အရေးကြောင်းတွေ သက်သာပျောက်ကင်းစေဖို့အတွက် သဘာဝအတိုင်း ပေါင်းတင်လိုက်ရအောင်
mystylemyanmar.com
|
2019-10-13

[Zawgyi]

ပျားရည်ဟာ သင့်ကျန်းမာရေးအတွက်သာမက အသားအရေအတွက်ပါကောင်းမွန်ပါတယ်။ အရေးကြောင်းတွေကိုသက်သာစေပြီး သင့်အသားအရေကို စိုပြေစေပါတယ်။ ပျားရည်မှာ Antioxidant တွေပါဝင်ပြီး သင့်အသားအရေကို ရေဓာတ်ဖြည့်တင်းပေးဖို့ကူညီပေးပါတယ်။

ပျားရည်နဲ့ အုတ်ဂျုံ

ပျားရည် နဲ့ အုတ်ဂျုံကို ရောပြီး ပေါင်းတင်ပေးတာဟာ ဆဲလ်သေတွေကိုဖယ်ရှားပေးပြီး အသားအရေကို သန့်စင်ပေးနိုင်ပါတယ်။ ချွေးပေါက်တွေကို သန့်စင်ပေးပြီး အသားအရေကို အာဟာရဖြည့်ပေးသလို နေရောင်ခြည်ကြောင့် အသားအရေထိခိုက်ပျက်စီးခြင်းကို လျှော့ချပေးပါတယ်။

အသားအရေ အမျိုးအစားအားလုံးနဲ့ သင့်တော်တာမို့ သုံးပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်း

အုတ်ဂျုံ စားပွဲတင်ဇွန်း ၁ ဇွန်း

ပျားရည် စားပွဲတင်ဇွန်း ၃ ဇွန်း

ပြုလုပ်နည်း

ခွက်အသေးတစ်လုံးထဲကို ပါဝင်ပစ္စည်းနှစ်မျိုးလုံးရောပြီး သေချာမွေလိုက်ပါ။ ပြီးရင်မျက်နှာနဲ့ လည်ပင်းအနှံ့ကို လိမ်းလိုက်ပြီး မိနစ် ၂၀ ကနေ မိနစ် ၃၀ ထိထားပါ။

ပြီးရင် မျက်နှာသစ်ပေးလိုက်ပြီး တဘက်နဲ့ ခြောက်အောင်သုတ်လိုက်ပါ။ အဲဒီနောက် ခရင်မ်တမျိုးမျိုးလိမ်းပေးထားပါ။

တစ်ပတ်ကို ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။ ပျားရည်ကိုသုံးပြီး နုပျိုစိုပြေတဲ့အသားအရေကို အရယူလိုက်ပါ။

Featured Image Source: thiennhienshop.net

[Unicode]

The post

အရေးကြောင်းတွေ သက်သာပျောက်ကင်းစေဖို့အတွက် သဘာဝအတိုင်း ပေါင်းတင်လိုက်ရအောင် appeared first on

MyStyle Myanmar .

#ပျားရည်
#အသား
#ပြား
#ဇွန်း
#နှာ

Some text some message..