
မင်္ဂလာပါ !
မြန်မာပြည်ကနေကလေးအဝတ်လေးတွေဈေးတန်လို့တူမလေးအတွက်ခရစ္စမတ်လက်ဆောင်ပေးဖို့ ဝယ်ရင်းလက်လွန်သွားတာကျွန်တော့အတွက်အင်္ကျီဝယ်ဖို့ပိုက်ဆံမကျန်တော့တဲ့တိုက်ဂါးရဲ့
အရှည်ကြီ
း ကျွန်တော်။
ပေါ့ပေါ့ပါးပါးကလေးများကြိုက်နှစ်သက်သောနေရာကိုရေးပြီးအာရုံခံစားမှုကိုမြှင့်တင်ခဲ့ပါတယ်။
ရန်ကုန်မြို့မှာဈေးဝယ်လို့ကောင်းတဲ့နေရာတစ်ခုကတော့ Junction City လို့ပြောရင်မမှားပါဘူးဗျ။
Junction Cityကိုရောက်ခဲ့တုန်းကခရစ္စမတ်ပုံရိပ်အပြည့်နဲ့ဗျ။ဒီနှစ်မြန်မာနိုင်ငံဆောင်ရာသီကလည်း အေးမြမြလေး ! ဒီလိုချမ်းချမ်းအေးအေးလေးဖြစ်နေချိန်မှာအလိုက်ဖက်ဆုံးစားစရာကတော့
Hot Pot ပဲဖြစ်ပါတယ်နော် !
အဲ့လိုအကြောင်းပြချက်နဲ့ ဒီတခေါက်သွားရောက်ခဲ့တဲ့နေရာက Junction City ၄လွှာမှာရှိတဲ့
Jo Jo Hot Pot ပဲဗျ !
အားလုံးရဲ့ပါးစပ်ဖျားမှာရေပန်းစားအပြောများတဲ့ဆိုင်…ကျွန်တော့ကိုလူကြိုက်များလားစေဖို့အခြေအနေ တစ်ခုဖြစ်လာနိုင်တယ်ဗျ ! မြန်မြန်လေးပဲဝင်ကြည့်ကြည့်ရအောင်ဗျာ !
ဂျပန်မှာတော့အကျွမ်းတဝင်ရှိတဲ့ကာတွန်းဇာတ်ကောင်
Jo Jo
ရဲ့စတိုင်လေးနဲ့စတင်လိုက်မယ်။
ဆိုင်ထဲကိုဝင်လိုက်တာနဲ့လန့်သွားလောက်အောင်! ဆိုင်အတွင်းမှာထိုင်ခုံပြည့်လူတွေ လူတွေ လူတွေ !
ကျွန်တော်ရောက်တဲ့အချိန်ကနေ့လည်(၂)နာရီ။ပုံမှန်စားသောက်ဆိုင်တွေမှာဆိုဧည့်သည်နည်းတဲ့ အချိန် !
ဘယ်သူတွေဘာပဲပြောပြောရေပန်းစားအပြောများနေတဲ့ဆိုင်ဆိုတဲ့အတိုင်း !
ဆိုင်တွင်းရေတံခွန်လှလှလေးလည်းရှိတယ်။
ဒီတခေါက်ကျွန်တော်စားခဲ့တဲ့ မီနူးတွေပါ။
ဘယ်လိုလဲဗျ !
ဒီလောက်ပမာဏအပြင်လှပတဲ့ အပြင်အဆင်။
Jo Jo Hot Pot
ဆိုင်မှာအခြေခံအားဖြင့်သတ်မှတ်ဟင်းပွဲအတိုင်းမှာစားလို့ရတဲ့အတွက်ပထမဆုံးသွား မယ့်သူတွေအတွက်လည်းနားလည်ရလွယ်ကူစေတယ်ဗျ။ ဒါ့အပြင် !
Detox ရေ နဲ့ လီမွန်တီး ကိုစိတ်ကြိုက်သုံးဆောင်နိုင်ဖို့ချပေးထားပါတယ်။
… ဘာကြောင့် လီမွန်တီးတိုက်တာပါလိမ့်? ဟော့ပေါ့နဲ့ချိုချိုရဲရဲလီမွန်တီးဘယ်လိုအပ်စပ်မှာလဲ … လို့တွေးမိနေတဲ့ကျွန်တော်… အဲ့ဒီအချိန်အထိတွေးနေမိတုန်းဗျ …
ဒီတကြိမ်မှာ ၇၅၀၀ကျပ်တန် Set Menu ထဲကတစ်ပွဲမှာစားခဲ့တယ်။ ၇၅၀၀ကျပ်ထဲနဲ့ဗိုက်ပြည့်ပြည့် စား နိုင်မယ့်အပြင်အဆင် !
အရသာရှိမယ့်ပုံပဲ ! ဟင်းပွဲအပြင်အဆင်ကလှမှလှ !
