
ပျော်ရွှင်စွာ ခံစားရမယ့်အချိန်တွေကို “ငါ ဒါစားလိုက်ရင်၊ ငါ ဒါ သောက်လိုက်ရင် ကယ်လိုရီဘယ်လောက်တက်မလဲ တွက်ပြီး ရှောင်ရှားဖို့ မလိုပါဘူး။
သောက်တတ်စားတတ်တဲ့ သူဆိုရင်တော့ ကော့တေးဟာအင်မတန်မှာ ကယ်လိုရီ နည်းတဲ့ သောက်စရာအဖျော်ယမကာတစ်ခုလို့ မှတ်ယူနိုင်ပါတယ်။ တကယ်လို့ ဝိတ်တက်မှာ ဆိုရင်လည်း ချင့်ချင့်ချိန်ချိန်သောက်နိုင်သလို ကယ်လိုရီကို တွက်ပြီး သောက်နိုင်ပါတယ်။ ဒီတော့ သောက်ကောင်းတယ်၊ လုပ်ရလွယ်တယ်၊ ကယ်လိုရီနည်းတဲ့ ကော့တေး တစ်ချို့ကို ဖော်ပြပေးပါရစေ….။
အသီးတွေနဲ့ ပြုလုပ်တဲ့ mojito ဟာ တစ်ခွက်ကို ကယ်လိုရီ ၁၁၀ ရှိပါတယ်.။

Maria Fomina/Shutterstock
မိုဂျီတို တစ်ခွက်ကို ဖော်စပ်မယ်ဆို သကြား၊ ပူဒီနံ၊ သံပုရာ၊ ရမ်နဲ့ ကလပ် ဆိုဒါ တို့လိုအပ်ပါတယ်။ သကြားဓာတ် လွန်ကဲစွာပါဝင်တဲ့အတွက် ဒီ ဖော်စပ်ပုံက ကယ်လိုရီ ၂၀၀ နီးပါလောက် ရှိသွားပါတယ်။အဲ့ဒီလို ပူဒီနံ၊ သံပုရာနဲ့ သကြားတို့ကို ရောမယ့်အစား ဖရဲသီးတုံးလေးတွေ၊ လိမ္မော် ဆလိုက်စ်လေးတွေနဲ့အချိုကို တစ်မျိုးဖောက်ပြီး ကယ်လိုရီကို ၉၀ ထက်မနည်း လျှော့ချ သောက်သုံးနိုင်တယ်။
ရှန်ပိန်ကို ဦးစားပေးစေလို…..

G-Stock Studio/Shutterstock
ရှန်ပိန် ကသူ့ဟာနဲ့သူဆို ကော့တေး မဟုတ်သေးဘူး။ ပုံမှန် သောက်သင့်တဲ့အနေအထားကို သောက်မယ်ဆို ကယ်လိုရီဟာ ၉၀ ပဲရှိတယ်။ ရှန်ပိန်ဟာ ဝိုင်ဖြူ၊ ဝိုင်နီတွေထက်စာရင် ကယ်လိုရီပမာဏ ပါဝင်မှု နည်းပါတယ်။
Rum နဲ့ Diet cola ကလည်း diet-friendly mix ပါပဲ

bitt24/Shutterstock
ရိုးရိုးရှင်းရှင်းပဲ သောက်မယ်စဉ်းစားရင်တော့ rum နဲ့ diet cola ကအလွယ်ဆုံးနဲ့ ကယ်လိုရီ ပမာဏ ပါဝင်မှုအနည်းဆုံးဖြစ်လို့ သင့်တော်ပါတယ်။ rum ၁.၅အောင်စ၊ zero calorie diet soda ရယ်၊ ရေခဲရယ်အားလုံးပေါင်းမှ ကယ်လိုရီဟာ ၉၅ ပဲရှိပါတယ်။ ဒါပေမယ့် သတိထားရမှာ တစ်ခုကတော့ diet cola တွေက ဆိုးကျိုးတွေဖြစ်ပေါ်စေတဲ့အတွက် ချင့်ချင့်ချိန်ချိန်နဲ့ သောက်ဖို့ပါပဲ။
Gimlet

Brent Hofacker/Shutterstock
ချိုချို ချင်ချင် ကြိုက်တဲ့သူဆိုရင်တော့ gimlet ကို ရွေးချယ်သောက်သုံးတာအကောင်းဆုံးဖြစ်ပါတယ်။ ဖျော်စပ်ဖို့အတွက် ဂျင် ၁.၅အောင်စ၊ သံပုရာ ဖျော်ရည် ၁.၅အောင်စနဲ့ ရေခဲလိုအပ်တယ်။ ဒီ တစ်ခွက်ရဲ့ ကယ်လိုရီ ပမာဏက ၁၃၀ လောက်ပဲရှိပါတယ်။
Vodka နဲ့ Soda

Pcholik/Shutterstock
ဗောဒ့်ကာနဲ့ ဆိုဒါဟာ သိပ်လိုက်ဖက်တဲ့အနေအထားတစ်ခုရှိတယ်။ ဗော့ကာ ၁.၅အောင်စကို ဆိုဒါနည်းနည်း ရေခဲနည်းနည်းနဲ့ သံပုရာသီးလေ ညှစ်ထည့်ရုံပဲ။ တစ်ခွက်လုံးမှ ကယ်လိုရီက ၉၇ ပဲရှိပြီး ရိုးရိုးလေးလေးနဲ့ ရွေးချယ်သင့်တဲ့ ကော့တေးအမျိုးအစားဖြစ်ကြောင်း ဖော်ပြလိုက်ရပါတယ်။
Matthew