ကလေးငယ်များကိုကျွေးနေတဲ့ ဖြည့်စွက်စာကို ဘယ်လိုကျွေးသင့်သလဲ
hellosayarwon.com
|
2019-06-02

မိဘ တိုင်းနီးပါး သိပြီးသားကတော့ ကလေးတွေကိုအသက် ၆ လ မကျော်မချင်း

အမေနို့ တစ်မျိုးတည်းတိုက်သင့်တယ် ဆိုတာပါ။ ဒါပေမယ့်အသက် ၆ လ ကျော်ပြီး နောက်ပိုင်းမှာ ကလေးတွေကို

ဖြည့်စွက်စာ စကျွေးတော့မယ်ဆိုရင် ဘာတွေအဓိကကျွေးရမလဲဆိုတာအခုထိ မိဘအများစုမှာ တွေဝေနေကြတုန်းပါ။

ဒါဆို ဘာတွေကိုအဓိက ကျွေးသင့်သလဲ
ဖြည့်စွက်စာကိုအသက်ခြောက်လကျော်မှာ စကျွေးရတဲ့အတွက် ကလေးကလည်း မွေးခါစ ထက်စာရင်

အလေးချိန် က နှစ်ဆ ဖြစ်သွားတဲ့အတွက် မိခင် နို့တစ်မျိုးတည်း နဲ့အာဟာရဓာတ် မလုံလောက်တော့ပါဘူး။အဲ့ဒီထဲမှာအရေးကြီးတဲ့အာဟာရဓာတ် တစ်ခုကတော့

သံဓာတ် ပါ။ ကလေးငယ်များ သွေးအားကောင်းစေပြီး၊

ဉာဏ်ရည် ထက်မြက်စေဖို့အတွက် သံဓါတ် ပြည့်ဝဖို့လိုအပ်ပါတယ်။ ဒါကြောင့် ကလေးငယ်တွေကို ဖြည့်စွက်စာ စကျွေးတဲ့အချိန်ကျရင် သံဓာတ် ကြွယ်ဝတဲ့အစားအစာတွေဖြစ်တဲ့

ပဲအမျိုးမျို း၊အသားအမျိုးမျိုး၊ ကန်စွန်းရွက်၊ ဟင်းနုနွယ်စတဲ့ သဘာဝအစားအစာတွေကို ဆန်ပြုတ် ပြုတ်တဲ့ နေရာမှာ ထည့်ကျွေးပေးသင့်သလို၊ ရယ်ဒီမိတ်အာဟာရမှုန့်တွေကို ကျွေးမယ်ဆိုရင်လည်း သံဓာတ် ထပ်ဖြည့်ထားတဲ့အာဟာရမှုန့်တွေကိုကျွေးပေးသင့်ပါတယ်။

DHA ၊ EPA စတဲ့အိုမီဂါ သရီး ကြွယ်ဝတဲ့အစားအစာတွေကိုလည်း ကျွေးပေးဖို့လိုအပ်ပါတယ်။အိုမီဂါသရီး ကြွယ်ဝတဲ့အစားအစာတွေကတော့ ပင်လယ်ငါး၊အစေ့အဆန် စတာတွေ ကျွေးပေးလို့ရသလို မြေပဲဆီ၊ နှမ်းဆီ၊ နေကြာဆီ၊ ဖွဲနုဆီ၊ canola ဆီ စတာတွေ ဖြစ်ပါတယ်။အခုဖော်ပြထားတဲ့အစားအစာတွေ ကို ဖြည့်စွက်စာ ချက်တဲ့နေရာမှာ ထည့်ချက်ပေးလို့ရပါတယ်။

အစေ့အဆန်တွေ ကတော့ ကလေးငယ်တွေအသက် ၃ နှစ်ကျော် မှ စကျွေးသင့်ပါတယ်။အခန့်မသင့်ရင်အစာမျိုပြွန်နေရာမှာ ပိတ်ပြီး သီးတတ်ပါတယ်။အသင့်စားအာဟာရမှုန့် ကျွေးမယ်ဆိုရင်လည်း DHA၊ EPA ထပ်ထည့်ထားတဲ့အာဟာရမှုန့်တွေ ကို ရွေးချယ်ဝယ်ယူသင့်ပါတယ်။ ပရိုဘိုင်အော့တစ် (

probiotic ) ကြွယ်ဝတဲ့အစားအစာကျွေးပေးပါ။ ကလေးတွေအတွက်အကောင်းဆုံးကတော့ ဒိန်ချဉ်ပါ။ ဒိန်ချဉ်ကို တစ်ပတ် နှစ်ရက် လောက်ကျွေးပေးသင့်ပါတယ်။အခု ဆိုရင်အသင့်စားအာဟာရမှုန့်တချို့ မှာလည်း probiotic တွေ ထပ်ဖြည့်လာတာတွေ့ရပါတယ်။ ဒါမျိုးလေးတွေ ကို ကျွေးခြင်းအားဖြင့် ကလေးငယ်တွေအတွက်

ဝမ်းဗိုက် ကို သက်တောင့်သက်သာဖြစ်စေပါတယ်။
အာဟာရမှုန့်ဖြစ်ဖြစ်၊ သဘာဝအစားအစာဖြစ်ဖြစ် ကလေးတွေ တစ်နေ့ကို ခြောက်လသားဆိုရင် လေးကြိမ် ကျွေးပြီး၊ ၇ လ နှင့်အထက်ဆိုရင်တော့ ၆ ကြိမ်လောက်ကျွေးပေးသင့်ပါတယ်။ ကလေးငယ်တွေ မှာအာဟာရပြည့်ဖို့အတွက် နည်းနည်း နဲ့ ခဏခဏ ကျွေးပေးဖို့အရေးကြီးပါတယ်။ Snack ကျွေးတဲ့ နေရာမှာလည်း

ကိုယ်ခန္ဓ ာ ကြီးထွားဖွံဖြိုးစေတဲ့

protein (အသားဓာတ်) ကြွယ်ဝတဲ့အစားအစာ၊

ကိုယ်ခံအာ းကောင်းစေတဲ့ ဇင့် (zinc) ဓာတ်ကြွယ်ဝတဲ့ snack တွေ ကို စားပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် ကြော်ထားတာမျိုး မဟုတ်ဘဲ၊ Bake လုပ်ထားတဲ့အစားအစာလေးတွေ ကို ကျွေးပေးသင့်ပါတယ်။ လေးစားစွာဖြင့် ဒေါက်တာ ညီညီကျော်




Hello Health Group  သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။


#အာဟာရ
#အစားအစာ
#မှုန့်
#သံဓာတ်
#ကလေးငယ်

Some text some message..