
တရုတ်ကောက်ညှင်းပေါင်းကတော့ လူတိုင်းကြိုက်နှစ်သက်တဲ့ တရုတ်အစားစာ တခုဖြစ်ပါတယ်
အိမ်မှာ အလွယ်တကူလုပ်စားနိုင်စေဖို့ ဖော်ပြပေးလိုက်ပါတယ် ကောက်ညှင်းဝယ်တဲ့အခါ ရွေးဝယ်တတ်ဖို့လိုပါတယ်

ပါဝင်ပစ္စည်းများ:
ကောက်ညှင်း ၂ ခွက်/မှိုခြောက် ၅ ကောင် (ရေ ၃ နာရီစိမ်ထားပါ)
ပုစွန်ခြောက် ၅ ဂရမ် (၃ နာရီကြာ ရေစိမ်ထားပါ)/တရုတ်ဝက်အူချောင်း (lap chong) ၂ ခု
နွေကြက်သွန်/ပဲငံပြာရည် ၂ ဇွန်း
ကမာဆီ စားပွဲတင်ဇွန်း ၁ ဇွန်း/ပါးပါးလှီးထားသော ကြက်သွန်ဖြူ ၄ မွှာ
ဝက်အူချောင်းများနှင့် မှိုများကို အတုံးသေးသေးလေးများ ဖြတ်ပါ။
ပုဇွန်ခြောက် တို့ဖြင့် ချက်ထားသော ကောက်ညှင်းပေါင်းထဲကို ထည့်နိုင်ပါတယ်

အရင်ဆုံးအနေနဲ့ မှိုခြောက် ပုစွန်ခြောက် ဝက်အူချေင်း ကြက်သွန် ပဲငံပြာရည် ကြက်သွန်ဖြူ တို့ကို ရောပြီး ဆီသတ်ပါ ဆီသတ်ပြီးရင်တော့ ရေစိမ်ထားတဲ့ ကောက်ညှင်းကို ထည့်ပြီးမွှေပါ ပြီးရင် အရည်နည်းလာပြီ ဆိုရင်တော့ ပေါင်းအိုထည့် ထည့်ပါ မိနစ်အနည်ငယ် ကြာရင်တော့ စားသုံးလို့ရပါပြီ