ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကညွတ်ကြော်စိမ်းစိမ်းလေး
mmload.com
|
2024-04-04

အရွက်ဆိုရင် ကန်စွန်းရွက် ၊ မုန့်ညှင်းရွက်တွေကြီး စားနေရတာ ရိုးနေတဲ့ လေဒီတို့အတွက် စားလို့ကောင်းပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ ကညွတ်ကြော် ကြော်နည်းလေး ဝေမျှလိုက်ပါတယ်။

ကညွတ်ကြော်စိမ်းစိမ်းလေးဖြစ်ဖို့ လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့

၁။ ကညွတ်ပင်

၂။ အသားမှုန့် ၊ ဆား ၊ ဆီ နဲ့ ပဲငံပြာရည်အနည်းငယ်

၃။ ကြက်သွန်ဖြူ ၊ ကြက်သွန်နီ ၊ ငရုတ်ကောင်း တို့ပဲ လိုအပ်ပါတယ်။


အရင်ဆုံး ဝယ်လာတဲ့ ကညွတ်တွေကို ရေသေချာ စင်ကြယ်အောင် ဆေးပါမယ်။ ပြီးရင်တော့ ၂ လက်မအရွယ်အစားလောက် လှီးဖြတ်ထားပါမယ်။ ကြက်သွန်ဖြူအနည်းငယ် တစ်ပြားရိုက်ထားပါမယ်။ ကြက်သွန်နီ ပါးပါးလှီးပါမယ်။ လှီးနေတဲ့အချိန် တစ်ဖက်မှာ ဒယ်အိုးဖွင့်ပြီး ဆီထည့်ထားပါမယ်နော် ။ ဆီဆူလာပြီဆိုရင်တော့ အဆင်သင့်လှီးထားတဲ့ ကြက်သွန်ဖြူ နဲ့ ကြက်သွန်နီတို့ကို ထည့်လိုက်ပါမယ်။ အနည်းငယ်မွှေပြီး ကြက်သွန်ဖြူ နဲ့ ကြက်သွန်နီအနံ့ လေး သင်းလာပြီဆိုရင်တော့ ရေဆေးထားတဲ့ ကညွတ်တွေကို ထည့်မွှေလိုက်ပါမယ်။ ‌


အသားမှုန့် ၊ ဆားတို့ကို လိုအပ်သလို ထည့်ပြီး အရသာနှံ့စပ်အောင် ရောမွှေပြီးရင်တော့ ဒယ်အိုးအဖုံးလေး ခဏအုပ်ထားလိုက်ပါမယ်။ ၁ မိနစ်လောက်အုပ်ပြီးရင် ပဲငံပြာ ထမင်းစားဇွန်း တစ်ဇွန်း ထည့်လိုက်ပြီး အပေါ်အောက် ပြန်မွှေပါမယ်။ ဒါဆိုရင်တော့ အရမ်းကို စားလို့ကောင်းပြီး မွှေးကြိုင်နေတဲ့ ကညွတ်ကြော်ပူပူလေးကို ရရှိသွားပြီပဲ ဖြစ်ပါတယ်။


#ကျန်းမာရေး
#ကြက်သွန်ဖြူ
#ကြက်သွန်နီ
#ငံပြာရည်
#ကန်စွန်းရွက်

Some text some message..