ချိုချိုအိအိလေးနဲ့ပူပူနွေးနွေး ကြက်သားမှိုခြောက်ပန်းခြောက်ဟင်းလေးချက်စားကြမယ်…
trend.com.mm
|
2019-06-22

အခုလိုရာသီနဲ့အလိုက်ဖက်ဆုံးကတော့ မွှေးမွှေးအိအိပူပူ ဟင်းကောင်းလေးတွေပါပဲ…အခုတစ်ခါSharing လုပ်ပေးမဲ့ ဟင်းကောင်းလေးတစ်ခွက်ကတော့
တရုတ်ဟင်းလျာတစ်မျိုးလို့ ပြောလို့ရတဲ့ ကြက်သားမှိုခြေက်ပန်းခြောက်ဟင်းလျာလေးပါ။ ပါဝင်ပစ္စည်းတွေနဲ့ချက်ပုံချက်နည်းလေးကသိပ်ပြီးလည်း
ကထိကထမများတဲ့အပြင် တကယ်ကိုအရသာရှိစေတဲ့ ဟင်းလျာလေးတစ်ခွက်မလို့ မချက်စားဖူးသေးတဲ့ သူတွေရှိရင် ချက်စားစရာဟင်းနည်းအသစ်လေး
ကိုချက်စားလို့ရအောင် Sharing လုပ်ပေးလိုက်ပါတယ်နော်…

အရင်ဆုံးဘာတွေဝယ်ဖို့လိုအပ်သလဲ?…
– ကြက်သား
-မှိုခြောက်ပန်းခြောက်
– ပဲငံပြာရည်
– ဆားအနည်းငယ်
– ငရုတ်သီးစိမ်း
– ဆီအနည်းငယ်
-ကြက်သွန်ဖြူ၊ ကြက်သွန်နီ နဲ့ဂျင်းအနည်းငယ်

ဘယ်လိုချက်ပြုတ်ကြမလဲ?…
ဆီကို ကျက်အောင်ထားပြီး ဆီဆူတဲ့ထဲကိုကြက်သွန်ဖြူ ကြက်သွန်နီလေးထည့်ထားပါ။ ဂျင်းအနည်းငယ်ကိုလည်းထည့်ပါ။ ကြက်သားကို ဆား၊ဆနွင်းအနည်းငယ်
နဲ့နှံ့အောင်နယ်ပြီး ဆီထဲကို ထည့်ပါ။ ဒီအထိကပုံမှန်ပါပဲ။ ဒီလိုကြက်သားထည့်ပြီးသားဆီအိုးထဲကို ရေအနည်းငယ်ထည့်ထားပြီးကြက်သားကိုနူးအောင်ချက်ထားပါ။
ဒီလိုကြက်သားကို နူးအောင်စောင့်နေတုန်းမှာ တစ်ဖက်က မှိုခြောက်ပန်းခြောက်တွေကိုအိုးထဲမှာ နူးနေအောင်ပြုတ်ထားပါ။

ဒီလိုနဲ့မိနစ်အနည်းငယ်ကြာသွားတဲ့အခါ နူးသွားတဲ့မှိုခြောက်ပန်းခြောက်တွေကို ကြက်သားအိုးထဲထည့်လိုက်ပါ။အားလုံးနူးပြီး
ကျက်ခံနီးမှာ တော့ ပဲငံပြာရည် လိုသလောက်ထည့်နိုင်ပါတယ်။အချိုဓာတ်ကဲတာကိုပိုပြီးလိုချင်တယ်ဆိုရင်တော့ သကြားလေးအနည်းငယ်
ကို သုံးလို့ရပါတယ်နော်…

ဒါဆိုရင်အရမ်းအရသာရှိတဲ့ ကြက်သားမှိုခြောက်ပန်းခြောက်ဟင်းလေးကိုစားလို့ရပါပြီနော်…

Unicode

အခုလိုရာသီနဲ့အလိုက်ဖက်ဆုံးကတော့ မွှေးမွှေးအိအိပူပူ ဟင်းကောင်းလေးတွေပါပဲ…အခုတစ်ခါSharing လုပ်ပေးမဲ့ ဟင်းကောင်းလေးတစ်ခွက်ကတော့
တရုတ်ဟင်းလျာတစ်မျိုးလို့ ပြောလို့ရတဲ့ ကြက်သားမှိုခြေက်ပန်းခြောက်ဟင်းလျာလေးပါ။ ပါဝင်ပစ္စည်းတွေနဲ့ချက်ပုံချက်နည်းလေးကသိပ်ပြီးလည်း
ကထိကထမများတဲ့အပြင် တကယ်ကို အရသာရှိစေတဲ့ ဟင်းလျာလေးတစ်ခွက်မလို့ မချက်စားဖူးသေးတဲ့ သူတွေရှိရင် ချက်စားစရာဟင်းနည်းအသစ်လေး
ကိုချက်စားလို့ရအောင် Sharing လုပ်ပေးလိုက်ပါတယ်နော်…
အရင်ဆုံးဘာတွေဝယ်ဖို့လိုအပ်သလဲ?…
– ကြက်သား
-မှိုခြောက်ပန်းခြောက်
– ပဲငံပြာရည်
– ဆားအနည်းငယ်
– ငရုတ်သီးစိမ်း
– ဆီအနည်းငယ်
-ကြက်သွန်ဖြူ၊ ကြက်သွန်နီ နဲ့ဂျင်းအနည်းငယ်

ဘယ်လိုချက်ပြုတ်ကြမလဲ?…
ဆီကို ကျက်အောင်ထားပြီး ဆီဆူတဲ့ထဲကိုကြက်သွန်ဖြူ ကြက်သွန်နီလေးထည့်ထားပါ။ ဂျင်းအနည်းငယ်ကိုလည်းထည့်ပါ။ ကြက်သားကို ဆား၊ဆနွင်း အနည်းငယ်
နဲ့နှံ့အောင်နယ်ပြီး ဆီထဲကို ထည့်ပါ။ ဒီအထိကပုံမှန်ပါပဲ။ ဒီလိုကြက်သားထည့်ပြီးသားဆီအိုးထဲကို ရေအနည်းငယ်ထည့်ထားပြီးကြက်သားကိုနူးအောင်ချက်ထားပါ။
ဒီလိုကြက်သားကို နူးအောင်စောင့်နေတုန်းမှာ တစ်ဖက်က မှိုခြောက်ပန်းခြောက်တွေကို အိုးထဲမှာ နူးနေအောင်ပြုတ်ထားပါ။

ဒီလိုနဲ့မိနစ်အနည်းငယ်ကြာသွားတဲ့အခါ နူးသွားတဲ့မှိုခြောက်ပန်းခြောက်တွေကို ကြက်သားအိုးထဲထည့်လိုက်ပါ။ အားလုံးနူးပြီး
ကျက်ခံနီးမှာ တော့ ပဲငံပြာရည် လိုသလောက်ထည့်နိုင်ပါတယ်။ အချိုဓာတ်ကဲတာကိုပိုပြီးလိုချင်တယ်ဆိုရင်တော့ သကြားလေးအနည်းငယ်
ကို သုံးလို့ရပါတယ်နော်…

ဒါဆိုရင်အရမ်းအရသာရှိတဲ့ ကြက်သားမှိုခြောက်ပန်းခြောက်ဟင်းလေးကိုစားလို့ရပါပြီနော်…

#မှိုခြောက်ပန်းခြောက်
#အိုး
#မှို
#ဟင်းလျာ
#င

Some text some message..