ရေခဲသေတ္တာထဲကို လုံးဝမထည့်သင့်တဲ့အစားအသောက်(၁၂) မျိုး
popolay.com
|
2019-01-31

၁။အာလူး








အာလူးကို ပုံမှန်အားဖြင့်အေးခဲပြီးမှောင်တဲ့နေရာမှာထားခြင်းဟာ ကောင်းပါတယ်။ ဒါပေမဲ့အေးတဲ့နေရာဆိုတာ ရေခဲသေတ္တာလိုအရာမျိုးကိုပြောတာမဟုတ်ပါဘူး။အာလူးကို ရေခဲသေတ္တာထဲမှာအေးခဲထားခြင်းဟာအာလူးမှာရှိတဲ့ သကြားဓာတ်ကို လျော့ချစေနိုင်ပြီးအာလူးရဲ့အရသာကိုပြောင်းလဲသွားစေနိုင်တာကြောင့်အာလူးကို ရေခဲသေတ္တာထဲအကြာကြီးမထားသင့်ပါဘူး။

၂။ ကြက်သွန်နီ








ကြက်သွန်နီဆိုတာမျိုးကအပူချိန်မြင့်တဲ့နေရာနဲ့ နေရောင်ခြည်ရတဲ့နေရာတွေမှာထားတာအကောင်းဆုံးပါ။ ကြက်သွန်နီကို ရေခဲသေတ္တာထဲထားခြင်းဟာအနံ့အသက်ဆိုးဝါးစေပြီး တခြားစားသောက်ဖွယ်ရာတွေကို မှိုတက်မြန်စေတာကြောင့် မထားသင့်ပါဘူး။

၃။ ကြက်သွန်ဖြူ








ကြက်သွန်ဖြူဆိုတာအေးပြီးခြောက်သွေ့တဲ့နေရာမှာ ထားသင့်တဲ့အရာဖြစ်ပါတယ်။ ကြက်သွန်ဖြူကိုအစိုဓာတ်များတဲ့ရေခဲသေတ္တာထဲမှာ ထည့်ထားမယ်ဆိုရင် ကြက်သွန်ဖြူရဲ့ နက်ရှိုင်းတဲ့ စပ်ဖျဉ်းဖျဉ်းအရသာကို လျော့နည်းသွားစေမှာပဲဖြစ်ပါတယ်။

၄။ ဖရဲသီး








ဖရဲသီးမှမဟုတ်ပါဘူး၊ သခွားမွေးသီး၊ ဖရဲသီးအဝါ တို့ကိုမခွဲရသေးပဲအလုံးလိုက် ဆိုရင် ရေခဲသေတ္တာထဲမထည့်ပဲအပူချိန်များတဲ့နေရာမှာသာထားသင့်ပါတယ်။ တကယ်လို့ ရေခဲသေတ္တာထဲထည့်မယ်ဆိုရင် ခွဲပြီးမှထည့်တာအကောင်းဆုံးပါ။ သို့ပေမဲ့အသီးတွေကိုဒီလိုရေခဲသေတ္တာထဲထည့်ခြင်းဟာ သဘာဝအသီးရဲ့ ပင်ကိုယ်အရသာကို ပျောက်သွားစေပါတယ်။

၅။ ပျားရည်








ပျားရည်ကို ရေခဲသေတ္တာထဲထည့်ရင်တော့ ခဲသွားစေနိုင်ပါတယ်။ ပျားရည်ဆိုတာအပူချိန်များတဲ့နေရာမှာထားရတာဖြစ်ပြီး ရေခဲသေတ္တာထဲမှာ ထားပါများရင်တော့ သူ့ရဲ့ ပင်ကိုယ်အရသာကိုပျောက်ကွယ်သွားစေနိုင်ပါတယ်။

၆။ ပေါင်မုန့်








ပေါင်မုန့်ကို ရေခဲသေတ္တာထဲထည့်ထားရင်တော့ မာတောင့်ပြီးခဲသွားတတ်တာကြောင့် ပေါင်မုန့်ရဲ့ ပင်ကိုယ်အရသာကိုလဲပျက်ပြားစေနိုင်တာကြောင့် ရေခဲသေတ္တာထဲမှာအကြာကြီး မထားသင့်ပါဘူး။