ဒါ့အပြင်ဟင်းရည်တွေက Original ဟင်းရည်ချို၊ တုံယမ်းအရသာ(Tom Yum)၊ မာလာအရသာ၊ ဂျပန်မီဆိုအရသာ (Miso) ၊ ခရမ်းချဉ်ဆိုတဲ့အမျိုးအစား(၅)မျိုးကိုကြိုက်ရာရွေးချယ်နိုင်ပါတယ်။
အခြားစားချင်တဲ့ မီနူးတခုချင်းစီကိုလည်းမှာယူနိုင်ပါတယ်။ ဟင်းသီးဟင်းရွက်တွေကို၂၀၀ ~ ၉၀၀ ကျပ်၊ အသားနှင့်ပင်လယ်စာစတဲ့ မီနူးတွေကိုတော့ ၉၀၀~၃၈၀၀ကျပ်အတွင်းသီးခြားမှာယူ စားသုံး နိုင်ပါတယ်။
အဲ့ဒီဟာတွေအပြင် အသားဖက်ထုပ်ကြော်နဲ့ မီနူးအသစ် ပဲပြားလိပ် တို့ကိုလည်းမှာယူခဲ့ပါတယ်။
Jo Jo Hot Pot
ဆိုင်မှာ ဟော့ပေါ့တစ်ခုထဲမဟုတ်ပါဘူး။
အခြားသော မီနူးတွေလည်းအများကြီးရှိပါသေးတယ်။ ဖက်ထုပ် (၃၅၀၀ကျပ်)၊ ကြက်သားကြော် (၂၀၀၀ကျပ်)၊ မာလာရှမ်းကော (၇၉၀၀ကျပ်) တို့ကိုလည်းရရှိနိုင်တယ်ဗျ !
ဖက်ထုပ်လည်းအရသာရှိတယ် !
ကြက်သားကြော်ကလည်းအစပ်အရသာလေးနဲ့မိုက်မှမိုက် !
ပြီးတော့မာလာရှမ်းကော။ဂျပန်လူမျိုးတွေနဲ့သိပ်မရင်းနှီးတဲ့အရသာဗျနားလည်လွယ်အောင်ပြောပြ ရရင် အရည်မပါအသုပ်အမျိုးအစား ခေါက်ဆွဲလည်းပါတော့ ချဉ်စပ်ဆီချက်အရသာလေးလို့ပြောရမ လား!
ဒါလဲအရသာရှိတာပဲ ! ဒါပေမယ့် စပ်တယ်ဗျာ!
ပမာဏကတော့အမြင်ပဲဗျာ! စပ်စပ်လေးကြိုက်ရင်တော့ စားကြည့်ဖို့တိုက်တွန်းလိုက်ပါတယ်!
ပမာဏများတော့ ၁ပွဲကို ၂ယောက်လောက်စားရင်အတော်ပဲဗျ !
ဒီလိုမြည်းစမ်းနေရင်းနဲ့ စောင့်ဆိုင်းနေတဲ့ ဟော့ပေါ့ကစားဖို့အသင့်အနေအထားကိုရောက်ရှိလာပါပြီ။
မတုံ့မဆိုင်းပဲစားပါတော့မယ် !
ကောင်းလိုက်တာ !မာလာဟင်းရည်အစပ်အရသာနဲ့ပါဝင်ပစ္စည်းတွေပေါင်းစပ်လိုက်တဲ့အရသာကအရမ်းကိုလိုက်ဖက်လွန်းတယ်ဗျာ။
လူကြိုက်များတဲ့အသားဖက်ထုပ်ကြော်ကလည်းရိုးရိုးလေးနဲ့စားလို့ကောင်းလို့တစ်ခုပြီးတစ်ခုစားလိုက်မိတယ်။
နောက်ပြီး မီနူးအသစ် ပဲပြားလိပ် !
ပါဝင်ပစ္စည်းတွေထဲမှာအကြိုက်ဆုံးတစ်ခုပဲလို့ပြောချင်တယ်ဗျ !
ဟင်းရည်အရသာတွေကထည့်ထားတဲ့အသား၊ဟင်းရွက်၊ပဲပြားလိပ်ထဲဝင်သွားတဲ့အခါမှာဘယ်လိုမှ ဖော်မပြနိုင်တဲ့ အရသာ ! လာမြည်းစမ်းကြည့်ပါဗျာ !
ဒီလိုအစပ်အရသာတွေကိုတောက်လျှောက်စားနေတော့ရေဆာလာမှာမလွဲပဲဗျာ။
အဲ့ဒီအချိန်မှာအံ့သြစရာကောင်းတာက ဒီမှာဗျ။
လီမွန်တီး ပါပဲ။
စပ်တဲ့အရသာတွေနဲ့အရမ်းကိုလိုက်ဖက်တယ်။ တစ်ခွက်ပြီးတစ်ခွက်သောက်ခဲ့မိတယ် ! ကျွန်တော် တွေ့ရှိခဲ့တဲ့ရလာဒ်တစ်ခုပဲ !
အရသာရှိရှိစားခဲ့ရပါတယ် ! အရမ်းကိုကျေနပ်တယ်ဗျာ !
ဘာဖြစ်လို့
Jo Jo Hot Pot
ဆိုင်ရဲ့လူကြိုက်များရတဲ့အကြောင်းအရင်းကအရသာရှိတဲ့ဟင်းလျာတွေက အဓိက။
ပြည့်စုံတဲ့မီနူး၊ ကျယ်ဝန်းတဲ့ဆိုင်အပြင်အဆင်၊ မြန်ဆန်တဲ့ဝန်ဆောင်မှု၊ သင့်တင့်တဲ့ဈေးနှုန်း၊
ပြီးတော့ မပါမဖြစ် လီမွန်တီး။
ဒါတွေအားလုံးပြည့်စုံနေတဲ့အတွက်ဧည့်သည်တွေရဲ့စိတ်ကျေနပ်မှုကိုပေးစွမ်းနိုင်တာကိုတွေ့ရှိခဲ့ရတယ်။ ဗဟုသုတတွေအများကြီးရခဲ့ပါတယ်။
ဒီလိုနဲ့အိမ်အပြန် သူငယ်ချင်း
ဖက်တီးနင်ဂျ
ာက ဟော့ပေါ့ပါတီလုပ်ပြီးစောင့်ဆိုင်းနေခဲ့တယ်။ ခံစားချက်တွေရှုပ်ထွေးကုန်ပါပြီ။
ကျေးဇူးအများကြီးတင်ပါတယ်ဗျာ။