ချိစ့်ကိုအခြေခံချက်ပြုတ်ထားတဲ့ နိုင်ငံတကာမှစားချင့်စဖွယ်ဟင်းလျာ (၉) မျိုးအကြောင်း
shwemom.com
|
2019-04-11

ချိစ့်ဆိုတဲ့စကားကြားရင်ကို သွားရည်ကျလောက်တဲ့အထိအရမ်းကြိုက်ရသူတွေရှိမလးမသိဘူး။ ချိစ့်ဟာ နို့နဲ့ပြုလုပ်ထားတဲ့ နို့ထွက်ပစ္စည်းတွေထဲက တစ်ခုအပါအဝင်ဖြစ်တာကြောင့် ခန္ဓာကိုယ်အတွက် ကောင်းကျိုးတွေ များစွာပေးတဲ့အပြင်အာဟာရပြည့်ဝစေတဲ့အစားအစာတစ်မျိုးပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၇၃,၀၀၀ လောက်ကတည်းက လူတွေစတင်စားသုံးနေကြပြီလို့ ယူဆရပါတယ်။

ကမ္ဘာပေါ်မှာ ချိစ့်မကြိုက်တဲ့လူဆိုတာသိပ်ကိုရှားပါတယ်။ ဘာသာစကားမတူသူ၊ ရိုးရာဓလေ့နဲ့ ကိုးကွယ်တဲ့ ဘာသာတွေကွဲပြားသူတွေကြား စိတ်နှလုံးချင်း ချိတ်ဆက်စေတဲ့အရာဟာအပြုံး၊ သီချင်းအပြင် ချိစ့်ကိုပါ ထည့်သွင်းသတ်မှတ်သင့်ပါတယ်။ ကမ္ဘာတစ်ဝှမ်း ချိစ့်နဲ့ပြုလုပ်ထားတဲ့အစားအသောက်တွေအကြောင်းကို ချိစ့်ချစ်သူတွေအတွက် ဗဟုသုတအနေနဲ့သော်လည်းကောင်း၊အိမ်မှာပြန်ချက်စားဖို့အတွက်ရော ဖော်ပြပေးလိုက်ရပါတယ်။


ဂျော်ဂျီယာက Adjaruli Khachapuri

Khachapuri ဟာ ပီဇာမုန့်လုပ်တဲ့ မုန့်သားနဲ့ပြုလုပ်ထားတာဖြစ်ပြီး mozzarella နဲ့ feta ချိစ့်တို့ကို မုန့်ပေါ်မှာရောတင်ထားပြီးအဲဒီအပေါ်ကမှ ကြက်ဥကို ဖောက်တင်ကာ ဖုတ်ထားတဲ့ပေါင်မုန့်ပုံစံပဲဖြစ်ပါတယ်။


Aragvi/ Wikimedia Commons


ပြင်သစ်က Aligot

Aligot ကတော့ ပြင်သစ်အစားအသောက်တွေထဲ လူသိပ်မသိကြတဲ့အစားသောက်တစ်မျိုဖြစ်ပါတယ်။အာလူးကိုပြုတ်၊ ထောင်းပြီး လုံးဝဟင်းအနှစ်လိုမျိုးအခဲတွေမရှိသည့်တိုင်အောင် လုပ်ပြီးကာမှ ချိစ့်နဲ့ရောချက်ကာ စားကြပါတယ်။


Slastic/ Wikimedia Commons


ဂရိကက Sagnaki

ပေါင်မုန့်မပါတဲ့ ချိစ့်ကင်လေးပါ။ ချိစ့်ကိုအတုံးလိုက် ဒယ်ပြားထဲရွှေရောင်ရလာတဲ့အထိ ကြော်လိုက်ပါ။ ပြီးကာမှ ခရမ်းချဉ်သိးကွင်းလေးတွေနဲ့ သံပုရာသီးလေးညှစ်ကာ သုံးဆောင်နိုင်ပါပြီ။ ဒီမှာအသုံးပြုတဲ့ ချိစ့်ကတော့အပြားပါးပါးလေးတွေမဟုတ်ဘဲ စူပါမားကတ်တွေမှာရောင်းတဲ့ ချိစ့်တုံးကြီးတွေမှ ရမှာပါနော်။


