ချစ်တို့ရေ ဘီယာတွေသောက်ပြီးသူငယ်ချင်းတွေကြားထဲ ဘီယာဗိုက်ကြီး ဘီယာဗိုက်ကြီးလို့အခေါ်ခံနေရတဲ့ ချစ်သူတွေဆီက
ဘီယာကိုယူပြီးခေါင်းအစခြေအဆုံးအလှပြင်ကြရင်မကောင်းဘူးလား။။သူတို့လည်းဘီယာလျှော့ပြီးသားဖြစ်၊ချစ်တို့လည်းအလှဆုံးဖြစ်၊ဘယ်နှယ့်လဲ။
ဒါကြောင့် ဒီနေ့မှာ မင်မင်က ဘီယာသုံးပြီးလှပနိုင်ဖို့နည်းလမ်းကောင်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်နော်။
၁။ ဘီယာ ဘီယာ ဘီယာ
ပရိုတင်းဓာတ်နဲ့ အန်တီအောင်ဆီဒန့်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ဘီယာက ချစ်တို့ရဲ့ဆံပင်တွေက အရင်းကနေပြီး ကျန်းမာသန်စွမ်းလာစေနိုင်ပါတယ်။
ဆံပင်ခြောက်တာနဲ့ ဆံပင်ကျွတ်တာတွေကိုလည်း ကင်းဝေးစေပြီး အရှည်မြန်ကာ ဆံသားတောက်ပလာစေနိုင်ပါတယ်နော်။
ပထမဆုံးခေါင်းလျှော်ပြီးတာနဲ့ဘီယာ (၅၀) ml လောက်ကို Spray ဘူးထဲထည့်ပြီး ဆံပင်မှာဖြန်းပေးပါ။
(၁၀) မိနစ်လောက်ထားပြီး ရေနွေးအများကြီးနဲ့ ပြန်ဆေးချပေးပါ။ နောက်ဆုံးမှာတော့ အနံ့မကျန်စေဖို့ ပျော့ဆေးပြန်သုံးပေးပါ။
အနည်းဆုံး (၁) ပတ် (၃) ခါလောက်တော့ လုပ်ပေးပါနော်။
၂။ ဘီယာနဲ့ ဒိန်ချဉ်
ဘီယာနဲ့ ဒိန်ချဉ်အရောအနှောက အသားအရေကိုပြန်လည် တင်းရင်းလာစေပြီး ဆဲလ်သေတွေဖယ်ရှားပေးနိုင်ပါတယ်။
ဘီယာ (၅) ဇွန်း၊ ဒိန်ချဉ် (၁) ဇွန်း၊ သံလွင်ဆီ (၁) ဇွန်းနဲ့ ကြက်ဥအကာတို့ကိုရောပြီး မျက်နှာပေါ် Brush လေးနဲ့လိမ်းပေးပါ။
မိနစ် (၃၀) လောက်ထားပြီးရင်တော့ ရေဆေးချလို့ရပါပြီ။ ချစ်တို့ရေ ဒီည်းလမ်းလေးကိုတော့ တစ်ပတ် (၁) ခါလောက်ပဲ လုပ်ပေးပါ။
၃။ ဘီယာနဲ့ စတော်ဘယ်ရီ
ဘီယာနဲ့ စတော်ဘယ်ရီကတော့ Exfoliate လုပ်ဖို့သုံးရမှာပါ။
ဘီယာ (၁) ဇွန်းနဲ့ စတော်ဘယ်ရီသီး (၃) လုံးကို မျက်နှာပေါ် Exfoliate လုပ်လို့ရတဲ့အနေအထားထိရောမွှေပေးပါ။
(၅-၁၀) မိနစ်လောက်ပွတ်ပေးပြီးရင်တော့ (၁၅) မိနစ်လောက်မျက်နှာပေါ် ဒီတိုင်းထားလိုက်ပါ။
ပြီးရင်တော့ ရေနွေးလေးနဲ့မျက်နှာသစ်ပေးပြီး တိုနာသုံးပြီး Moisturizer ပြန်လိမ်းပေးပါ။ တစ်ပတ် (၂) ကြိမ်လောင်တော့ ပုံမှန်ပြုလုပ်ပေးဖို့ လိုပါမယ်။
၄။ နို့နဲ့ ဘီယာ
နို့နဲ့ ဘီယာအရောအနှောကတော့ ဗောက်နဲ့ ဒက်တို့ကိုပျောက်ကင်းစေပြီး မွဲခြောက်နေတဲ့ချစ်တို့ရဲ့ဆံသားတွေကိုပါ ပြန်လည်တောက်ပလာစေပါတယ်။
နို့ (၂) ဇွန်းနဲ့ ဘီယာ (၂) ဇွန်းကိုရောပြီး ဦးရေပြားနဲ့ ဆံသားတွေမှာ သုတ်လိမ်းထားပေးပါ။ မိနစ် (၂၀) လောက်ထားပြီးရင်တော့
ကိုယ်အသုံးပြုနေကျ ခေါင်းလျှော်ရည်နဲ့ပဲ ရေပြန်ဆေးချပေးပါ။ တစ်ပတ် (၂) ကြိမ်လောက်တော့ ပုံမှန်လုပ်ပေးရပါမယ်နော်။
ကဲ အာလုံးပဲ ဘီယာကြောင့်လှနိုင်ကြပါစေနော်။
Credit: myfoodmyanmar
