(Zawgyi Version)
တစ်ခါတစ်လေကျရင် အလုပ်တွေမပြီးလို့ ညဘက်ထိလုပ်ရတဲ့အခါမျိုးရှိသလို စာမေးပွဲရှိလို့ ညဘက်ထိစာလုပ်ရတဲ့အခါမျိုးလည်း ရှိတတ်ပါတယ်။ ဒီလိုအချိန်မျိုးဆိုရင် ညဘက်မှာ မအိပ်ချင်အောင်၊ အိပ်မငိုက်အောင်လုပ်ဖို့လိုပါတယ်။ ဒါကြောင့် ညဘက်ရောက်တဲ့အထိ မအိပ်ချင်ပဲတက်ကြွလန်းဆန်နေဖို့ ဘာတွေလုပ်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။
ကျန်းမာရေးနဲ့ညီညွတ်အောင် Healthy ဖြစ်အောင် စားသောက်ပါ။ အာဟာရဓာတ်ပြည့်ဝနေမှလည်း အားရှိပြီး ညဘက်ထိဆက်လုပ်နိုင်မှာပါ။ အသီးအရွက်နဲ့အသီးအနှံတွေကို စားသုံးပေးပါ။
ကော်ဖီ၊ လက်ဖက်ရည်နဲ့ Energy Drinks တွေကိုသောက်ပေးခြင်းကလည်း ညဘက်ရောက်တဲ့ထိ မအိပ်ချင်ပဲ လန်းဆန်းတက်ကြွစေပါတယ်။
အကြောအချည်ပြေစေတဲ့ လေ့ကျင့်ခန်းတွေနဲ့ အကြောတွေကို ဆန့်ထုတ်တဲ့လေ့ကျင့်ခန်းမျိုးကို လုပ်ပေးပါ။ လမ်းလျှောက်ပါ။ ဒီလိုလုပ်ပေးတာက လန်းဆန်းတက်ကြွစေပါတယ်။
အိပ်ယာနဲ့ဝေးတဲ့နေရာမှာနေပါ။ စာလုပ်ရင်ပဲဖြစ်ဖြစ်၊ အလုပ်လုပ်ရင်ပဲဖြစ်ဖြစ် အိပ်ယာနဲ့ဝေးတဲ့နေရာ၊ ဖြစ်နိုင်ရင် အိပ်ယာကိုမမြင်ရတဲ့နေရာမျိုးမှာပဲလုပ်ပါ။ အိပ်ယာနဲ့နီးနေရင် ခဏလောက်လှဲချင်တာမျိုး၊ အိပ်ချင်တာမျိုးတွေ ဖြစ်လာမှာပါ။
သီချင်းနားထောင်ပေးတာကလည်း အိပ်မငိုက်ပဲ လန်းဆန်းတက်ကြွစေပါတယ်။ အဆွေးသီချင်းတွေ၊ သီချင်းအေးအေးလေးတွေကိုတော့ နားမထောင်ပါနဲ့။ ပိုအိပ်ချင်သွားပါလိမ့်မယ်။ မြူးကြွတဲ့သီချင်းတွေကိုပဲ နားထောင်ပါ။
Photo Source: www.lifehacks.io
(Unicode Version)

The post
ညဘက်ရောက်တဲ့အထိ မအိပ်ချင်ပဲလန်းဆန်းတက်ကြွနေဖို့ လုပ်ဆောင်ရမယ့်အရာများ
appeared first on
MyStyle Myanmar
.