ကြက်ပေါင်းအိအိလေးနဲ့ ဘယ်အချိန်စားစား မရိုးနိုင်တဲ့ နာမည်ကြီး ကြက်ဆီထမင်းချက်နည်းကို Trend ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ပါတယ်။ လုပ်စားကြည့်ရအောင်နော်။
ပါဝင်ပစ္စည်းများ ( လူ ၅ ဦးအတွက် )
၁။ ကြက်တကောင် – တစ်ကီလိုခန့်
၂။ ဘာစမာတီဆန် – ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၄ဗူး
၃။ ကြက်အဆီဖတ် – ၅ခုခန့် သို့မဟုတ် ကြက်အရည်ခွံ ၅ခုခန့်
၄။ စပါးလင် – ၈လက်မခန့်
၅။ ကြက်သွန်နီ – ခပ်ကြီးကြီး တစ်လုံး
၆။ ကြက်သွန်ဖြူ – အမွှာကြီးကြီး အမွှာ၂၀ခန့် (အချဉ်စပ်ရန် ကြက်ပြုတ်ရန်နှင့် ဆန်ကို ဆီသတ်ရန် ခွဲသုံးပါ)
၇။ ကြက်သွန်မိတ် – ၃ပင်
၈။ ချင်း – နှစ်လက်မခန့် (အချဉ်စပ်ရန် ကြက်ပြုပ်နှင့် ဆန်ဆီသတ်ရန် ခွဲသုံးပါ )
၉။ နံနံပင် – အနည်းငယ်
၁၀။ ငရုတ်သီးစိမ်း – ၅တောင့်
၁၁။ သံပုရာသီး – တစ်ခြမ်း
၁၂။ ပျားရည် – ထမင်းစားဇွန်း တဝက် (ပျားရည်မရှိက သကြား ထမင်းစားဇွန်း တဇွန်းသုံးပါ)
၁၃။ ပဲငံပြာရည်အကျဲ – ထမင်းစားဇွန်း ၃ဇွန်း
၁၄။ သခွားသီး – အနည်းငယ်
၁၅။ အချိုမှုန့် – လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ (ဟင်းချိုနှင့် ကြက်ပြုတ်တွင်သုံးရန်) ( မထည့်လည်း ရပါတယ်)
၁၆။ ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်းခွဲ ( ကြက်ပြုပ်ထဲ ၂ဇွန်းထည့်ရန်နှင် ပိုတာကို ဟင်းချိုရည်ထဲ ထည့်ရန်)
၁၇။ ရေ – လိုသလောက် သုံးပေးပါ
၁၈။ ကြက်ပြုတ်ရည် – ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၈ဗူး (ထမင်းချက်ရန်)
– ကြက်သားပြုပ်ရန် ပါဝင်ပစ္စည်းများ
ကြက်အကောင်လိုက်မှ မလိုသော ကြက်မွှေးများ ခြေထောက်နှင့် ဗိုက်အတွင်းမှ ကလီစာများထုတ်၍ သန့်စင်အောင် ဆေးပေးထားပါ။
ကြက်သွန်ဖြူ ၄မွှာကို အခွံခွာပြီး ရေဆေးကာ ဓါးပြားရိုက်ပေးထားပါ။
ကြက်သွန်နီကို အခွံခွာပြီး အလုံးလိုက် ရေဆေးကာ လေးခြမ်း စိတ်ထားပါ။
ချင်းခပ်ပါးပါး ၇ပြားခန့်ကို အခွံခွာပြီး ရေစင်အောင်ဆေးပြီး ဓါးပြားရိုက်ထားပါ။
ကြက်သွန်မိတ်ကို တလက်မ အရှည်ခန့်လှီးထားပါ။
စပါးလင်ကို ၂လက်မအရွယ် လေးပိုင်းပိုင်း၍ အနည်းငယ် ထုပေးထားပါ။
ဇောက်နက်သော အိုးတလုံးထဲမှာ ကြက်သား ချင်း ဆား လက်ဖက်ရည်ဇွန်း တဇွန်းခွဲ အချိုမှုန့် လက်ဖက်ရည်ဇွန်း ၂ဇွန်း ကြက်သွန်ဖြူ ၄မွှာ ကြက်သွန်နီ ကြက်သွန်မိတ်တို့နှင့် ရေမြုပ်အောင်ထည့်ကာ ဟင်းရည်များ ဝေမကျစေရန် အဖုံးမဖုံးဘဲ မီးအားကောင်းကောင်းနဲ့ ပြုပ်ပေးပါ။
ဟင်းရည်များ ဆူလာပြီဆိုတာနဲ့ မီးကိုအနေတော်သို့ လျှော့ကာ အဖုံးဖုံးပြီး ပြုပ်ပေးပါ။
