တစ်ခေါက်လောက် မြည်းကြည့်သင့်တဲ့ ကမ္ဘာအနှံကထူးထူးဆန်းဆန်းစားသောက်ဆိုင် (၆) ခု
shwemom.com
|
2019-04-04

အစားအသောက်ဆိုတာ လူ့ဘုံရဲ့စစ်မှန်တဲ့အနှစ်အရသာလို့အဓိပ္ပာယ်ဖွင့်ရင် မမှားမယ်မထင်ပါဘူးနော်။ ခရီးသွားတွေအတွက် သွားသင့်တဲ့နေရာတွေကို ဖော်ပြနေကြဖြစ်တဲ့အတွက် ဒီတစ်ခေါက်မှာတော့ ကမ္ဘာအနှံ့ ထူးထူးခြားခြားအပြင်အဆင်တွေနဲ့ တစ်နပ်လောက်တော့ သွားစားသင့်တဲ့ စိတ်ဝင်စားဖွယ် စားသောက်ဆိုင်လေးတွေကို ဖော်ပြပေးသွားမှာပါ။


လန်ဒန်က Choppa Club

အပြင်အဆင်ကြည့်ရုံနဲ့ သိပ်ညွှန်းစရာမလိုဘဲ စိတ်ဝင်စားနေလောက်ပြီထင်ပါတယ်နော်။ လူအရမ်းများလို့ လန်ဒန်ရောက်တုန်း သွားမယ်ကွာဆိုရင်တော့ ကြိုတင်ဘိုကင်ချိတ်ဖို့တော့ လိုအပ်ပါမယ်။


Choppa Club


အမ်စတာဒမ်က Icebar

ရေခဲနန်းတော်ထဲကအရက်ဘားလေးပါ။ ရေခဲနဲ့လုပ်ထားတဲ့ခွက်တွေ၊ ရေခဲအရက်ပုလင်းတွေနဲ့ ထူခြားတဲ့ ခံစားမှုကို ရရှိမှာဖြစ်ပြီးအမိုက်စားအပြင်အဆင်တွေနဲ့မို့ သိပ်ကိုသွားသင့်တဲ့ ဘားစားသောကဆိုင်လေးပါ။ -၁၀ ဒီဂရီသာရှိတဲ့အတွက် ဧည့်သည်တွေဖို့ ဝတ်စုံတွေလည်းအထူစီစ်ပေးထားပါတယ်။


Icebar


ထိုင်းနိုင်ငံ၊ Soneva Kiri Eco Resort က ငှက်သိုက်စားသောက်ဆိုင်လေး

အမြင့်ပေ ၁၆ ပေလောက်ရှိတဲ့ သစ်ပင်ကြီးပေါ်မှာ တည်ရှိပြီး luxury ဆန်တဲ့ဆိုင်တစ်ဆိုင်လို့ ပြောချင်ပါတယ်။ စားပွဲထိုးတွေဟာ သင့်ရဲ့အစားအသောက်တွေကို zip line ကနေတစ်ဆင့် သယ်လာပေးမှာမို့ ထူးခြားတဲ့ခံစားမှု ရရှိစေမှာပါ။


Soneva Kiri Eco Resort


Anantara Kugavah Villa က ရေအောက်စားသောက်ဆိုင်

ငါးမန်းတွေနဲ့အတူတူ ညစာစားချင်တယ်ဆိုရင်တော့ ဒီနေရာလေးကို ရွေးချယ်လိုက်ပါနော်။


Anantara Kugavah Villa


Mount-Blanc က Aiguille du Midi စားသောက်ဆိုင်

တစ်သက်မှာတစ်ခါလောက် မြင်ဖူးသင့်တဲ့ ရှုခင်းမျိုးကိုကြည့်ပြီး နေ့လည်စာစားရမယ်ဆိုရင်ရော? ပြင်သစ်မှာရှိပြီးအမြင့်ပေ ၃၈၄၂ မီတာမှာ တည်ရှိပါတယ်။


Aiguille du Midi


Aiguille du Midi


ရှေ့ပြေးခေတ်မှာညစာစားနေသလို ခံစားစေမယ့် Ibiza

ကမ္ဘာဈေးအကြီးဆုံး စားသောက်ဆိုင်တွေထဲက တစ်ဆိုင်မှာ ပါဝင်နေပြီး Playa de Bossa မှာရှိတဲ့ Hard Rock hotel မှာ တည်ရှိပါတယ်။ လူ၁၂ယောက်ပြည့်ရင်လည်း ပုံထဲမှာပါတဲ့အထူးခန်းထဲမှာ သုံးဆောင်ခွင့်ရဦးမှာပါနော်။


Ibiza


Ibiza


Source: Elite Readers


Penny

 

 


#စားသောက်ဆိုင်
#အပြင်အဆင်
#ရေခဲ
#ညစာ
#ဆိုင်

Some text some message..