ထမင်းမြိန်တဲ့ ပုစွန်ဆီမွှေး ပြုလုပ်နည်း
trend.com.mm
|
2020-02-18

မွှေးနေတဲ့ ပုစွန်ဆီလေးနဲ့ ထမင်းပေါ်ပဲ ဆမ်းမလား၊ အသုပ်ပဲ သုပ်မလား၊ ထမင်းနဲ့ပဲ ကြော်စားမလား ဘယ်လိုစားစား အရသာရှိတဲ့ ပုစွန်ဆီမွှေး ပြုလုပ်နည်းကို Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။

ပါဝင်ပစ္စည်းများ

၁။ ပုဇွန်ခေါင်းနှင့် ပုဇွန်အခွံများ – 1500 g
၂။ ဆီ – တစ်ဆယ်သား
၃။ ဆား – လက်ဖက်ရည်ဇွှန်း နှစ်ဇွန်း
၄။ နနွင်းမှုန့် – လက်ဖက်ရည်ဇွန်း တစ်ဝက်သာသာ
၅။ ရေ – သုံးလီတာ

ပြင်ဆင်ပြုလုပ်နည်း

၁။ ပုဇွန်မှ ထွက်လာသော ပုဇွန်အခွံများကို ဇလုံထကျယ်ကျယ်ထဲကို ထည့်ပေးပါ။
ပြီးတာနဲ့ ရေများများထည့်ပြီး အခွံမှာ ကပ်နေသော သဲများကုန်သွားအောင် ၇ခါလောက် ဆေးပေးပါ။
၂။ ပုဇွန်ခေါင်းများကိုလည်း အခွံခွာကာ အထဲမှ အစာအိတ်ကို ဒုတ်ချွန်လေးနဲ့ ထိုးထုတ်ကာ ဖယ်ပေးပါ။
၃။ အားလုံးအဆင်သင့် ဖြစ်တာနဲ့ ပုဇွန်အဆီနှင့် အသားအနည်းငယ်ပါသော ပုဇွန်ခေါင်းများကို အရင်ဆုံး အသားကြိတ်တဲ့ ဘလင်ဒါထဲ ထည့်ပေးကာ အရင်ဆုံး မညက်တညက် ကြိတ်ပေးပါ
ကြိတ်ထားသော ပုဇွန်ကြိတ်ဖတ်များကို ရေအနည်းငယ်နှင့် အရင်ဆုံး ကျင်းပေးပါ။
၄။ အရည်ကျင်းထားသော ပုဇွန်အဖတ်များကို ဇကာစိတ်စိတ်လေးခံကာ လက်အားသန်သန်နှင့် အရည်များကို ညှစ်ချပေးပါ။
၅။ အရည်ညှစ်ချထားသော ပုဇွန်အဖတ်များကို နောက်တခေါက် ညက်နေအောင် ထပ်ပြီး ကြိတ်ပေးပါ
၆။ ဒုတိယ အကြိမ်ကြိတ်ထားသော ပုဇွန်အဖတ်များကို အရည်အနည်းငယ်နှင့် ပထမ နည်းအတိုင်း အရည်ကျင်ကာ အရည်ညှစ်ထားသော အဖတ်များကို ပစ်လိုက်ပါ။
၇။ ဘလင်ဒါနဲ့ ကြိတ်တာဖြစ်တဲ့အတွက် နှစ်ခါလောက်ဘဲ ကြိတ်ပြီး အရည်ယူလိုက်ရင် ရပါပြီ
ပုဇွန်အခွံ ကြိတ်သားများကို အရည်ကျင်ရာမှာ ရေအများကြီး မထည့်ဘဲ ကျင်းပေးပါ။
၈။ ပုဇွန်အခွံ အရည်ကျင်ရာမှာ ရေအများကြီးထည့်ပြီး အရည်ကျင်ပါက ပုဇွန်ဆီချက်ရာမှာ အချိန်ကြာတတ်ပါတယ်။
၉။ အားလုံးအဆင်သင့် ဖြစ်ပါက အရည်ကျင်ထားသော ပုဇွန်ခေါင်းနှင့် ပုဇွန်အခွံ ထောင်းထားသော အရည်များကို အိုးတစ်လုံးထဲထည့်ကာ နနွင်းမှုန့်နှင့် ဆားထည့်ပြီး ကျိုပေးပါ။
၁၀။ ပုဇွန်အရည် ကျိုနေစဉ် အိုးမကပ်စေရန်နှင့် ဝေမကျစေရန် မကြာမကြာ မွှေပေးပါ။
ပုဇွန်အခွံထောင်း အရည်များ ပြစ်လာပြီး အဖတ်လေးတွေ တက်လာပြီ ဆိုတာနဲ့ ဆီထည့်ပြီး မွှေပေးပါ။
၁၁။ ဆီထည့်ပြီးတာနဲ့ ပုဇွန်ဆီများ ဥလာအောင် မီးအနေတော်လောက် လျှော့ကာ တည်ထားပေးပါ
၁၂။ ပုဇွန်ဆီများ ပျစ်လာပြီး ဆီထဲမှာ ပုဇွန်ဆီ အဖတ်များ ဥလာပြီ ဆိုတာနဲ့ ပုဇွန်ဆီ မွှေးမွှေးလေး ရပါပြီ။
၁၃။ ပြီးတာနဲ့ မီးပိတ်ပေးပြီး အအေးခံကာ ဗူးထဲထည့်ပြီး ရေခဲသေတ္တာ ခဲတဲ့အကန့်ထဲမှာ ထည့်ပေးထားပါ။
ပုဇွန်ဆီ မွှေးမွှေးလေးကို ထမင်းကြော်စားရန်သော်၎င်း ထမင်းပူပူလေးနဲ့သော်၎င်း အသုပ်သုပ်စားရာတွင်၎င်း မိမိနှစ်သက်သလောက်ထည့်ပြီး ကြော်လှော် နယ်ဖတ်ကာ စားသုံးရန် ပြင်ပေးနိုင်ပါပြီနော်။

[ Unicode ]

ပုဇွန်ဆီ မွှေးမွှေးလေးကို ထမင်းကြော်စားရန်သော်၎င်း ထမင်းပူပူလေးနဲ့သော်၎င်း အသုပ်သုပ်စားရာတွင်၎င်း မိမိနှစ်သက်သလောက်ထည့်ပြီး ကြော်လှော် နယ်ဖတ်ကာ စားသုံးရန် ပြင်ပေးနိူင်ပါပြီနော်။

Ref; asianfood

#ပုဇွန်
#အဖတ်
#အခွံ
#ဆီ
#အဖ

Some text some message..