အလှအပအတွက် အလွန်အသုံးဝင်တဲ့ ပျားရည်ကို စစ် မစစ်အလွယ်တကူစမ်းသပ်နည်း
mystylemyanmar.com
|
2019-11-19

(Zawgyi Version)

ပျားရည်က ဘတ်တီးရီးယားနဲ့ပိုးမွှားတွေကို ဖယ်ရှားပေးတဲ့အာနိသင်ရှိပါတယ်။ အလှကုန်ပစ္စည်းတော်တော်များများမှာ ပျားရည်က နေရာယူထားပါတယ်။ မိန်းကလေးတွေမျက်နှာပေါင်းတင်ရင်လည်း ပျားရည်က မပါမဖြစ်ပါပဲ။ ပျားရည်က အသားအရေကို စိုပြေစေပါတယ်။ အသက်အရွယ်အိုမင်းရင့်ရော်မှုကိုလည်း နှေးကွေးစေပါတယ်။ ဒါ့အပြင် ဝက်ခြံပျောက်ကင်းစေတဲ့အာနိသင်လည်းရှိပါတယ်။ တကယ်လို့ သင်က ဝက်ခြံပျောက်စေချင်စိတ်နဲ့ ပျားရည်သုံးလိုက်ကာမှ ဝက်ခြံထပ်ထွက်လာတဲ့အဖြစ်မျိုး ကြုံခဲ့ရင်ကော ဘယ်လိုလုပ်မလဲ။ ဒါဆိုရင်တော့ အကြောင်းအရင်းတစ်ခုက ပျားရည်မစစ်လို့ပါ။ ဒီတော့ ပျားရည်စစ်မစစ် စမ်းသပ်နည်းကို သိထားတာက သင့်အတွက် အကျိုးမယုတ်ပါဘူး။ စမ်းသပ်နည်းကတော့

နည်းလမ်း (၁)

အိုင်အိုဒင်းဆားနဲ့ စမ်းကြည့်ပါ

Source: vikaspedia

ရေထည့်ထားတဲ့ ခွက်တစ်ခွက်ထဲမှာ အိုင်အိုဒင်းဆားအနည်းငယ်ထည့်ပါ။ ပြီးနောက်ပျားရည် အနည်းငယ်ထည့်ပါ။

ပျားရည်က အပြာရောင်ပြောင်းသွားရင်တော့ ဒါဟာ Corn Starch နဲ့ရောထားတာပါ။

နည်းလမ်း(၂)

ရှာလကာရည်နဲ့စမ်းနည်း

Source: Healthy with honey

ရေနဲ့ပျားရည်ရောထားတဲ့ခွက်ထဲကို ရှာလကာရည်ထပ်ထည့်ပါ။ အမြှုပ်ထလာရင်တော့ ပျားရည်မစစ်ပါဘူး။

နည်းလမ်း (၃)

ရေနဲ့စမ်းသပ်နည်း

Source: Wikihow

ရေတစ်ခွက်ထဲကို ပျားရည်ထည့်လိုက်ပါ။ ပျားရည် မပျော်သွားဘူးဆိုရင် ဒါအစစ်ပါ။ တကယ်လို့ ပျားရည်ပျော်သွားတယ်ဆိုရင် ပျားရည်မစစ်ပါဘူး။

ကဲ နည်းလမ်းတွေသိသွားပြီဆိုတော့ သင့်မိတ်ဆွေတွေပါသိသွားအောင် ဝေမျှသွားပါဦး။

(Unicode Version)

ပျားရည်က ဘတ်တီးရီးယားနဲ့ပိုးမွှားတွေကို ဖယ်ရှားပေးတဲ့အာနိသင်ရှိပါတယ်။ အလှကုန်ပစ္စည်းတော်တော်များများမှာ ပျားရည်က နေရာယူထားပါတယ်။ မိန်းကလေးတွေမျက်နှာပေါငး်တင်ရင်လည်း ပျားရည်က မပါမဖြစ်ပါပဲ။ ပျားရည်က အသားအရေကို စိုပြေစေပါတယ်။ အသက်အရွယ်အိုမင်းရင့်ရော်မှုကိုလည်း နှေးကွေးစေပါတယ်။ ဒါ့အပြင် ဝက်ခြံပျောက်ကင်းစေတဲ့အာနိသင်လည်းရှိပါတယ်။ တကယ်လို့ သင်က ဝက်ခြံပျောက်စေချင်စိတ်နဲ့ ပျားရည်သုံးလိုက်ကာမှ ဝက်ခြံထပ်ထွက်လာတဲ့အဖြစ်မျိုး ကြုံခဲ့ရင်ကော ဘယ်လိုလုပ်မလဲ။ ဒါဆိုရင်တော့ အကြောင်းအရင်းတစ်ခုက ပျားရည်မစစ်လို့ပါ။ ဒီတော့ ပျားရည်စစ်မစစ် စမ်းသပ်နည်းကို သိထားတာက သင့်အတွက် အကျိုးမယုတ်ပါဘူး။ စမ်းသပ်နည်းကတော့

နည်းလမ်း (၁)

အိုင်အိုဒင်းဆားနဲ့ စမ်းကြည့်ပါ

Source: Vikaspedia
ရေထည့်ထားတဲ့ ခွက်တစ်ခွက်ထဲမှာ အိုင်အိုဒင်းဆားအနည်းငယ်ထည့်ပါ။ ပြီးနောက်ပျားရည် အနည်းငယ်ထည့်ပါ။

ပျားရည်က အပြာရောင်ပြောင်းသွားရင်တော့ ဒါဟာ Corn Starch နဲ့ရောထားတာပါ။

နည်းလမ်း(၂)

ရှာလကာရည်နဲ့စမ်းနည်း

Source: Healthy with honey
ရေနဲ့ပျားရည်ရောထားတဲ့ခွက်ထဲကို ရှာလကာရည်ထပ်ထည့်ပါ။ အမြှုပ်ထလာရင်တော့ ပျားရည်မစစ်ပါဘူး။

နည်းလမ်း (၃)

ရေနဲ့စမ်းသပ်နည်း

Source: Wikihow
ရေတစ်ခွက်ထဲကို ပျားရည်ထည့်လိုက်ပါ။ ပျားရည် မပျော်သွားဘူးဆိုရင် ဒါအစစ်ပါ။ တကယ်လို့ ပျားရည်ပျော်သွားတယ်ဆိုရင် ပျားရည်မစစ်ပါဘူး။

ကဲ နည်းလမ်းတွေသိသွားပြီဆိုတော့ သင့်မိတ်ဆွေတွေပါသိသွားအောင် ဝေမျှသွားပါဦး။

By MyStyle Myanmar

The post

အလှအပအတွက် အလွန်အသုံးဝင်တဲ့ ပျားရည်ကို စစ် မစစ်အလွယ်တကူစမ်းသပ်နည်း appeared first on

MyStyle Myanmar .

#ပျားရည်
#ပြား
#အိုင်အိုဒင်း
#ဝက်ခြံ
#ခွက်

Some text some message..