မိဘ
တော်တော်များများလုပ်မိနိုင်တဲ့အမှားတစ်ခုရှိနေပါတယ်။ ဒါကတော့
ကလေး
ကို စကားတစ်ခုခုနားထောင်တိုင်း ကလေးကြိုက်တဲ့ သကြားလုံးတွေ၊ ဂျယ်လီတွေနဲ့ အချိုရည်လိုမျိုး အချိုစာတွေကို ဆုချတတ်ကြတာပါ။ တကယ်ကတော့ ကလေးကို ဒီလို
အချိုစာတွေ
ဆုချမှုကကလေးကိုဘေးဖြစ်စေအောင်ကိုယ်တိုင်လုပ်မိနေတာပါ။ ဒီလိုပြောရတဲ့အကြောင်းက သကြားကအရမ်းများလေလေ ကလေးကို ထိခိုက်နိုင်ခြေကများလာလေလေဖြစ်တာကြောင့်ပါ။
စားတိုင်းကောင်းရဲ့လား............ သကြားကစားတိုင်းမကောင်းတာက အရွယ်သုံးပါးစလုံးမှာပါ။ ကြီးထွားဖွံ့ဖြိုးဖို့ အရှိန်ယူနေတဲ့ ကလေးတွေမှာတော့ ထိခိုက်နိုင်ခြေက ပိုများတာပေါ့။ သကြားကိုအများကြီးစားမိတဲ့အခါ ကလေးမှာရုပ်ပိုင်းဆိုင်ရာရော
စိတ်ပိုင်းဆိုင်ရာ
ပါထိခိုက်မှုတွေရှိလာနိုင်ပါတယ်။ ထိခိုက်မှုတွေအနေနဲ့ကတော့ ကလေးက
သကြားကိုစွဲလမ်းမှုခံစားရမယ်
အဝလွန်
မယ်
အာဟာရချို့တဲ့မယ်
သွားပိုးစား
မယ်
ဆီးချိုရောဂါ
ခံစားရမယ်
ဦးနှောက်ဖွံ့ဖြိုးမှု
ထိခိုက်မယ်
ပုံမှန်ထက် တက်ကြွလွန်နေမယ်
သွေးတိုးရောဂါ
ခံစားရမယ်
နှလုံးရောဂါခံစားရမယ် စတဲ့ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်မှုတွေကို ခံစားရနိုင်ပါတယ်။ ဒါတေ့အပြင် သကြားအများကြီးစားစေတာက ကလေးကို ကိုယ်ခံအားနည်းစေနိုင်ပြီး အူတွင်းကအကျိုးပြုဘက်တီးရီးယားလေးတွေကိုလည်း ထိခိုက်စေနိုင်ပါတယ်။ သကြားအမျိုးအစားတွေက ဘာတွေလဲ...... သကြားက အမျိုးအစားတစ်ခုတည်းရှိတာတော့မဟုတ်ပါဘူး။ ရရှိတဲ့အရင်းအမြစ်ကွာခြားမှုအလိုက် အမည်တွေပြောင်းလဲနေနိုင်ပါတယ်။
- ခန္ဓါကိုယ်ကို အဓိကအားဖြစ်စေတဲ့ အချိုဓါတ်အရင်းအမြစ်ပါ။ သစ်သီးတွေ၊ကောက်နှံတစ်ခုလုံးပါတဲ့ပေါင်မုန့်၊ ပဲအမျိုးမျိုးနဲ့ ဟင်းသီးဟင်းရွက်တွေမှာတွေ့ရများပါတယ်။ Fructose- သစ်သီးတွေကနေရတဲ့ အချိုဓါတ်တစ်မျိုးပါ။ သစ်သီး၊ ပျားရည်၊ ဟင်းသီးဟင်းရွက်တွေနဲ့ အချိုရည်တွေမှာတွေ့ရနိုင်ပါတယ်။ Sucrose- စားပွဲတင်သကြားမျိုးပေါ့။ပြုပြင်ထားတဲ့ သကြားတစ်မျိုးပါ။
ကွံ
