ငါးရက်အတွင်း (၁၀) ပေါင်ကျစေမယ့် ပန်းသီးနဲ့ဝိတ်ချနည်း (Apple Diet Plan)
mystylemyanmar.com
|
2019-12-30

[Zawgyi]

ပန်းသီးက ကယ်လိုရီပါဝင်မှုနည်းပါးပြီး အစာစားချင်စိတ်ကို လျှော့ချပေးပါတယ်။ ပန်းသီးအရွယ်အစားပေါ်မူတည်ပြီး ကယ်လိုရီပါဝင်မှုကွဲပြားပါတယ်။ ပန်းသီးမှာ ကယ်ဆီယမ်ဓာတ်၊ သံဓာတ်၊ ပိုတက်စီယမ်၊ ဗီတာမင် အေ၊ ဘီ၊ စီနဲ့ အမျှင်ဓာတ်များစွာပါဝင်ပါတယ်။ ပန်းသီးစားခြင်းက ဝိတ်ကျဖြစ်စဉ်အတွက် အကျိုးပြုရုံသာမက ကျန်းမာရေးနဲ့လည်း ညီညွတ်ပါတယ်။

Source: Stylecraze.com

ငါးရက်စာ ပန်းသီးနဲ့ဝိတ်ချနည်းကတော့ ဒီလိုပါ-

Day 1
မနက်စာ- ပန်းသီး ၂ လုံး
နေ့လည်စာ- ပန်းသီး ၁ လုံး
ညစာ- ပန်းသီး ၃ လုံး

Day 2
မနက်စာ- ပန်းသီးတစ်လုံး၊ ပဲနို့တစ်ခွက်
နေ့လည်စာ- ပန်းသီးတစ်လုံး၊ ထောပတ်သီးနဲ့ အစေ့အဆံ(သီဟိုစေ့၊ ဗာဒံစေ့) ရောထားတဲ့အသုပ်။ အသုပ်ထဲ သံပယိုရည်နဲ့ ပန်းသီးရှာလကာရည်ဆမ်းနိုင်ပါတယ်။
ညစာ- ပန်းသီး

Day 3
မနက်စာ- ပန်းသီးတစ်လုံး၊ Whole Bread တစ်ချပ်၊ ကြက်ရင်အုံတစ်ခြမ်း
နေ့လည်စာ- ပန်းသီးတစ်လုံး၊ ကြက်သားနဲ့ပြုတ်ထားတဲ့ မုန်လာဥနီ ကော်ဖီထုပ် စွပ်ပြုတ်
ညစာ- ပန်းသီး

Day 4
မနက်စာ- ပန်းသီးတစ်လုံး၊ ကြက်ဥပြုတ်တစ်လုံး၊ Whole Bread တစ်ချပ်
နေ့လည်စာ- ပန်းသီးတစ်လုံး၊ အရေခွံဖယ်ထားတဲ့ ကြက်သား၊ အသီးအရွက်အစိမ်း
ညစာ- ပန်းသီး

Day 5
မနက်စာ- ပန်းသီးတစ်လုံး၊ အုတ်ဂျုံနဲ့ ပဲနို့ရောပြီး ပန်းကန်တစ်လုံးထဲ ထည့်စားပါ။
နေ့လည်စာ- ပန်းသီး၊ အဆီနည်းတဲ့ ငါးကင်၊ အသီးအရွက်သုပ် (သံပယိုရည်ဖြန်းပေးပါ)
ညစာ- ပန်းသီး

ညစာပန်းသီးစားတဲ့အချိန် ဗိုက်ဆာသလောက် စားနိုင်ပါတယ်။

ပန်းသီး Diet ရဲ့ အကျိုးကျေးဇူးများ

Source: Well and Living.com

၁။ ပန်းသီးက အရည်ချွမ်းတဲ့ အသီးတစ်မျိုးဖြစ်တာကြောင့် အသားအရေအတွက် ရေဓာတ်ဖြည့်ပေးပါတယ်။

၂။ ဝမ်းချုပ်တတ်သူတွေအတွက် သင့်တော်ပြီး ခန္ဓာကိုယ်ရဲ့ အဆိပ်အတောက်တွေဖယ်ရှားပေးပါတယ်။

ဆိုးကျိုးများ

၁။ ပန်းသီး Diet က ကယ်လိုရီပါဝင်မှုကို တင်းကျပ်စွာကန့်သတ်ထားတာကြောင့် ဗိုက်ဆာပြီး ခေါင်းကိုက်တာတွေ၊ မူးဝေတာတွေဖြစ်နိုင်ပါတယ်။

၂။ ပန်းသီးပဲ စားနေရတာကြောင့် အစာအိပ်အချဉ်ပေါက်တာတွေဖြစ်နိုင်ပါတယ်။

၃။ ငါးရက်စားပြီးနောက် အစာကြမ်းတွေ စားမရတာဖြစ်နိုင်ပါတယ်။

ဒါကြောင့် Apple Diet Plan မလုပ်ခင် သက်ဆိုင်ရာဆရာဝန်နဲ့ တိုင်ပင်ပါ။

[Unicode]

By MyStyle Myanmar

The post

ငါးရက်အတွင်း (၁၀) ပေါင်ကျစေမယ့် ပန်းသီးနဲ့ဝိတ်ချနည်း (Apple Diet Plan) appeared first on

MyStyle Myanmar .

#ပန်းသီး
#ညစာ
#သီး
#နေ့လည်စာ
#မနက်စာ

Some text some message..