Scouten/ Wikimedia Commons


ဆွိစ်ဇလန်က Racelette

Raclette ဟာ ဆွိစ်ဇလန်ရဲ့ရိုးရာအမယ်တစ်ခုဖြစ်ပေမယ့် လူတော်တော်များများကတော့ သူ့ကို ဒီအတိုင်း ချိစ့်ကိုအပူပေးစမ်းတဲ့ toppingအနေနဲ့သာ ထင်မှတ်ကြပါတယ်။ ကိုယ်ကြိုက်တဲ့ဟင်းမျိုးတွေအပေါ်မှာ ချိစ့်ကိုပုံထဲကအတိုင်းအပူပေးကာ စမ်းလိုက်ရုံနဲ့တင် ပြီးပြည့်စုံတဲ့ ခံစားမှုမျိုးကို ခံတွင်းထဲခံစားနိုင်ပါပြီ။


Business Insider


ဆိုက်ပရက်စ်ရဲ့ Halloumi

မြေထဲပင်လယ်ဒေသမျေားကြားထဲ တော်တော်လေးကို စားလေ့ရှိတဲ့ ဟင်းပွဲတစ်မျိုးလို့ ဆိုလို့ရမယ်။ ချိစ့်တွေကို ကြော်တာပဲဖြစ်ဖြစ်၊ ကင်တာပဲဖြစ်ဖြစ်လုပ်ထားကာ ပေါင်မုန့်ကြားထဲ ညှပ်စားတာတို့၊အသုပ်တို့ဘာတို့ထဲ သုပ်စားတာတို့အပြင် သူ့ချည်းပဲလည်း ဒီအတိုင်းစားလေ့ရှိပါတယ်။


Hans Westbeek/ Flickr


Finland က Leipajuusto

Leipäjuusto ချိစ့်စစ်စစ်နဲ့မှ ပြင်ဆင်လို့ရမယ့် ဟင်းလျာတစ်မျိုးပါ။ သူ့ကိုတော့ ပေါင်မုန့်ဖုတ်သလိုမျိုးအပူချိန်ခပ်အေးအေးနဲ့ ဖုတ်တာ၊ ကင်တာပဲဖြစ်ဖြစ်၊ တိုက်ရိုက်မီးမြှိုက်လိုက်တာပဲဖြစ်ဖြစ် လုပ်ပြီး သီးစုံယိုအနှစ်တွေနဲ့တွဲကာအချိုတည်းလို့ရပါတယ်။


Teemu Rajala/ Wikimedia Commons


ဘရာဇီးက Pão de Queijo

Pão de Queijo ဟာအုန်းဂျုံမှုန့်နဲ့ Parmesan ချိစ့်တို့ကို ရောပြီး ပေါင်မုန့်သေးသေးလေးပုံစံမျိုးတွေ ဖုတ်ထားတဲ့ ချိစ့်ပတ်ဖ်လေးတွေပါ။


Joy/ Flickr


တရုတ်နိုင်ငံက Yunnan Rubing Cheese

ဆိတ်နို့စစ်စစ်နဲ့ပြုလုပ်ထားပြီး တရုတ်နိုင်ငံရဲ့ယူနန်ဒေသအစားအစာတစ်မျိုးဖြစ်ပါတယ်။


Pratyeka, Wikimedia Commons


အိန္ဒိယက Saag Paneer

အိန္ဒိယမှာသိပ်ကိုလူကြိုက်များတဲ့ ဟင်းလျာတစ်မျိုးဖြစ်ပါတယ်။ နို့ခဲလေးတွေကို ဟင်းနုနွယ်ရယ်၊ heavy cream ရယ်ကိုရောကာ ချက်ထားတဲ့ ဟင်းလျာတစ်မျိုးပါ။


Jeff Warren/ Wikimedia Commons


Source: Insider


Penny


#ချိစ့်
#ပေါင်မုန့်
#ဖုတ်
#ဟင်းလျာ
#မုန့်

Some text some message..