ကြက်အူ ချဉ်စပ်မဆလာချက်
mmload.com
|
2024-04-30

ကြက်အူ ချဉ်စပ်မဆလာချက် လေးကို ဖော်ပြပေးမှာဖြစ်ပါတယ်

ပါဝင်ပစ္စည်းတွေကတော့

ကြက်အူ ၂ဝကျပ်သား /ကြက်သွန်ဖြူ ၅မွှာ/ချင်း(ဂျင်း) လက်တစ်ဆစ်

ကြက်သွန်နီ ဥကြီး ၃လုံး (နုပ်နုပ်စဉ်းထားပါ) /ခရမ်းချဉ်သီး ၅လုံး(နုပ်နုပ်စဉ်းထားပါ)

ငရုတ်သီးစိမ်း ၁၀ တောင့် /မဆလာ ထမင်းစားဇွန်းတစ်ဇွန်း

နနွင်း လက်ဖက်ရည်ဇွန်းတစ်ဝက် /အရောင်တင်မှုန့် ထမင်းစားဇွန်းတစ်ဇွန်း

ဆား လက်ဖက်ရည်ဇွန်းဝက် /ဟင်းခတ်မှုန့် လက်ဖက်ရည်ဇွန်းတစ်ဇွန်း

ပုဇွန်ငံပြာရည် လက်ဖက်ရည်ဇွန်းတစ်ဇွန်း/မန်ကျည်းနှစ် ထမင်းစားဇွန်းတစ်ဇွန်းခွဲ /ဆီ ထမင်းစားဇွန်း ၅ဇွန်း/ရှာလကာရည် ထမင်းစားဇွန်းဆယ်ဇွန်း


ဘယ်လိုချက်ရမလဲဆိုတော့

 ချင်း(ဂျင်း)၊ ကြက်သွန်ဖြူ၊ ငရုတ်သီးစိမ်း ၅တောင့်တို့ကိုရောထောင်းထားပါ။ ကိုင်ပြီးသားကြက်အူတွေကို ရှာလကာရည်နဲ့ ဆုပ်ဆုပ်နယ်ပြီး ဆေးကြောသန့်စင်ပါ။ အနံ့လဲပျောက်၊ အချွဲတွေလဲပျောက်သွားလျှင် ရေနွေးပွက်ပွက်ဆူထဲသို့ထညိ့၍ ဖျောလိုက်ပါ။ ပြီးလျှင် မိမိကြိုက်နှစ်သက်တဲ့အရွယ်ရအောင် လှီးဖြတ်ထားပါ။


ဒယ်အိုးတည်ပြီး ဆီထည့်ပါ။ ဆီပူလာရင် ကြက်သွန်နီထည့်ဆီသတ်ပါ။ ကြက်သွန်နီနွမ်းစပြုလျှင် ဂျင်း၊ ကြက်သွန်ဖြူရောထောင်းတာထည့်ပြီး ဆီသတ်ပါ။ အနံ့မွှေးလာရင် ခရမ်းချဉ်သီး စဉ်းထားတာထည့်ချက်ပါ။ ခရမ်းချဉ်ကြေညက်လာလျှင် နနွင်း၊ အရောင်တင်မှုန့်၊ မဆလာတို့ထည့်ဆီသတ်ပါ။ ပြီးလျှင် ကြက်အူ၊ ဆား၊ ငံပြာရည်၊ ဟင်းခတ်မှုန့်၊ မန်ကျည်းနှစ်တို့ထည့်ပါ။ တစ်မိနစ်လောက်မွှေချက်ပြီး ရေထည့်ပါ။ ဒယ်အိုးကိုအဖုံးအုပ်ကာ ကြက်အူများနူးနပ်သည်ထိချက်ပါ။

 ဆီပြန်ရေကျန်အနေထားမှာ အရသာမြည်းပါ။ စိတ်ကြိုက်အရသာရလျှင် ငရုတ်စိမ်းတောင့်များထည့်ပါ။ အဖုံးအုပ် မီးပိတ်ထားပြီး သုံးမိနစ်လောက်ကြာလျှင်စားလို့ရပါပြီ


#ကြက်သွန်ဖြူ
#ထမင်း
#ကြက်သွန်နီ
#ငံပြာရည်
#ကြက်အူ

Some text some message..