ကနေအဓိကရရှိပြီး သစ်သီး၊ဟင်းသီးဟင်းရွက်တွေမှာတွေ့ရနိုင်ပေမယ့်ရေခဲမုန့်၊ဒိန်ချဉ်၊ ကွတ်ကီးတွေ စတဲ့ အချိုစာတွေမှာ အများဆုံးတွေ့ရနိုင်ပါတယ်။ အစားအသောက်တွေထဲမှာ သကြားကဘယ်လိုပုံစံနဲ့ပါဝင်နေလဲ..... တစ်ခါတလေမှာ အချို့အစားအစာတွေက သကြားပါဝင်နေမှန်းတောင်မသိလိုက်ရဘဲ ပါဝင်နေတာမျိုးလည်းရှိနိုင်ပါတယ်။နောက်တစ်ချက်က သကြားပါဝင်မှု (Sugar) လို့တိုက်ရိုက်ရေးထားတာမျိုးမဟုတ်ပါဘူး။ အပေါ်မှာပြောခဲ့တဲ့ အသွင်ကွဲနေတဲ့ပုံစံမျိုးတွေနဲ့လည်းပါဝင်နေနိုင်ပါတယ်။ အစားအစာတိုင်းမှာ သကြားပါဝင်နေပေမယ့် ဒီအစားအစာတွေထဲမှာတော့
သကြားပါဝင်မှု
က ပုံမှန်ထက်ပိုများနေနိုင်ပါတယ်။
ဒိန်ချဉ်
မုယောအားဖြည့်သောက်စရာတွေ
ပီဇာနဲ့တွဲစားတဲ့အချဉ်
မနကျစာစားတဲ့ Cereal
ပြုပြင်ထားတဲ့ သစ်သီးတွေ
ချိစ်
အာဟာရဖြည့်သောက်စရာတွေ
ကိတ်မုန့်
ပေါင်မုန့်အဖြူ
ပူတင်း
ချောကလက်
ဘီစကစ်
ကွတ်ကီး
ရေခဲမုန့်
ဂျယ်လီ
ပျားရည်
သစ်သီးယို တို့မှာပါသကြားပါဝင်မှုက ပိုများပါတယ်။နောက်တစ်ချက်က လူကြီးတွေစားတဲ့ မုန့်တွေထက် ကလေးတွေကြိုက်တဲ့မုန့်တွေမှာ အချိုဓါတ်ပါဝင်မှုက ပိုများနေပါတယ်။ သကြားပါဝင်မှုနည်းတယ်၊ သဘာဝသစ်သီးတွေဟင်းသီးဟင်းရွက်တွေကို အခြေခံပြီးထုတ်ထားတယ်ဆိုရင်တောင်မှ အချိုဓါတ်ပါဝင်မှုကမနည်းပါဘူး။ အစားအသောက်တစ်ခုခုမဝယ်ခင်Labelအညွှန်းကိုအရင်ဖတ် သကြားပါဝင်မှုနည်းတယ်၊
ကျန်းမာရေး
နဲ့ညီညွတ်တယ်ဆိုရင်တောင် အချိုဓါတ်က တော်တော်လေးကို ပါဝင်နေသေးတာပါ။ သဘာဝအချိုဓါတ်အပြင်ဖြည့်စွက်ထားတဲ့ အချိုဓါတ်ကြောင့် အချိုပါဝင်မှုကလိုတာထက်ပိုများနေတာမျိုးကြုံရနိုင်ပါတယ်။ ဒါကြောင့် ကလေးတွေအတွက် အစားအသောက်ရွေးချယ်ပေးတဲ့အခါ အာဟာရတန်ဖိုးကို သေချာလေးစစ်ဆေးတတ်ဖို့လိုပါမယ်။ ဒီတော့ အစားအသောက်တွေကိုရွေးချယ်တဲ့အခါ သကြား (Sugar)ပါဝင်မှု၊ အဆီ (Fat) ပါဝင်မှုကိုကြည့်ဖို့လိုမှာဖြစ်သလို ပရိုတင်းနဲ့
ကာဗိုဟိုက်ဒရိတ်
တို့ပါဝင်မှုကိုလည်း စစ်ကြည့်ဖို့လိုပါမယ်။ ဒီနေရာမှာ အဓိကထားစစ်ရမှာက အဆီ နဲ့ သကြားဓါတ်ပါ။ အဆီနဲ့သကြားပါဝင်မှုမြင့်နေမယ်ဆိုရင် ကလေးကို မကျွေးသင့်ပါဘူး။နောက်ဆုံးသတိထားရမယ့်တစ်ချက်က ကလေးနဲ့ဓါတ်မတည့်တဲ့ပစ္စည်းတစ်ခုခုပါနေလားဆိုတာကိုပါ။ ပထမအဆင့် သတိထားရမယ့်အချက်ဖြစ်တဲ့ သကြား (Sugar) ပါဝင်မှုကိုစစ်ဆေးတဲ့အခါ အပေါ်မှာပြောခဲ့သလိုပဲ Sugar ဆိုတာထက်သူ့ရဲ့ အမျိုးအစားကွဲတွေဖြစ်တဲ့ Sucrose၊ Glucose၊ Fructose ဆိုတဲ့ စကားလုံးတွေကိုပါသတိထားဖို့လိုပါမယ်။ လူတွေက sugar ဆိုတာကိုပဲကြည့်မိတတ်ပြီး Glucose, Sucrose နဲ့ Fructose တို့ကို မသိလိုက်ဘဲဖြစ်တတ်ပါတယ်။ ဒုတိယအဆင့် သတိထားရမယ့်အချက်ဖြစ်တဲ့ အဆီ (Fat) ပါဝင်မှုကို စစ်ဆေးတဲ့အခါ အဆီ (Fat) ပါဝင်မှုကို စစ်ဆေးတဲ့အခါမှာလည်း Coconut oil၊ Palm Oil၊ Animal Oil၊ Animal Fat၊ Vegetable Oil၊ Vegetable Fat ဆိုတဲ့ စကားလုံးတွေကိုပါ သတိထားဖို့လိုပါမယ်။ အသက်အရွယ်အလိုက် သင့်တော်တဲ့သကြားပမာဏ
သကြားဓါတ်
ကလုံးဝမရှိလို့လည်းမဖြစ်တာကြောင့် လိုအပ်တဲ့ ပမာဏလောက်တော့ စားသုံးပေးဖို့လိုမှာပါ။ ဒီတော့အသက်အရွယ်အလိုက် သင့်တင့်တဲ့ ပမာဏဖြစ်စေဖို့အတွက်
အသက် ၄ နှစ် ကနေ ၆ နှစ်အတွင်း တစ်နေ့တာမှာ ၁၉ ဂရမ် (လက်ဖက်ရည်ဇွန်းနဲ့ ၅ ဇွန်းစာ)
အသက် ၇ နှစ်ကနေ ၁၀ နှစ်အတွင်း တစ်နေ့တာမှာ ၂၄ ဂရမ် (လက်ဖက်ရည်ဇွန်း ၆ ဇွန်းစာ)
အသက် ၁၁ နှစ် နဲ့ ၁၁ နှစ်အထက် ကလေးတွေအတွက် တစ်နေ့တာမှာ ၃၀ ဂရမ် ( လက်ဖက်ရည်ဇွန်း ၇ ဇွန်းစာ)လောက်က အဆင်အပြေဆုံးပါ။ အသက် ၂ နှစ်အောက်ကလေးငယ်တွေကိုတော့ သကြားလုံးဝမကျွေးသင့်ပါဘူး။ အသက် ၂ နှစ်မပြည့်ခင်မှာ သဘာဈအချိုဓါတ်တွေကနေပဲ ကလေးကို အင်အားဖြစ်စေတာကအကောင်းဆုံးဖြစ်မှာပါ။ ဒီလိုမှမဟုတ်ဘဲ ၂ နှစ်အောက်ကလေးတွေကို အချို၊ သကြားတွေအများကြီးကျွေးမိမယ်ဆိုရင် ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာကြီးထွားဖွံ့ဖြိုးမှုကို ထိခိုက်စေမှာအမှန်ပါ။ သကြားဓါတ်ဘယ်လောက်ပါတာကိုရွေးမလဲ.......... ဒါကြောင့် အစားအသောက်တွေကို ရွေးချယ်တဲ့အခါ မဖြစ်မနေသတိထားရမှာက သကြားထပ်မစွက်ထားဘဲ သဘာဝအရသာပဲလို့ဆိုရင်တောင်မှ သကြားပါဝင်မှုက တော်တော်လေးများနေနိုင်ဆဲဆိုတာပါ။ ဒါကြောင့် အစားအသောက်ရွေးချယ်ခါနီးတိုင်း သကြားပါဝင်မှုကို စစ်ဆေးတဲ့အခါ ၂၂.၅ ဂရမ်ဆိုရင်က အရမ်းများနေတာကြောင့် စားသုံးဖို့မသင့်တဲ့ အနေအထားပါ။ ၅ ဂရမ်ဆိုရင်တော့ရွေးချယ်သင့်တဲ့အခြေအနေလို့ဆိုရပါမယ်။နောက်ဆုံးအနေနဲ့ သတိထားရမှာက တစ်ထုပ်လုံးမှာပါဝင်နေတဲ့ သကြားပမာဏအပြင် တစ်ခါစားစာမှာပါတဲ့ သကြားပမာဏကိုပါ စစ်ဆေးဖို့လိုအပ်ပါမယ်။ လိုအပ်တဲ့ အချိုပမာဏထက်ပိုမကျွေးမိစေဘဲ ကလေးကို ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အကောင်းဆုံးကြီးထွားဖွံ့ဖြိုးတဲ့ကလေးတစ်ယောက်အဖြစ် ပျိုးထောင်နိုင်ကြပါစေကြောင်း.....
Hello Health Group
သည် ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများမပြုလုပ်ပေးပါ။