ကလေး
တစ်ယောက်အနေနဲ့ မွေးစကနေ ၆ လကအထိကနို့သောက်တယ်၊ ပြီးရင် တစ်ဆင့်တက်ပြီအစားစစားမယ်။ ဒါက ကလေးတစ်ယောက်
ကြီးထွားဖွံ့ဖြိုးမှုြ
ဖစ်စဉ်မှာ တော်တေ်ာလေးအရေးပါတဲ့ မှတ်တိုင်တစ်ခုပေါ့။ နို့စို့ချိန်က ဘာမှကို မသိသေးတဲ့အရွယ်
ပါးစပ်
ထဲနို့သီးခေါင်းရောက်ရင် နို့စစို့တာပေါ့။ ဗိုက်ဝရင် ဆက်မစို့ဘူး၊ နှာခေါင်းပိတ်နေရင် နို့မစို့ဘူး။ ဒီလောက်ပါပဲ။အရွယ်လေးရ
အသိဉာဏ်
ကတိုးလာတော့အစားအစာတွေ။ကိုအရသာခံတတ်လာပြီ ဘာကြိုက်တယ်။ မကြိုက်ဘူး ရွေးတတ်လာပြီ။ ဒီအချိန်မှာအစားအစာပြင်ဆင်ပေးရတာခက်လာပြီဖြစ်ပြီး စိတ်ရှည်ရှည်ထားရတဲ့အချိန်ကိုလည်းရောက်လာပါပြီ။ ကလေးကအစားအစာတွေ စစားချိန်ဆိုတော့ သေချာ
အရသာ
ကိုမသိသေးပါဘူး။မိဘတွေအနေနဲ့ စိတ်ရှည်ရှည်လေးကျွေးပေးမှ ကလေးကအစားမရွေးတမ်းစားတတ်တဲ့ ချစ်စရာကလေးတစ်ယောက်အဖြစ် ကျန်းကျန်းမာမာကြီးပြင်းလာမှာပါ။
ကလေးကိုအစားစကျွေးမယ့် မိဘတွေအတွက်အသုံးတည့်မယ့်နည်းလမ်းအချို့
ကလေးကအစားစစားပြီဆိုရင်အစားရဲ့အရသာသိအောင်အပြင် ဘယ်လိုမျိုးဝါးစားရမယ်ဆိုတာကိုပါ ပြောပြသင်ပေးရမှာပါ။ ဒီလိုမိတ်ဆက်ပေးတဲ့အခါအဆင်ပြေပြေလေးဖြစ်စေမယ့် နည်းလမ်းလေးအချို့ကိုပြောပြပေးပါရစေ။ ကလေးကိုအစားအသစ်တစ်ခုခုနဲ့မိတ်ဆက်တဲ့အခါ သူကြိုက်တတ်တာလေးနဲ့ ရောကျွးပါ - ကလေးက မစားဖူးတဲ့အစားကိုစားခါနီးမှာ မစားချင်သလိုလုပ်နေနိုင်ပါတယ် ဒီလိုပြဿနာကကင်းဝေးချင်ရင်တော့ ကလေးကို သူကြိုက်တတ်တဲ့
စားစရာလေး
နဲ့ ကိုယ်ကျွေးချင်တဲ့ စားစရာလေးကို တွဲဖက်ကျွေးပေးပါနော်။ အတင်းဖိအားမပေးပါနဲ့ - ကလေးက မစားချင်လို့ငြင်းနေတဲ့
အစားအစာတွေ
ကိုအတင်းစားခိုင်းတာမျိုးမလုပ်ပါနဲ့။ ကလေးက ရေရှည်မှာ ဒီအစားအစာကို လုံးဝမစားတော့တာမျိုးဖြစ်သွားနိုင်လို့ပါ။ ကလေးကစားကြည့်ဖို့တိုက်တွန်းပြီး သူ့သဘောနဲ့သူစားလာအောင်ပဲအချိန်ပေးလိုက်ပါနော်။ နည်းနည်းလေးကနေစကျွေးပါ - ကလေးကိုအစားအစားအသစ်တစ်ခုကိုကျွေးတဲ့အခါအများကြီးကျွေးတာမျိုးမလုပ်ပါနဲ့။အမြည်းသဘောနဲ့ နည်းနည်းလေးစကျွေးကြည့်ပါ။ ဒီလိုလုပ်တာက ကလေးကို ထပ်စားချင်စိတ်ဖြစ်လာအောင်လှုံ့ဆော်ပေးနိုင်မှာပါ။ အားရပါးရစားပြပါ -
မိဘတွေ
က သားသမီးတွေရဲ့ ရှေ့ဆောင်လမ်းပြတွေပါ။ ဒီတော့ ကလေးရှေ့မှာ ကိုယ်တိုင်ကအားရပါးရ
အရသာရှိရှိ
စားပြပေးပါ။ ဒါဆိုကလေးက လည်း မြည်းစမ်းကြည့်ချင်လာပြီး လိုက်စားလာပါလိမ့်မယ်။ အစားအစာအသစ်ကို တစ်ခုချင်းစီပဲ မိတ်ဆက်ပေးပါ - ကလေးကိုအစားအစာအသစ်မိတ်ဆက်တဲ့အခါ တပြိုင်နက်တည်း နှစ်ခု၊ သုံးခုစုပြီး မိတ်ဆက်တာမျိုးမလုပ်ပါနဲ့။ တစ်ကြိမ်မှာ တစ်ခုချင်းစီပဲမိတ်ဆက်ပေးပါ။ ကလေးကိုရွေးချယ်စရာများပြီး ရှုပ်ထွေးအောင်မလုပ်ပါနဲ့။ ဒီနည်းလမ်းတွေအပြင်
မေမေဖေဖေ
တို့သတိထားသင့်တဲ့ နောက်ထပ်နည်းလမ်းတစ်ခုရှိနေပါသေးတယ်။ ဒါကတော့ စိတ်ရှည်မှုကိုအခြေခံထားတဲ့အချိန်ပေးရတဲ့နည်းလမ်းတစ်ခုပေါ့။ ကလေးတစ်ယောက်ကအစားအစာအသစ်တစ်ခုကို စားဖို့ဆိုရင် ဒီအချက်တွေနဲ့ ပြည့်စုံမှစားတာပါနော်။ ကလေးတစ်ယောက်ကအစားအစာအသစ်တစ်ခုကို စမစားခင်မှာအနည်းဆုံး ၁၅ ကြိမ်လောက် မြင်ထားဖူးမှစစားတတ်ကြတာပါ။ နောက်တစ်ချက်ကတော့ ကလေးတစ်ယောက်က သူ့ကိုမိတ်ဆက်ပေးတဲ့အစားအစာကိုအနှစ်သက်ဆုံးအစားအစာတစ်ခုအနေနဲ့ စားဖို့ဆိုရင်အချိန် ၄ ၇က်ကနေ ၇ ရက်လောက်အထိအချိန်ပေးရပါမယ်။ စိတ်ရှည်ရှည်နဲ့ လက်မလျော့တမ်းကျွေးပေးမှာ ကလေးကအစားမရွေးဘဲ ကျန်းမာတဲ့ကလေးတစ်ယောက်အဖြစ်ကြီးပြင်းလာမှာပါနော်။ ဒီနည်းလမ်းက ကလေးအစာခြေစနစ်ကိုလည်း ကျန်းမာစေဖို့အထောက်အကူပြုပေးပါတယ်။
Hello Health Group
သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။