Unicode
ချစ်တို့ရေ ဘီယာတွေသောက်ပြီးသူငယ်ချင်းတွေကြားထဲ ဘီယာဗိုက်ကြီး ဘီယာဗိုက်ကြီးလို့အခေါ်ခံနေရတဲ့ ချစ်သူတွေဆီက
ဘီယာကိုယူပြီးခေါင်းအစခြေအဆုံးအလှပြင်ကြရင်မကောင်းဘူးလား။။သူတို့လည်းဘီယာလျှော့ပြီးသားဖြစ်၊ချစ်တို့လည်းအလှဆုံးဖြစ်၊ဘယ်နှယ့်လဲ။
ဒါကြောင့် ဒီနေ့မှာ မင်မင်က ဘီယာသုံးပြီးလှပနိုင်ဖို့နည်းလမ်းကောင်းလေးတွေကိုဝေမျှပေးလိုက်ပါတယ်နော်။
၁။ ဘီယာ ဘီယာ ဘီယာ
ပရိုတင်းဓာတ်နဲ့ အန်တီအောင်ဆီဒန့်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ ဘီယာက ချစ်တို့ရဲ့ဆံပင်တွေက အရင်းကနေပြီး ကျန်းမာသန်စွမ်းလာစေနိုင်ပါတယ်။
ဆံပင်ခြောက်တာနဲ့ ဆံပင်ကျွတ်တာတွေကိုလည်း ကင်းဝေးစေပြီး အရှည်မြန်ကာ ဆံသားတောက်ပလာစေနိုင်ပါတယ်နော်။
ပထမဆုံးခေါင်းလျှော်ပြီးတာနဲ့ဘီယာ (၅၀) ml လောက်ကို Spray ဘူးထဲထည့်ပြီး ဆံပင်မှာဖြန်းပေးပါ။
(၁၀) မိနစ်လောက်ထားပြီး ရေနွေးအများကြီးနဲ့ ပြန်ဆေးချပေးပါ။ နောက်ဆုံးမှာတော့ အနံ့မကျန်စေဖို့ ပျော့ဆေးပြန်သုံးပေးပါ။
အနည်းဆုံး (၁) ပတ် (၃) ခါလောက်တော့ လုပ်ပေးပါနော်။
၂။ ဘီယာနဲ့ ဒိန်ချဉ်
ဘီယာနဲ့ ဒိန်ချဉ်အရောအနှောက အသားအရေကိုပြန်လည် တင်းရင်းလာစေပြီး ဆဲလ်သေတွေဖယ်ရှားပေးနိုင်ပါတယ်။
ဘီယာ (၅) ဇွန်း၊ ဒိန်ချဉ် (၁) ဇွန်း၊ သံလွင်ဆီ (၁) ဇွန်းနဲ့ ကြက်ဥအကာတို့ကိုရောပြီး မျက်နှာပေါ် Brush လေးနဲ့လိမ်းပေးပါ။ မိနစ် (၃၀) လောက်ထားပြီးရင်တော့ ရေဆေးချလို့ရပါပြီ။
ချစ်တို့ရေ ဒီည်းလမ်းလေးကိုတော့ တစ်ပတ် (၁) ခါလောက်ပဲ လုပ်ပေးပါ။
၃။ ဘီယာနဲ့ စတော်ဘယ်ရီ
ဘီယာနဲ့ စတော်ဘယ်ရီကတော့ Exfoliate လုပ်ဖို့သုံးရမှာပါ။ ဘီယာ (၁) ဇွန်းနဲ့ စတော်ဘယ်ရီသီး (၃) လုံးကို မျက်နှာပေါ် Exfoliate လုပ်လို့ရတဲ့အနေအထားထိရောမွှေပေးပါ။
(၅-၁၀) မိနစ်လောက်ပွတ်ပေးပြီးရင်တော့ (၁၅) မိနစ်လောက်မျက်နှာပေါ် ဒီတိုင်းထားလိုက်ပါ။ ပြီးရင်တော့ ရေနွေးလေးနဲ့မျက်နှာသစ်ပေးပြီး
တိုနာသုံးပြီး Moisturizer ပြန်လိမ်းပေးပါ။ တစ်ပတ် (၂) ကြိမ်လောင်တော့ ပုံမှန်ပြုလုပ်ပေးဖို့ လိုပါမယ်။
၄။ နို့နဲ့ ဘီယာ
နို့နဲ့ ဘီယာအရောအနှောကတော့ ဗောက်နဲ့ ဒက်တို့ကိုပျောက်ကင်းစေပြီး မွဲခြောက်နေတဲ့ချစ်တို့ရဲ့ဆံသားတွေကိုပါ ပြန်လည်တောက်ပလာစေပါတယ်။
နို့ (၂) ဇွန်းနဲ့ ဘီယာ (၂) ဇွန်းကိုရောပြီး ဦးရေပြားနဲ့ ဆံသားတွေမှာ သုတ်လိမ်းထားပေးပါ။ မိနစ် (၂၀) လောက်ထားပြီးရင်တော့ ကိုယ်အသုံးပြုနေကျ ခေါင်းလျှော်ရည်နဲ့ပဲ
ရေပြန်ဆေးချပေးပါ။ တစ်ပတ် (၂) ကြိမ်လောက်တော့ ပုံမှန်လုပ်ပေးရပါမယ်နော်။ကဲ အာလုံးပဲ ဘီယာကြောင့်လှနိုင်ကြပါစေနော်။
Credit: myfoodmyanmar
Myanmar Wedding Guide