၇။အစေ့အဆန်များ








သစ်ကြားစေ့၊ သီဟိုဋ်စေ့၊ နေကြာစေ့၊ ဖရုံစေ့၊ ကွာစေ့အစရှိတဲ့အစေ့အဆန်တွေကို ရေခဲသေတ္တာထဲထည့်ထားဖို့ မသင့်တော်ပါဘူး။အစေ့အဆန်တွေကို ရေခဲသေတ္တာထဲ ကြာရှည်ထားရင် ပင်ကိုယ်ရှိတဲ့အဆိမ့်ဓာတ်ပျောက်သွားပြီးအချဉ်ဓာတ်ပေါက်သွားစေတဲ့အတွက် စားမိရင်အန္တရာယ်ရှိနိုင်ပါတယ်။

၈။ ကော်ဖီ








ကော်ဖီကို ရေခဲသေတ္တာထဲ ကြာရှည်ထည့်ထားမယ်ဆိုရင်တော့ ကော်ဖီရဲ့ပင်ကိုယ်အရည်အသွေးကို ကျဆင်းစေမှာပဲဖြစ်ပါတယ်။

၉။ ခရမ်းချဉ်သီး








ဒီမှာ ခရမ်းချဉ်သီးတွေရေခဲသေတ္တာထဲ မထည့်ရဘူးဆိုတာက မှည့်ပြီးသား ခရမ်းချဉ်သီးတွေကို ပြောတာဖြစ်ပါတယ်။ မှည့်နေတဲ့ ခရမ်းချဉ်သီးတွေကို ရေခဲသေတ္တာထဲ ထည့်ထားတတ်တာက ပုံမှန်ထက်တာရှည်ခံစေတယ်ဆိုပေမယ့် ဘယ်အရာမှ ပုံမှန်သက်တမ်းထက် တာရှည်ခံနေတာမျိုးကမကောင်းပါဘူး။ ဒါက ခရမ်းချဉ်သီးရဲ့ ပင်ကိုယ်အရသာကိုပျောက်စေတာကြောင့် ရေခဲသေတ္တာထဲအကြာကြီး ထည့်မသိမ်းထားသင့်ပါဘူး။

၁၀။ ငရုတ်ဆော့








ငရုတ်ဆော့ရဲ့ ပင်ကိုယ်ဓာတ်ဟာအပူအစပ်ဖြစ်ပါတယ်။ ဒီလိုအပူအစပ်အရသာရှိတဲ့အရာကို ရေခဲသေတ္တာထဲ ထည့်ထားခြင်းဟာအေးခဲပြီး ပူစပ်တဲ့ပင်ကိုယ်အရသာကိုလျော့နည်းသွားစေပါတယ်။

၁၁။ ပန်းသီး








ပန်းသီးကို ရေခဲသေတ္တာထဲ ထည့်ထားခြင်းဟာ ပန်းသီးရဲ့ ကြွပ်ရွမှုကို လျော့နည်းစေနိုင်ပါတယ်။ ပန်းသီးကို ပိုမိုကြွပ်ရွစေချင်တယ်ဆိုရင်တော့ ရေခဲသေတ္တာထဲမထည့်ထားပဲ ဒီတိုင်းခြင်းထဲထည့်ပြီးအလင်းရောင်ရတဲ့ စားပွဲတစ်ခုပေါ်တင်ထားတာကအကောင်းဆုံးဖြစ်ပါလိမ့်တယ်။

၁၂။ မက်မွန်သီး








မက်မွန်သီးမှ မဟုတ်ပါဘူး။ တခြားအရည်ရွှမ်း မျိုးနွယ်ဝင်တဲ့အသီးအနှံတွေဟာ သဘာဝအတိုင်း မှည့်ဖို့လိုပြီးနေရောင်ခြည်ရတဲ့နေရာမှာထားတာကအကောင်းဆုံးဖြစ်ပါတယ်။






#ရေခဲသေတ္တာ
#အာလူး
#အရသာ
#ခရမ်းချဉ်သီး
#ပန်းသီး

Some text some message..