တဖက်ကို မိနစ်၂၀ခန့်ပြုပ်ပေးပြီး နောက်တဖက်ကို အရည်ခွံများ လန်မထွက်စေရန် အသာလှန်ပေးပြီး မိနစ်၂၀ခန့် ဆက်ပြုပ်ပေးပါ။
မိနစ်၄၀ခန့် ပြုပ်ပေးပြီးတာနဲ့ အအေးခံပြီး မိမိနှစ်သက်သည့်ပုံစံ ခုတ်ပေးထားပါ။
– ထမင်းချက်ရန် ပြင်ဆင်ပုံ
ဆန်ကို ရေဆေးပြီး စစ်ထားပါ။
ချင်း လက်တဆစ်လောက်ကို အခွံခွာပြီး ထောင်းထားပါ။
ကြက်သွန်ဖြူ ၄မွှာကို အခွံခွာပြီး ထောင်းထားပါ။
ဆား အနည်းငယ်ကို ပြင်ထားပါ။
ကြက်အဆီဖတ်ကို ရေဆေးထားပါ။
ဆီ ထမင်းစားဇွန်း ၂ဇွန်း
ဒယ်အိုးတလုံးကို အပူပေးပါ။
ပူလာတာနဲ့ ဆီ ကြက်ဆီဖတ် ကြက်သွန်ဖြူ ချင်းတို့ကို ထည့်ပြီးကြော်ပေးပါ။
ကြက်ဆီဖတ်များ ပျော်လာပြီး ကြက်သွန်ဖြူနှင့် ချင်းတို့မွှေးလာပါက မပျော်သေးတဲ့ ကြက်ဆီဖတ်များကို ဖယ်ပေးပြီး လွှင့်ပလိုက်ပါ။
ပြီးတာနဲ့ ရေဆေးပြီး စစ်ထားသော ဆန်ကို ထည့်ကြော်ပေးပါ။
၂မိနစ်လောက် ကြော်ပေးပြီး ဆန်သားကြည်လာတာနဲ့ ကြော်ထားသောဆန်နှင့် ကြက်ပြုပ်ရည်ကို ထမင်းပေါင်းအိုး ဆန်ချင်ဗူး ၈ဗူးထည့်ပြီး ချက်ပေးပါ။
သုံးသော ဆန်အနေအထားပေါ် မူတည်ပြီး ရေကိုထည့်ပါ။
ဆန်ပျော့ကို ချက်ပါက ပုံမှန်အတိုင်း ရေကိုထည့်ပြီး ဆန်မာကိုသုံးပါက ရေပိုထည့်ပါ။
ဆန်အမာ သုံးထားသည့်အတွက် ရေကိုပိုသုံးထားပါတယ်။
ထမင်းအိုး ရေဆူလာပါက အထက်အောက် သမအောင် နှစ်ချက် သုံးချက်လောက် မွှေပေးပါ။
ထမင်းအိုး ခလုပ်တက်ပါက ကြက်ဆီထမင်း ကျက်ပါပြီ။
ထမင်းနှင့် တွဲစားရန် သခွားသီးကို လှီးပေးထားပါ။
– ကြက်ဆီထမင်းနှင့် တွဲစားရန် sauce စပ်ရန်
ချင်း လက်တဆစ်ခန့်ကို ညက်နေအောင် ထောင်းထားပါ။
ငရုတ်သီးစိမ်းကို ညက်နေအောင် ထောင်းထားပါ။
ကြက်သွန်ဖြူကို မညက်တညက် ထောင်းထားပါ။
နံနံပင်ကို မညက်တညက် ထောင်းထားပါ။
ပဲငံပြာရည် သံပုရာရည် ပျားရည်တို့ကိုပြင်ထားပါ။
ပျားရည် သို့မဟုတ် သကြားကို ပြင်ထားပါ။
ရေနွေး အအေးခံပြီးသား ထမင်းစားဇွန်း ၃ဇွန်းကို ပြင်ပေးထားပါ။
ဇလုံထဲမှာ ပါဝင်ပစ္စည်းများ အကုန်ထည့်ပြီး ဖျော်ပေးပါ။
( ငရုတ်ဆော့စ်နဲ့ တွဲဖက်စားလည်း ရပါတယ် )
– ဟင်းချိုရည်ချက်ရန်
ကြက်ဆီထမင်း ချက်ရာတွင် ပိုနေသော ကြက်ရိုးများကို ရေသင့်ရုံထည့်ပြီး ဆားနှင့်အချိုမှုန့်ထည့်ကာ ရေဆူအောင် တည်ပေးပါ။
ရေပွက်ပွက်ဆူလာပါက အရသာမြည်းပြီး ကြက်သွန်မိတ်နှင့် ငရုတ်ကောင်းကို အနည်းငယ် ခပ်ပေးပါ။
အခုဆိုရင်တော့ အရသာရှိတဲ့ ကြက်ဆီထမင်းပေါင်းကို မိသားစု၊ အပေါင်းအသင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး စားလို့ရပြီပေါ့။
[ Unicode ]

Ref; asianfood