ပြောင်းဖူးမွှေးမွှေးလေးနဲ့ အုန်းနို့ ကောက်ညှင်းစီးစီးလေးကို ပေါင်းစပ်ခံစားချင်သူများအတွက် အုန်းနို့ကောက်ညှင်းမွှေး လုပ်နည်းကို တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ
၁။ ကောက်ညင်းဆန် – နို့ဆီ၂ဗူး
၂။ အုန်းနို့ခရမ် စက္ကူဗူးသေး ၁ဗူး
၃။ သကြား ထမင်းစား ၁ ဇွန်း
၄။ ဆား အနည်းငယ်
၅။ အောင်မဲညိုပွင့် အနည်းငယ်
၆။ ပြောင်းဖူး အနည်းငယ်
ပြုလုပ်နည်း
၁။ ကောက်ညင်း ကို ရေ တစ်ည စိမ်ထားပါ။ မနက်ကျရင် ထမင်းအိုးအပေါ်ဆင့် (သို့) ပေါင်းချောင်ရှိရင် ပေါင်းချောင်မှာ ကျက်ခါနီးအနေထိ ပေါင်းပေးပါ။
၂။ ကောက်ညင်းကျက်ပီ ဆိုရင် ဇလုံကြီး၁ခုထဲ ပြောင်းထည့် ပေးပါ။
၃။ ရေနွေးဆန်ချိန် ၁ ခွက်ထဲကို အောင်မဲညိုပန်းခြောက်စိမ်ထားပါ။
၄။ အုန်းနို့၊ သကြား၊ ဆား ထည့်ပါ။ ပြောင်းဖူး အနည်းငယ်ကိုလည်း ခြွေထည့်ပေးပါ။ ပြီးရင် ခုနက ရေနွေးစိမ်ထားတဲ့ အောင်မဲညိုပွင့်ရေကိုလည်း ထည့်ပေးပြီး နယ်ပေးပါ။
၅။ အားလုံးသမပြီဆို…ထမင်းပေါင်းအိုးထဲ ပြန် ပြောင်းထည့်ပြီး ခလုတ်နှိပ်ကာ ပြန်ချက်ပေးပါ။ခလုတ်တက်ရင်..အထက်အောက် ဖွဖွ သမပေးလိုက်ပါ။
ခုဆိုရင်တော့ အရမ်းစားလို့ကောင်းတဲ့ အုန်းနို့ပြောင်းဖူးမွှေးမွှေးလေးနဲ့ အောင်မဲညိုကောက်ညှင်းလေး သုံးဆောင်ကြမယ်နော်။
[ Unicode ]