ချိစ်ဝက်ပေါင်ခြေက် ပေါင်မုန့်ညှပ်ကို ဒီလိုလုပ်စားလို့ရတာ သိပြီးပြီလား
trend.com.mm
|
2019-11-07

မနက်စာကို ပေါင်မုန့်လေးနဲ့ ချိစ်လေး ၊ အသားလေးညှပ်ပြီး ဘိုဘိုဆန်ဆန်စားချင်သူတွေအတွက်ဒါမှမဟုတ် မနက်စာကို အသုပ် ၊ မုန့်ဟင်းခါးစားရတာရိုးလို့ ပြောင်းစားချင်တယ်ဆိုရင်
ဒီပေါင်မုန့်ညှပ်လေးက သင့်ကိုစိတ်ကျေနပ်မှုအပြည့်ဝပေးနိုင်မှာပါ။




ပြည့်စုံတဲ့ မနက်စာက သင့်ရဲ့တစ်နေ့တာကို ကောင်းကောင်းဖြတ်သန်းနိုင်အောင် ကူညီပေးသတဲ့။ကဲ.. ဒါဆို ဘယ်လိုလုပ်မလဲ.. နည်းလမ်းလေးကို ဆက်ဖတ်ကြည့်ရအောင်

ပေါင်မုန့် တစ်ချပ် ၊ ချိစ်အပြား (ဆိုဒ်ထူထူလေး) သုံးခုကို ပေါင်မုန့်နှစ်ချပ်ကြားထဲ ညှပ်လိုက်ပါမယ်။ပြီးရင် အပေါ်ကနေ ဝက်ပေါင်ခြောက်အပြား သုံးခုကိုအုပ်လိုက်ပါ ။




နောက်ထပ် ဝက်ပေါင်ခြောက်တွေကို မတူတဲ့ပုံစံနဲ့ ပေါင်မုန့်ကိုပတ်လိုက်ပါ။ ပုံထဲမှာ ပြပေးထားတယ်နော်။


မီးငွေ့ငွေ့တည်ထားတဲ့ ဒယ်အိုးထဲ ပေါင်မုန့်ကိုထည့်ပြီး ဟိုဘက် ၊ ဒီဘက်လှည့်ပေးပါ။
ဆီလေးတွေ ဖျစ်ဖျစ်မြည်ပြီး အရောင်ရဲလာပြီဆို အိုးထဲကချလို့ရပါပြီ။



အလည်ကနေ ဓားလေးနဲ့လှီးပြီး ထွက်ကြလာတဲ့ chessy အလှကိုကြည့်ရင်း သုံးဆောင်ပါလေ။
လုပ်နည်း ဗီဒီယိုလေးလည်းတင်ပေးထားတယ်နော်။

COOKAT [Cheese Bacon Sandwich]
Wrap it with bacon


, fill it with cheese!





Follow Cookat for more deliciousness!


Posted by

Cookat on Monday, November 4, 2019


#ပေါင်မုန့်
#ဝက်ပေါင်ခြောက်
#မနက်စာ
#ချိစ်
#အပြား

Some text some message..