1. ခေါက်ဆွဲခြောက်ကိုစားရင် တခြားအာဟာရရှိတဲ့အစားအစာတွေနဲ့ ရောစားပါ။ ဥပမာ- ထမင်း၊ ကြက်ဥ၊အသား၊ ဟင်းသီးဟင်းရွက်တွေနဲ့ ရောစားပါ။ 2. ခေါက်ဆွဲခြောက်ကို ရေနွေးနဲ့ဖျော်တဲ့အခါ ပထမဦးဆုံးဖျော်တဲ့အရည်တွေကို သွန်ပစ်လိုက်ပါ။အဲဒီအရည်တွေထဲမှာ ဖယောင်းတွေ ပါသွားမှာဖြစ်ပါတယ်။ ဖယောင်းအကုန်လုံးတော့ ပါသွားမှာ မဟုတ်ပါဘူး။ ပထမဖျော်ထားတဲ့အရည်တွေကိုသွန်ပြီး၊ နောက်ထပ် ရေနွေးတစ်ခါပြန်ရောပြီးမှ စားပါ။ 3. ခေါက်ဆွဲခြောက်အစပ်ထုပ် (တုန်ယမ်းချဉ်စပ်စတဲ့) တွေကိုလည်း မကြာခဏမစားပါနဲ့။အဲဒီ ခေါက်ဆွဲခြောက်အစပ်ထဲက စပ်တဲ့အရာတွေဟာ တကယ့်ငရုတ်သီးတွေမဟုတ်ဘဲ တခြားစပ်တဲ့၊ ချဉ်တဲ့အရသာရှိတဲ့အက်စစ်တစ်မျိုးမျိုးဖြစ်နေရင်အစာအိမ်တွေ၊အူတွေကိုရောင်ရမ်း ပျက်စီးစေနိုင်ပါတယ်။အဲဒီပစ္စည်းက ငရုတ်သီးပဲဖြစ်ဖြစ်၊ ဘာပဲဖြစ်ဖြစ် တအားစပ်တဲ့အစားအစာတွေကို မစားပါနဲ့။ 4. စက္ကူဘူးနဲ့ရောင်းတဲ့ ခေါက်ဆွဲခြောက်တွေကို စားချင်ရင် စက္ကူဘူးထဲကို ရေနွေးထည့်ပြီးမစားပါနဲ့။ ခေါက်ဆွဲခြောက်ကို သတ်သတ်ပန်းကန်လုံး၊ ခွက်တစ်လုံးထဲထည့်ပြီး ရေနွေးနဲ့ဖျော်စားပါ။ Credit : ပလုတ်တုတ်သင်သိလိုသမျှ ကျန်းမာရေးမေးခွန်းများနှင့် ပတ်သက်၍ Healthcare.com.mm ၏ hotline နံပါတ် 7887 သို့ MPT မိုဘိုင်းလ်ဖုန်းဖြင့် ၂၄ နာရီအချိန်မရွေး ခေါ်ဆိုပြီး ဆရာဝန်များနှင့် တိုက်ရိုက်ဆွေးနွေးတိုင်ပင်နိုင်ပါပြီရှင်။