှာပိုင်းဖြတ်ကာအရှည်အတိုင်းဓားဖြင့်ပါးပါးလှီးထားပြီးဆားရည်စိမ်ထားပါ။ပန်းကန်တစ်လုံးတွင်ဆီအနည်းငယ်ထည့်ကာ ပူစီနံမှုန့်အနည်းငယ်သော်လည်ကောင်းစမုန်စပါးမှုန့်အနည်းငယ်သော်လည်ကောင်းထည့်ကာဖျော်ပြီးဖရုံသခွားသီးပြားများကိုသုပ်လိမ်းထားပေးပါ။ ပန်းကန်တစ်ချပ်တွင်ကြက်ဥဖောက်ထည့်ကာအကာအနှစ်သမအောင်ခေါက်ထားပြီး ခြစ်ဖြင့်ပါးပါးခြစ်ထားသောချိစ့်၊ဆား၊ငရုပ်ကောင်းတို့ထည့်ကာသမအောင်ခပ်ဖွဖွမွှေထားပါ။ အခြားပန်းကန်ထဲမှာတော့မုန့်ကြွပ်မှုန့် နဲ့ဂျုံမှုန့်အနည်းငယ်ကိုရောကာသမအောင်မွှေထားပါ


ဒယ်အိုးတွင်ဆီမျာများထည့်ကာဆီဆူအောင်အပူပေးထားပြီး ဆီသုပ်ထားသောဖရုံသခွားသီးကိုမုန့်ကြွပ်မှုန့်တွင်လူးပြီး တစ်ဖန်ကြက်ဥတွင်နှစ်ကာ ချိစ့်အဖတ်တလေးများပါဇွန်းဖြင့်ခပ်ကာဖရုံသခွားသီးတွင်သုပ်လိမ်းပေးပြီးဆီဆူဆူတွင်ကြော်ပါ။ ဖရုံသခွားသီးပြားတို့မျက်နှာပြင်နှစ်ဖက်ရဲသည်အထိအထက်အောက်လှန်ကာကြော်ပေးပြီးမျက်နှာပြင်နှစ်ဖက်ရဲပါကဆယ်ယူကာဆီစစ်ထားပြီးမိမိနှစ်သက်ရာ ဆောစ့်ဖြင့်ဖြစ်စေ  ချိစ့်၊မရောနိတို့နဲ့ဖြစ်စေတွဲဖက်စားသုံးနိုင်တဲ့ ဖရုံသခွားသီးကြော်လေးရရှိပြီပဲဖြစ်ပါတယ်



#ကျန်းမာရေး
#အရသာ
#ကြက်ဥ
#သခွားသီး
#မုန့်ကြွပ်မှုန့်

Some text some message..