ကြည်လင်တဲ့အသားအရေအတွက် သခွားသီးရဲ့အသုံးဝင်ပုံလေးတွေ
moda.com.mm
|
2019-08-27



လတ်ဆတ်တဲ့ သခွားသီးတွေဟာ ရေဓာတ်ပြည့်ဝစွာ ပါဝင်ပြီး သခွားသီးမှာပါဝင်တဲ့အက်ဆစ်ဓာတ်ဟာဆိုရင် နေလောင်ဒဏ်ကြောင့်ဖြစ်ပေါ်တတ်တဲ့အသားအရေကို ပြန်လည်ပြုပြင်နိုင်တဲ့အပြင်အသားအရေရောင်ရမ်းခြင်းများအတွက်လဲအသုံးပြုနိုင်ပါတယ်။ သခွားသီးဟာအသားအရေကို ပြန်လည်ပြုပြင်ရာမှာလဲအလွန်အသုံးဝင်တဲ့အသီးတစ်မျိုးဖြစ်ပါတယ်။




သခွားသီးကို မျက်ဝန်းတွေအတွက်လဲအသုံးပြုနိုင်ပါတယ်။ ရေခဲသေတ္တာထဲမှာ ထည့်ထားပြီး သခွားသီးကို ထူထူလေး ၂ကွင်းလှီးကာ မျက်လုံးကို နေ့စဉ် ၁၀ ကနေ ၁၅ မိနစ်အထိအုပ်ပေးပါက မျက်ဝန်းကြည်ကြည်လေးကို ရရှိစေမှာပါ။




သခွားသီးကို တိုနာအဖြစ်လဲအသုံးပြုနိုင်ပါသေးတယ်။ မနက်စောစော ရုံးသွားချိန်၊ ကျောင်းသွားချိန်တွေမှာ သင်ဟာအိပ်ယာထနောက်ကျတတ်တယ်ဆိုရင် သခွားသီးကို တိုနာအဖြစ်အသုံးပြုတဲ့အခါအောက်ခံ foundation လိမ်းစရာမလိုပဲ ပြည့်စုံတဲ့အလှကို ပိုင်ဆိုင်နိုင်မှာပါ။ သခွားသီးကို Blender ထဲ ထည့်ပြီး သခွားသီးအရည်ရတဲ့အခါ သန့်စင်တဲ့ ခွက် ဒါမှမဟုတ် ပုလင်းတစ်လုံးထဲကို ထည့်ထားပါ။ သခွားရည်ကို ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင်တော့ ကြာရှည်အသုံးခံမှာပဲ ဖြစ်ပါတယ်။ သခွားရည်ကို တိုနာအဖြစ်သုံးတော့မယ်ဆိုရင်တော့ cotton pad လေးနဲ့သုံးပေးဖို့ မမေ့ပါနဲ့နော်။




နောက်ထပ်နည်းတစ်ခုကတော့အားလုံးသိကြတဲ့အတိုင်း သခွားသီးကို Maskအဖြစ်အသုံးပြုခြင်းပဲ ဖြစ်ပါတယ်။ သခွားသီး၊ ထောပတ်သီး၊ ကြက်ဥ၊ နွားနို့တို့နဲ့အချိုးကျရောစပ်ကာ Blender ဖြင့် မွှေ၍အနှစ်ရအောင်ပြုလုပ်ပါ။အနှစ်ရလာပြီဆိုရင် ရေခဲသေတ္တာထဲမှာ နာရီဝက်လောက်ထားပြီး မျက်နှာပေါ်မှာ maskအဖြစ်အသုံးပြုပေးမယ်ဆိုရင် နူးညံ့တဲ့အသားအရည်ကို ရရှိနိုင်မှာပဲ ဖြစ်ပါတယ်။




ကဲ ဒီတော့ သခွားသီးကို စားခြင်းကြောင်းအသားအရေ လှပရုံသာမက သခွားသီးဟာ skin careအတွက် များစွာအသုံးဝင်တယ်ဆိုတာကို သိပြီဆိုတော့ ပျိုမေတို့အိမ်မှာအလွယ်တကူ လိုက်လုပ်လို့ရပါတယ်နော်။

Editor : Lin Lin


#သခွားသီး
#ရေခဲသေတ္တာ
#မျက်ဝန်း
#သခွား
#pad

Some text some message..