သရက်သီး
ချိုချို ၊ ချဉ်ချဉ် နဲ့ ဆို အသီးမှာ သရက် ဆိုတဲ့ အတိုင်း ရာသီပေါ်သီးနှံဖြစ်တဲ့ သရက်သီး ဟာ အစိမ်းရော ၊ အမှည့်ပါ စားသုံးသူ များက နှစ်ချိုက် ကြပါတယ်။ သရက်သီး အစိမ်း ကို စားသုံးမိပါက တချို့သော လူများတွင် ဓာတ်မတည့်သူများ ၊ သန့်ရှင်းရေး အားနည်းပါက အရေပြားယားယံခြင်း ၊ ရောင်ရမ်းခြင်း၊ ဝမ်းပျက်ဝမ်းလျောခြင်း အခြေအနေများခံစားရနိုင်သည်။ အမှည့်မြန်အောင် သုံးသော ဓာတုဆေးများ နှင့် ဆိုးဆေး အန္တရာယ် ကိုလည်း သတိထားပြီး စားသုံးသင့်သော အသီးအနှံ ဖြစ်သည်။ အမှည့် လွန်နေ လည်း နှမြောပီး မစားသင့်ပါဘူးနော်။
ဖရဲသီး
နွေရာသီဓာတ်စာ က တော့ ဖရဲသီး ၊ ဥ နဲ့ တော့ ခေါက် မသောက်မိဖို့ လိုတာပေါ့။
ရေဓာတ်အများဆုံးပါသော အသီး ဖြစ်သည့် ဖရဲသီးသည် အလွန်အကျွံစားသုံးမိပါက ပျို့အန်ခြင်း ၊ ဝမ်းလျောခြင်းများ ဖြစ်တတ်တယ်။ အသက်အရွယ်လိုက် အစာခြေစနစ် ကို ထိခိုက်စေတတ်သည်။
ပိုတက်စီယမ်ကြွယ်၀ ခြင်း ကြောင့် ထို ပိုတက်စီယမ် ကို ချေဖျက်ရန် ကျောက်ကပ် က အလွန်အကျွံ အလုပ်လုပ်ရရင် ကြာတော့ ဘယ်ကောင်းမလဲ လို့။
ငှက်ပျောသီး
သုံးတတ်ရင် ဆေး ၊ မသုံးတတ် ရင် ** ဖြစ်မယ့် ခွန်အားဖြစ်သော အသီးက တော့ ငှက်ပျောသီးပါ။
ပရိုတင်း ဓာတ်ကြွယ်ဝသော ငှက်ပျောသီး တွင် ဗီတာမင်ဓာတ် များစွာပါဝင်ပီး ၊ ဖီးကြမ်း ငှက်ပျောအမျိုးအစား တွင် ပိုမိုပါဝင်သည်။ ငှက်ပျောသီး ကို အမှည့်မြန်စေ ရန် အသုံးပြုသော ဓာတုဆေးဝါးများအသုံးပြုချင်းကြောင့် ပင်မှည့်ကိုသာ ရွေးချယ်သင့်သည်။ ငှက်ပျောသီး ကို အလွန်အကျွံစားသုံးမိပါက ချောင်းဆိုး၊ရင်ကျပ်ဖြစ်ခြင်း ၊ ပျို့အန် ခြင်းများ ဖြစ်တတ်သည်။ ငှက်ပျောသီး ၊ ကြက်ဥ ၊ နွားနို့ ခေါက်သောက် နတ်ပြည် ရောက် Why so good ပဲ။
ပန်းသီး
ပန်းသီးက တော့ တော်တော် အန္တာရယ် ကြီးတဲ့ အသီး ဗျ။ အာဒံ နဲ့ အင်း၀ ခေတ်ထဲက ပန်းသီးစားပီး ဗိုက်ပူလာကြတာ။ ဓာတ်မတည့်လို့ ထင်ပါရဲ့။ အမျှင်ဓာတ် များသော ပန်းသီးတွင် အချို့သော ပန်းသီးနှင့် ဓာတ်မတည့်မှု ဖြစ်ပါက အော့အန်ခြင်း ၊ မူးဝေခြင်းများ ဖြစ်တတ်သည်။ အမျှင်ဓာတ်လွန်ကဲစွာ စားသုံးမိပါက လည်း အစာခြေဖျက်မှု တွင် အခက်အခဲ များ ရှိနိုင်သည်။ ထိုအရာကို ရေများများသောက်ချင်း ဖြင့် ဖြေရှင်းနိုင်သည်။
စပျစ်သီး
စပျစ်သီး ချိုချိုလေးတွေ မြင်ရင် ကြိုက်ကြတဲ့ အချိုကြိုက်လေးတွေ အတွက် သတိထားရမှာက အစေ့စားမိရင် ဗိုက်ထဲက အပင်ပေါက် လာမယ်.ဘာညာပေါ့။ ကိုယ်တွေက တော့ အဲဒါကြောက်လို့ စပျစ်ဆို ဝိုင်ပဲ ။
စပျစ်သီး စားသုံးရာတွင် ဓာတ်မတည့်သူများ အတွက် အော့အန်ခြင်း ဖြစ်စေနိုင်သည်။ အသည်းရောဂါ ဖြစ်နိုင်ခြေကို မြင့်တက်စေသည်။ တချို့သော ဆေးဝါးများ ဥပမာ(ပါရာစီတမော) နှင့် မတည့်သော အသီးအနှံမျိုးဖြစ်သည်။ ကိုယ်ဝန်ဆောင်အမျိုးသမီး များ အထူး ရှောင်ကျဉ်သင့်သော အသီးအနှံ ဖြစ်သည်။
စတော်ဘယ်ရီ
စတော်ဘယ်ရီသည် လူကြိုက် အများဆုံး အသီးအနှံ ဖြစ်သည့် အတွက် သာမာန် ထက် ပိုပြီး အထွက် တိုးအောင် စိုက်ပျိုးလေ့ရှိကြသည်။ စတော်ဘယ်ရီတွင် သကြားဓာတ်များပြားစွာပါဝင်သောကြောင့် အလွန်အကျွံစားသုံးမိပါက ဆီးချို ဖြစ်နိုင်ချေကို မြင့်တက်စေနိုင်သည်။ အထူးသဖြင့် အချိုရည် နှင့် ရေခဲမုန့် စသော အချိုဓာတ်လွန်ကဲသော အရာများ ကို ကျွန်တော် အပါအဝင် လူ အတော်များများက အလွန်အကျွံ စားသုံးမိနေကြ တုန်းပါပဲ။
အစားတလိုင်းနှင့် Resturant Owner တို့အတွက် တစ်ခုတည်းသော မြန်မာနိုင်ငံ၏ Platform (yathar.com)
Yathar applicationdownload link(https://s.yathar.com/apps)
Download Now – https://s.yathar.com/apps
Booking လုပ်နည်း – https://youtu.be/y9Qirlq-6D4?list=PLFWJXDOqROChyclf2UDpC5xnbL1H5569o
Discount Coupon အသုံးပြုနည်း – https://you